Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဖက် 4:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သူတို့​၏​တာဝန်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်​ကို တည်ဆောက်​နိုင်ရန်​အတွက် ယုံကြည်သူတို့​ကို အမှုတော်လုပ်ငန်း​အတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​တည်​ဆောက်​ခြင်း​အ​လို့​ငှာ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​အ​ပေါင်း​အား​အ​မှု​တော်​ဆောင် ရွက်​ခြင်း​အ​တွက်​အ​သင့်​ပြင်​ဆင်​ပေး​ရန်​ပင်​ဖြစ် ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ခြင်း​အ​လို​ငှာ၊ ထို​သ​ခင်​သည် လူ​အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို သာ​သ​နာ​ပြု​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ၊ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12-13 ဤသည်ကား ငါ​တို့​အားလုံး​သည် ယုံကြည်​ခြင်း​နှင့် ဘုရားသခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​လျက် စုံလင်​ရင့်ကျက်​သော​သူ​ဖြစ်​ကာ ခရစ်တော်​၏​ပြည့်စုံ​ခြင်း​အတိုင်းအတာ​ပမာဏ​သို့​ရောက်​သည့်​တိုင်အောင် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို​တည်ဆောက်​သဖြင့် အမှု​တော်​လုပ်ငန်း​အတွက် သန့်ရှင်း​သူ​တို့​ကို ပြင်ဆင်​ထား​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 4:12
45 ပူးပေါင်းရင်းမြစ်များ  

ဦးခေါင်း ဖြစ်သော ကိုယ်တော်​သည် ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အပိုအလို​မရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီတို့​သည် ကိုယ်ပိုင် တာဝန်​အသီးသီး​ကို လုပ်ဆောင်သည်​နှင့်အမျှ ကိုယ်ခန္ဓာ​သည် ချစ်ခြင်းမေတ္တာ​ဖြင့် တည်ဆောက်​၍ ကြီးပွားတတ်၏။


သင်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်ကြပြီး သင်တို့​တစ်ဦးချင်း​သည် အင်္ဂါ​အစိတ်အပိုင်းများ​ဖြစ်ကြ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ကောင်းခြင်း​နှင့် ပြည့်စုံ​၍ အသိပညာ​ကြွယ်​သဖြင့် အချင်းချင်း ပဲ့ပြင်​သွန်သင်​နိုင်စွမ်း​ရှိသည်​ကို ကျွန်ုပ် အပြည့်အဝ​ယုံကြည်၏။


သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​ကို ယုံကြည်​ထိုက်သူ​ဟု မှတ်ယူ​ကာ အမှုတော်​ကို ဆောင်ရွက်​ရန် ခန့်အပ်ထား​သောကြောင့် ထို​သခင်​ကို ကျွန်ုပ်​ကျေးဇူးတင်၏။


သို့ဖြစ်၍ သင်တို့​သည်လည်း ဝိညာဉ်​ဆုကျေးဇူးများ​ကို ရ​ရန် စိတ်အားထက်သန်သည့်​အလျောက် အသင်းတော်​ကို တည်ဆောက်​ရာတွင် အကျိုးပြုမည့် ဆုကျေးဇူးများ​ကိုသာ ရ​ရန် ကြိုးစားကြလော့။


သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်​သက်ဆိုင်သော အခြေခံ​သွန်သင်ချက်များ​ကို ထားရစ်​ကာ ရင့်ကျက်ခြင်း​သို့ တက်လှမ်းကြစို့။ သေခြင်း​သို့ ပို့ဆောင်ပေးသော​အကျင့်​အတွက် နောင်တရခြင်း၊ ဘုရားသခင်​ကို​ယုံကြည်ခြင်း၊


အမှုတော်​လုပ်ငန်း​တွင် အပြစ်တင်စရာ​အကြောင်း တစ်စုံတစ်ခု​မျှ မရှိ​စေရန် ကျွန်ုပ်တို့​သည် သူတစ်ပါး​ရှေ့​၌ ထိမိ​၍ လဲစရာ​မဖြစ်စေကြ။


ဤ​အရာ​အားလုံး​သည် ဘုရားသခင်​ပြုသော​အမှု​ဖြစ်၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်စေတော်မူ​ပြီးလျှင် အခြား​သူတို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေရန်​အတွက် ဆောင်ရွက်ရမည့်​တာဝန်​ကိုလည်း ကျွန်ုပ်တို့​အား ပေးတော်မူ၏။


သို့သော် သင်​၏​ယုံကြည်ခြင်း​မပျက်သုဉ်း​စေရန် သင့်​အတွက် ငါ​ဆုတောင်းပြီ။ သင်​သည် အသိတရား​ပြန်​ဝင်​သောအခါ သင်​၏​ညီအစ်ကိုများ​အား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။


သို့သော်လည်း သင်​သည် အရာရာ​၌ သတိရှိလော့။ ဆင်းရဲဒုက္ခ​ကို သည်းခံ​၍ သတင်းကောင်း​ဟောပြောသူ​တစ်ဦး ဆောင်ရွက်ရမည့် အမှု​ကို ပြု​လျက် အမှုတော်​ကို အပြည့်အဝ​ဆောင်ရွက်လော့။


“သခင်ဘုရား ပေးအပ်တော်မူသော အမှုတော်​ကို ပြီးစီးအောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပု​ကို ပြောကြလော့။


ကျွန်ုပ်တို့​သည် လူတိုင်း​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​၍ ရင့်ကျက်သောသူများ​အဖြစ် ဘုရားသခင်​ထံ ဆက်သ​နိုင်ရန် လူတိုင်း​ကို သတိပေး​ဆုံးမ​ကာ ရှိသမျှသော​ဉာဏ်ပညာ​ဖြင့် လူတိုင်း​ကို သွန်သင်​လျက် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


ထို​အသင်းတော်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဖြစ်၏။ အရာ​အားလုံး​ကို နည်း​မျိုးစုံ​ဖြင့် ဖြည့်ဆည်းပေး​တော်မူသော ခရစ်တော်​သည် ထို​အသင်းတော်​ကို ပြည့်စုံစေတော်မူ၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၌ ဘုရားသခင်​ပေးတော်မူသော အထက်ပါ​ကတိတော်များ​ရှိ​သောကြောင့် ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​ကို ညစ်ညမ်းစေသော​အရာတို့​မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ​၍ ဘုရားသခင်​ကို ရိုသေသော​အားဖြင့် လုံးဝ​သန့်ရှင်းစေကြစို့။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ကရုဏာတော်​ကို ခံစားရသည်​နှင့်အညီ ဤ​အမှုတော်​ကို ဆောင်ရွက်ရ​သောကြောင့် စိတ်ပျက်​အားလျော့ခြင်း​မရှိကြပေ။


အသက်​ကို ရှင်စေသည့်​သန့်ရှင်းသော​ဝိညာဉ်တော်​၏ တရား​သည် မည်မျှ​ပို၍ ဘုန်းအသရေ​နှင့် ပြည့်စုံ​လိမ့်မည်နည်း။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အခြား​ဘာသာစကား​အားဖြင့် ဆုတောင်း​လျှင် ကျွန်ုပ်​၏ စိတ်ဝိညာဉ်​သည် ဆုတောင်းနေ​သော်လည်း ကျွန်ုပ်​၏ အသိဉာဏ်​အတွက် အကျိုး​မရှိ။


ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​သောအခါ ခရစ်တော်​၏ ကောင်းချီး​မင်္ဂလာ အပြည့်​နှင့် ရောက်လာမည်​ကို ကျွန်ုပ်​သိ၏။


ကျွန်ုပ်တို့​တစ်ဦးစီ​သည် ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို တည်ဆောက်​ပျိုးထောင်​ရာတွင် သူ​၏​အကျိုး​ကို ထောက်​၍ သူ့​ကို စိတ်ကျေနပ်စေ​ရမည်။


အမှုတော်​ဆောင်ရွက်ခြင်း​ဖြစ်လျှင် အမှုတော်​ကို ကောင်းစွာ ဆောင်ရွက်ကြရမည်။ သွန်သင်ခြင်း​ဖြစ်လျှင် ကောင်းစွာ သွန်သင်ကြရမည်။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူးတော်​နှင့်​ဆိုင်သည့် သတင်းကောင်း​ကို သက်သေခံ​ရန်​အတွက် သခင်​ယေရှု​ထံမှ လက်ခံရရှိ​သည့် အလုပ်​တာဝန်​နှင့် အမှုတော်​ကို ပြီးစီးနိုင်မည်​ဆိုလျှင် ကျွန်ုပ်​သည် မိမိ​အသက်​ကိုပင် မနှမြောပါ။


ဗာနဗ​ရောက်လာပြီး ဘုရားသခင်​၏​ကျေးဇူးတော်​ကို မြင်တွေ့ရ​သောအခါ ဝမ်းမြောက်​ပျော်ရွှင်​၍ ထို​သူတို့​အားလုံး​ကို ခိုင်မြဲသော​စိတ်နှလုံး​ဖြင့် ယေရှု​ခရစ်တော်​အား ဆက်လက်​ဆည်းကပ်​ရန် တိုက်တွန်းလေ၏။


ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​၌ အသင်းတော်​သည် ငြိမ်းချမ်း​၍ တည်တံ့ခိုင်မြဲ​လာ၏။ သခင်ဘုရား​ကို ကြောက်ရွံ့ခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​နှစ်သိမ့်အားပေးခြင်း​တို့​ဖြင့် ရှင်သန်​၍ အသင်းသား​အရေအတွက်​သည်လည်း တိုးပွားလာ၏။


ယုဒ​သည် ငါတို့​အဖွဲ့ဝင်​ဖြစ်​၍ ဤ​သာသနာ​လုပ်ငန်း​အတွက် ခန့်အပ်ခံရသူ​လည်း ဖြစ်၏။


လုကာ​တစ်ဦးတည်း​သာ ကျွန်ုပ်​နှင့်အတူ​ရှိ၏။ မာကု​ကို သင်​နှင့်အတူ ခေါ်ခဲ့လော့။ အမှုတော်​ဆောင်ရွက်​ရာတွင် သူ​သည် ကျွန်ုပ်​အတွက် အသုံးဝင်သူ​ဖြစ်၏။


သင်တို့​၏ နှုတ်​မှ ဆိုးညစ်သော​စကား တစ်ခွန်း​ကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့​အတွက် အကျိုးရှိ​စေရန် အချိန်အခါ​ကို ကြည့်​၍ ကောင်းသော​စကား​ကို အပြုသဘော​နှင့် ပြောကြလော့။


သင်တို့​ကို ဘုရားသခင် ရွေးချယ်တော်မူ​သောအခါ တစ်ပါးတည်းသော မျှော်လင့်ချက်​အတွက် ရွေးချယ်တော်မူ​သကဲ့သို့ ကိုယ်ခန္ဓာ​တစ်ပါးတည်း၊ ဝိညာဉ်တော်​တစ်ပါးတည်း ရှိ၏။


ကျွန်ုပ်တို့​အားနည်း​နေ​လျှင်ပင် သင်တို့​အားကြီး​ပါက ကျွန်ုပ်တို့​ဝမ်းမြောက်၏။ ကျွန်ုပ်တို့​ဆုတောင်းသည်​မှာ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် ဖြစ်၏။


အများ​ကောင်းကျိုး​ဖြစ်​စေရန် ဝိညာဉ်​ဆုကျေးဇူး​ကို ကျွန်ုပ်တို့ တစ်ဦးစီ​တိုင်း​အား ပေးတော်မူ၏။


ထိုကဲ့သို့​ပင် များပြားလှသော ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း ဖြစ်​၍ အချင်းချင်း ဆက်စပ်​လျက်​ရှိသော အင်္ဂါ​အစိတ်အပိုင်းများ ဖြစ်ကြ၏။


နိဂုံးချုပ်​စကား​ဆိုရ​လျှင် ညီအစ်ကို​မောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် အခွင့်ပေးကြလော့။ ကျွန်ုပ်​၏ နှိုးဆော်ချက်​ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်း​ရှိ​လျက် သင့်မြတ်​စွာ​နေကြလော့။ မေတ္တာတရား​နှင့် ငြိမ်းချမ်းခြင်း​တို့​၏ အရှင်​ဖြစ်တော်မူသော ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ