Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 5:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သို့​ရာ​တွင်​သင်​တို့​သည်​အ​ချိန်​အ​နည်း​ငယ်​မျှ ယင်း​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ပြီး​နောက်​ကျေး​ဇူး တော်​အ​ပေါင်း​၏​အ​ရှင်၊ သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက် ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​တော်​ကို​ဝင်​စား​ခွင့်​ပေး​ရန်​ဖိတ် ခေါ်​တော်​မူ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​သင်​တို့​အား​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ပြု ပြင်​ပေး​တော်​မူ​၍ သင်​တို့​အား​ခိုင်​ခံ့​စေ​တော်​မူ ပြီး​လျှင်​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​လျက်​ကြံ့​ခိုင် စွာ​ရပ်​တည်​စေ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သင်​တို့​ကို မိမိ​၏​ထာဝရ​ဘုန်း​အသရေ​တော်​ထဲသို့ ခရစ်တော်​ယေရှု​အားဖြင့် ခေါ်ယူ​တော်မူ​သော​အရှင်၊ ကျေးဇူး​တော်​အပေါင်း​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​ကိုယ်တော်​တိုင်​သည် ဒုက္ခ​ဝေဒနာ​ခေတ္တ​ခဏ​ခံစား​ပြီး​သော​သင်​တို့​ကို စုံလင်​စေ​၍ ခွန်အား​နှင့်​ပြည့်စုံ​စေ​ကာ တည်ကြည်​ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 5:10
39 ပူးပေါင်းရင်းမြစ်များ  

သို့သော် သင်​၏​ယုံကြည်ခြင်း​မပျက်သုဉ်း​စေရန် သင့်​အတွက် ငါ​ဆုတောင်းပြီ။ သင်​သည် အသိတရား​ပြန်​ဝင်​သောအခါ သင်​၏​ညီအစ်ကိုများ​အား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​ကို ပေးသနားတော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ အလိုတော်​နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်း​ရှိသော စိတ်သဘောထား​ကို သင်တို့​အား ပေးသနားတော်မူပါစေ။


ကျွန်ုပ်​ဟောသော သတင်းကောင်း​၌​ဆိုထားသည့်​အတိုင်း သင်တို့​အား ခိုင်ခံ့မြဲမြံ​စေနိုင်တော်မူသော ဘုရားသခင်​သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှု​ခရစ်တော်​အကြောင်း​ဖြစ်သော ဤ​သတင်းကောင်း​က ကာလ​ကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်တော်​ကို လူမျိုးခြား​ဖြစ်သော သင်တို့​အား ဖော်ပြပေး၏။


သို့သော် ထို​သား​နှစ်ဦး မမွေး​မီ​နှင့် ထို​သား​နှစ်ဦး အဆိုး​အကောင်း​တို့​ကို မပြု​မီ​ကပင် ဘုရားသခင်​သည် ရေဗက္က​အား “သင်​၏ သားကြီး​သည် သားငယ်​ထံ၌ အစေခံ​လိမ့်မည်” ဟု မိန့်တော်မူခဲ့၏။ ဤ​စကားတော်​ကို ထောက်​၍ ဘုရားသခင်​သည် မိမိ​အကြံအစည်တော်​အတိုင်း လူများ​ကို ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့​သိရ၏။ ထိုသို့ ရွေးချယ်ရာ​တွင် ဘုရားသခင်​သည် လူတို့​၏ အကျင့်သီလ​အဆိုး​အကောင်း​အပေါ် မူတည်​၍ ရွေးချယ်တော်မမူပေ။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဂျူးလူမျိုးများ​ထဲမှ​သာမက လူမျိုးခြားများ​ထဲမှ​လည်း ရွေးကောက်ထားတော်မူ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း စည်းလုံးကြ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။ သဘောထား​မကွဲလွဲကြနှင့်။ တူညီသော​စိတ်၊ တူညီသော​ရည်ရွယ်ချက်တို့​ဖြင့် စည်းလုံးကြလော့။


သင်တို့​အား မိမိ​၏​သားတော်၊ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​နှင့် မိတ်သဟာယဖွဲ့​ပေါင်းဖော်​စေရန် ရွေးကောက်တော်မူသော ဘုရားသခင်​သည် သစ္စာရှိတော်မူ၏။


နိဂုံးချုပ်​စကား​ဆိုရ​လျှင် ညီအစ်ကို​မောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် အခွင့်ပေးကြလော့။ ကျွန်ုပ်​၏ နှိုးဆော်ချက်​ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်း​ရှိ​လျက် သင့်မြတ်​စွာ​နေကြလော့။ မေတ္တာတရား​နှင့် ငြိမ်းချမ်းခြင်း​တို့​၏ အရှင်​ဖြစ်တော်မူသော ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့ ခဏတာ​ခံရသည့် ပေါ့ပါးသော​ဆင်းရဲဒုက္ခ​သည် ကျွန်ုပ်တို့​အတွက် အလွန်​ထူးမြတ်သော ထာဝရ​ဘုန်းအသရေ​ကို ဖြစ်ပွားစေ၏။


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ခရစ်တော်​အားဖြင့် ထို​အခြေအနေ​အားလုံး​ကို ကျွန်ုပ်​ရင်ဆိုင်​နိုင်၏။


ကိုယ်တော်​ထံ၌ အမြစ်တွယ်​၍ တည်ဆောက်​ကာ သင်တို့​သင်ယူခဲ့ရသည့်​အတိုင်း ခိုင်မြဲ​စွာ ယုံကြည်​လျက် ကျေးဇူးတော်​ကို အလွန်​ချီးမွမ်းကြလော့။


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


ထိုသို့ ကယ်တင်ခံရ​ရန် ဘုရားသခင်​သည် ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​ဖြင့် သင်တို့​ကို ခေါ်တော်မူ၏။ ဤသို့​ခေါ်ခြင်း​သည် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ဘုန်းအသရေ​ကို သင်တို့​ခံစားရရှိ​နိုင်ရန် ဖြစ်၏။


သင်တို့​ကို နှစ်သိမ့်တော်မူ​ပြီး ကောင်းသော​အမှု​နှင့် ကောင်းသော​စကားတို့​ကို သင်တို့​ပြုမူ​ပြောဆို​ရန် ခွန်အားပေးတော်မူပါစေသော။


သို့ရာတွင် သခင်ဘုရား​သည် သစ္စာရှိသော​အရှင် ဖြစ်တော်မူသည်​နှင့်အညီ သင်တို့​ကို ကြံ့ခိုင်စေ​၍ မာရ်နတ်​ထံက ကာကွယ်ပေးတော်မူ​လိမ့်မည်။


ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ကယ်တင်တော်မူ​ပြီး သန့်ရှင်းသော​ဘဝ​၌ အသက်ရှင်​နေထိုင်​ရန် ခေါ်ယူတော်မူသည်​မှာ ကျွန်ုပ်တို့​၏ လုပ်ဆောင်မှု​ကြောင့် မဟုတ်ဘဲ ကိုယ်တော်​၏ အကြံအစည်တော်​နှင့် ကျေးဇူးတော်​ကြောင့် ဖြစ်၏။ ကိုယ်တော်​သည် ရှေးယခင်​မတိုင်မီ​ကပင် ယေရှု​ခရစ်တော်​အားဖြင့် ထို​ကျေးဇူးတော်​ကို ကျွန်ုပ်တို့​အား ပေးသနားတော်မူ၏။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


ဤသို့ဖြင့် ရွေးချယ်ခြင်း​ခံရသူများ​သည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရ​အမွေကို ရရှိ​နိုင်ရန် ခရစ်တော်​သည် ပဋိညာဉ်သစ်​၏ ကြားဝင်​စေ့စပ်သူ​ဖြစ်တော်မူ၏။ အကြောင်း​မှာ ခရစ်တော်​သည် ထို​ပထမ​ပဋိညာဉ်​အောက်​တွင် လူတို့​ကျူးလွန်ခဲ့သော အပြစ်များ​ကို လွတ်မြောက်​စေရန် အသေခံတော်မူခဲ့​သောကြောင့်​ဖြစ်၏။


သင်တို့​ကို ခေါ်တော်မူသော​အရှင်​သည် သန့်ရှင်းတော်မူသည်​နည်းတူ သင်တို့​သည်လည်း အရာရာ​ကို ကျင့်ကြံ​ပြုမူရာ​၌ သန့်ရှင်းကြလော့။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင်​ထံမှ ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်း​အဖြစ် ထို​ဆုကျေးဇူးတို့​ကို အသုံးပြု​၍ အချင်းချင်း ကူညီ​ဆောင်ရွက်ကြလော့။


ဟောပြောသောသူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတိုင်း ဟောပြော​ရမည်။ အစေခံသောသူ​သည် ဘုရားသခင်​ပေးတော်မူသော ခွန်အား​ရှိသည့်​အတိုင်း အစေခံ​ရမည်။ ဤသည်​မှာ ပြုလေသမျှတို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​ဘုန်းတော်​ထင်ရှား​ရန်​ဖြစ်၏။ ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ပြည့်စုံတော်မူ၏။ အာမင်။


အသက်ရှင်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်း​တို့​နှင့် ဆိုင်သည့် လိုအပ်သမျှ​အရာ​အားလုံး​ကို ကိုယ်တော်​သည် မိမိ​၏​ဘုရား​တန်ခိုးတော်​ဖြင့် ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​ကို ခံစား​စေရန် ကျွန်ုပ်တို့​အား ရွေးကောက်တော်မူသော​အရှင်​ကို သိခြင်း​အားဖြင့် ဤ​အရာ​အားလုံး​ကို ကျွန်ုပ်တို့​လက်ခံရရှိကြ၏။


ဤသည်​မှာ ကျွန်ုပ်တို့​အား ခရစ်တော်​ကတိပြုတော်မူသည့် ထာဝရ​အသက်​ဖြစ်၏။


သင်တို့​အား အပြစ်နွံ​ထဲသို့ လဲကျခြင်း​မှ ကင်းဝေးစေနိုင်ပြီး အပြစ်​ကင်းစင်​လျက် ရွှင်လန်း​ဝမ်းမြောက်သော​စိတ်​နှင့် မိမိ​ဘုန်းအသရေတော်​ရှေ့သို့ ဝင်ရောက်စေနိုင်သည့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ