Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 2:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 သို့သော်လည်း ကျွန်ုပ်တို့​သည် ရင့်ကျက်သောသူများ​အကြား​တွင်မူ ပညာ​စကား​ကို ပြောဆိုကြ၏။ ထို​ပညာ​စကား​သည် လောကီ​ပညာ​စကား​မဟုတ်။ ပျက်စီး​ပျောက်ကွယ်မည့် လောကီ​အစိုးရမင်းတို့​၏ ပညာ​စကား​လည်း​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​သော်​လည်း​ငါ​သည်​ဉာဏ်​ပညာ​နှင့်​ယှဉ်​သော စ​ကား​ကို​ဝိ​ညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​အား ပြော​ဆို​ပါ​၏။ သို့​ရာ​တွင်​ထို​ဉာဏ်​ပညာ​ကား ဤ​လော​က​နှင့်​မ​သက်​ဆိုင်။ လော​ကီ​မင်း​များ နှင့်​လည်း​မ​သက်​ဆိုင်။ လော​ကီ​မင်း​တို့​၏ တန်​ခိုး​အာ​ဏာ​ကား​လျော့​နည်း​လျက်​နေ ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သို့ ရာ တွင် စုံ လင် ရာ ရောက် သူ တို့ ဘောင်၌ ဉာဏ် ပ ညာ ယှဉ် သော စ ကား ကို ငါ တို့ ပြော ဆို တတ်၏။ ထို သို့ ဆို သော် ယ ခု ကာ လ ဉာဏ် ပ ညာ မ ဟုတ်။ ပ ပျောက် ဆဲ ဖြစ် သော ယ ခု ကာ လ မင်း တို့၏ ဉာဏ် ပ ညာ လည်း မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သို့​သော်​လည်း၊ စုံ​လင်​သော​သူ​တို့​အား ငါ​တို့​သည် ပ​ညာ​စ​ကား​ကို ဟော​ပြော၏။ ထို​သို့​ဆို​သော်၊ လော​ကီ​ပ​ညာ​ကို မ​ဆို​လို။ ပြယ်​ပျောက်​တတ်​သော လော​ကီ​မင်း​တို့၏ ပ​ညာ​ကို​မ​ဆို​လို။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သို့ရာတွင် ငါ​တို့​သည် စုံလင်​ရင့်ကျက်​သော​သူ​တို့​အထဲ၌ ဉာဏ်ပညာ​စကား​ကို​ပြောဆို​ကြ​၏။ ထိုသို့ဆိုသော် ၎င်း​သည် ဤ​လောက​၏​ဉာဏ်ပညာ​မ​ဟုတ်။ ပယ်ဖျက်​ခြင်း​ခံရ​တော့​မည့် ဤ​လောက​ကို​အုပ်ချုပ်​သူ​တို့​၏​ဉာဏ်ပညာ​လည်း​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 2:6
36 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။


ယေရှု​က “သင်​သည် ပြည့်စုံ​လို​ပါက သွား​၍ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည် ပြီးပြည့်စုံတော်မူ​သကဲ့သို့ သင်တို့​သည်လည်း ပြီးပြည့်စုံသော​သူများ ဖြစ်ကြလော့။


ထိုအခါ သူဌေး​သည် မရိုးသားသော​စီမံခန့်ခွဲသူ​၏​ပါးနပ်သည့်​လုပ်ရပ်များ​ကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့​သည် မိမိတို့​၏​လောကီရေးရာ​ကို လုပ်ဆောင်ရာ​တွင် အလင်း​၏​သားသမီးများ​ထက် ပါးနပ်ကြ​သောကြောင့်​ဖြစ်၏။


ထို့ပြင် အရေးပါသည်​ဟု သတ်မှတ်ကြသော​အရာများ​ကို အရေးမပါ​ဟု သတ်မှတ်​ရန် လောက​၌ နိမ့်ကျသော​အရာများ​နှင့် မထီမဲ့မြင်ပြုခြင်း​ခံရသော​အရာများ​ကို ဘုရားသခင်​ရွေးချယ်တော်မူ၏။


ဝိညာဉ်တော်​သည် လူတစ်ယောက်​အား ဉာဏ်ပညာ​စကား​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကပင် အခြားသူ​တစ်ယောက်​အား အသိပညာ​စကား​ကို ပေးတော်မူ၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကလေးဆန်​စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှု​နှင့်​ပတ်သက်​လျှင် ကလေးငယ်​ကဲ့သို့ ဖြစ်၍ စဉ်းစား​တွေးခေါ်မှု​နှင့်​ပတ်သက်​လျှင် ရင့်ကျက်သော​သူများ​ကဲ့သို့ ဖြစ်ကြလော့။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံ ရောက်လာ​စဉ်​က ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်​ကို ထူးမြတ်သော​စကားလုံးများ၊ သာလွန်သော​ပညာများ​ဖြင့် ဟောပြောခဲ့သည်​မဟုတ်။


သို့ဖြစ်၍ ဤ​အရာများ​ကို ပြောဆို​ရာတွင် ကျွန်ုပ်တို့​သည် လူ့​ဉာဏ်ပညာ​က သင်ကြားပေးသော​စကားများ​ဖြင့် မပြောဆို။ ဝိညာဉ်တော်​က သင်ကြားပေးသော စကားများ​ဖြင့်သာ ပြောဆိုကြ​၍ ဝိညာဉ်ရေးရာ​အမှန်တရားများ​ကို ဝိညာဉ်ရေးရာ​စကားလုံးများ​ဖြင့် ရှင်းလင်း​ဖော်ပြကြ၏။


လောကီ​အစိုးရမင်းတို့​သည် ထို​ပညာ​ကို နားမလည်ကြ။ နားလည်ကြ​လျှင် ဘုန်းကြီးတော်မူသော သခင်​ကို လက်ဝါးကပ်တိုင်​တွင် သတ်ကြမည်​မဟုတ်ပေ။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် ဝိညာဉ်တော်​ကို ရရှိထားသော​သူများ​အား ဟောပြော​သကဲ့သို့ သင်တို့​အား ဟောပြော​၍​မရခဲ့ပေ။ လူ့​ဗီဇစိတ်​ရှိသော​သူတို့​အား ဟောပြော​သကဲ့သို့​လည်းကောင်း၊ ခရစ်တော်​ကို ယုံကြည်သည့်​သက်တမ်း​တွင် မွေးကင်းစ​အရွယ်​ကဲ့သို့သော​သူတို့​အား ဟောပြော​သကဲ့သို့​လည်းကောင်း ဟောပြောခဲ့ရ၏။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


နိဂုံးချုပ်​စကား​ဆိုရ​လျှင် ညီအစ်ကို​မောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် အခွင့်ပေးကြလော့။ ကျွန်ုပ်​၏ နှိုးဆော်ချက်​ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်း​ရှိ​လျက် သင့်မြတ်​စွာ​နေကြလော့။ မေတ္တာတရား​နှင့် ငြိမ်းချမ်းခြင်း​တို့​၏ အရှင်​ဖြစ်တော်မူသော ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​သည် ဖုံးအုပ်ခြင်း​ခံရသည်​ဆိုလျှင် ပျက်စီးတော့မည့်​သူတို့​အတွက်သာ ဖုံးအုပ်ခြင်း​ခံရ၏။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


ထိုသို့ သင်တို့​သည် ဘုရားသခင်​ကို မနာခံသော​သူတို့​ထဲ၌ သက်ဝင်လှုပ်ရှား​လျက်​ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသ​ဆိုင်ရာ တန်ခိုးများ​ကို ကြီးစိုးသော​မင်း​ကို နာခံ​၍ လောကီသားများ​၏​လမ်းစဉ်​အတိုင်း အပြစ်ပြု​လျက် နေထိုင်ကြ၏။


ကျွန်ုပ်တို့​သည် လူတိုင်း​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​၍ ရင့်ကျက်သောသူများ​အဖြစ် ဘုရားသခင်​ထံ ဆက်သ​နိုင်ရန် လူတိုင်း​ကို သတိပေး​ဆုံးမ​ကာ ရှိသမျှသော​ဉာဏ်ပညာ​ဖြင့် လူတိုင်း​ကို သွန်သင်​လျက် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။


ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်၍ သင်တို့​ထဲက တစ်ဦး​ဖြစ်သည့် ဧပဖြ​သည်လည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့​သည် ရင့်ကျက်သောသူများ​အဖြစ် ရပ်တည်​ပြီး ဘုရားသခင်​၏ အလိုတော်​အားလုံး​ကို လိုက်နာကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်ရန် သူသည်​သင်တို့​အတွက် အစဉ် စိတ်အားထက်သန်​စွာ ဆုတောင်းပေးနေ၏။


မာသော​အစားအစာ​မှာ အရွယ်ရောက်သော​သူများ​အတွက်​ဖြစ်ပြီး ထို​သူတို့​သည် အကောင်း​နှင့်​အဆိုး​ကို ဝေဖန်​ပိုင်းခြား​နိုင်ရန် လေ့ကျင့်ထားသည့်​သူများ​ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်​သက်ဆိုင်သော အခြေခံ​သွန်သင်ချက်များ​ကို ထားရစ်​ကာ ရင့်ကျက်ခြင်း​သို့ တက်လှမ်းကြစို့။ သေခြင်း​သို့ ပို့ဆောင်ပေးသော​အကျင့်​အတွက် နောင်တရခြင်း၊ ဘုရားသခင်​ကို​ယုံကြည်ခြင်း၊


ထိုသို့သော ဉာဏ်ပညာ​သည် ကောင်းကင်​မှ လာသည်​မဟုတ်။ လောက၊ လူ့​ဗီဇ​နှင့် နတ်ဆိုးတို့​ထံမှ လာ၏။


ကျွန်ုပ်တို့​အားလုံး​သည် နည်း​အမျိုးမျိုး​ဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို​၌ အမှားအယွင်း​မရှိသောသူ​သည် ပြီးပြည့်စုံသော​သူ​ဖြစ်၏။ ထို​သူ​သည် မိမိ​တစ်ကိုယ်လုံး​ကို ချုပ်တည်းနိုင်သော​သူ​ဖြစ်၏။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ