Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 21:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 နှစ်ခြင်းဆရာ​ယောဟန်​သည် လာ​၍ မှန်ကန်​စွာ အသက်ရှင်​ရန် သင်တို့​အား လမ်းပြခဲ့၏။ သို့သော် သင်တို့​သည် သူ့​ကို မယုံကြ။ အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​ကမူ ယုံကြည်ကြ၏။ သင်တို့​သည် ထို​အရာ​ကို မြင်​လျက်နှင့်ပင် နောင်တရ​၍ သူ့​ကို ယုံကြည်လာခြင်း​မရှိကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ယော​ဟန်​သည်​သင်​တို့​ထံ​လာ​၍​လမ်း​မှန်​ကို​ညွှန်​ပြ သော်​လည်း​သင်​တို့​သည်​သူ့​ကို​မ​ယုံ​ကြည်​ကြ။ သို့ ရာ​တွင်​အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ​မူ ကား​ယုံ​ကြည်​ကြ​၏။ ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ရ​ကြ​သော​အ​ခါ​၌​ပင်​လျှင် သင်​တို့​သည်​စိတ်​ပြောင်း လဲ​၍​ယော​ဟန်​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 အ သို့ ဆို သော် ယော ဟန် သည် ဖြောင့် မတ် ခြင်း နည်း လမ်း အ တိုင်း သင် တို့ ထံ ရောက် လာ သော် လည်း သင် တို့ မ ယုံ ကြည် ကြ။ အ ခွန် ကောက် နှင့် ပြည့် တန် ဆာ တို့ ယုံ ကြည် လျက် ပင် ထို အ ကြောင်း ကို မြင် သော သင် တို့ သည် နောင် တ ရ၍ ယုံ ကြည် ကြ သည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်၍ သင်​တို့​ဆီ​သို့ လာ​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​မူ​ကား ယုံ​ကြည်​ကြ၏။ ထို​အ​ကြောင်း​ကို သင်​တို့​သည် မြင်​သော်​လည်း​ယုံ​ကြည်​မည်​အ​ကြောင်း နောက်​တစ်​ဖန် နောင်​တ​မ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​ခြင်း​တရား​လမ်း​ဖြင့် သင်​တို့​ထံသို့​လာ​သော်လည်း သင်​တို့​သည် သူ့​ကို​မ​ယုံကြည်​ကြ။ အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​မူကား သူ့​ကို​ယုံကြည်​ကြ​၏။ သင်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျက်​ပင် နောက်မှ​စိတ်​ပြောင်းလဲ​၍ သူ့​ကို​ယုံကြည်​လာ​ခြင်း​မ​ရှိ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

32 အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်၍ သင်​တို့​ဆီ​သို့ လာ​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​မူ​ကား ယုံ​ကြည်​ကြ၏။ ထို​အ​ကြောင်း​ကို သင်​တို့​သည် မြင်​သော်​လည်း​ယုံ​ကြည်​မည်​အ​ကြောင်း နောက်​တစ်​ဖန် နောင်​တ​မ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:32
19 ပူးပေါင်းရင်းမြစ်များ  

နှစ်ခြင်းဆရာ​ယောဟန်​သည် မသောက်မစားဘဲ​နေသည်​ကို လူတို့​က ‘သူ​သည်​နတ်ဆိုးပူးသူ​ဖြစ်သည်’ ဟု ဆိုတတ်ကြ၏။


ယောဟန်​၏ နှစ်ခြင်းမင်္ဂလာ​ပေးရသော​အခွင့်အာဏာ​သည် ကောင်းကင်ဘုံ​မှ လာသလော။ လူ့​ထံမှ လာသလော” ဟု မေးတော်မူ၏။ ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့​ဆိုလျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။


ထို​သား​နှစ်ဦးတို့​တွင် မည်သူ​သည် ဖခင်​စကား​ကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့​က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှု​က သူတို့​အား “ငါ​အမှန်​ဆိုရ​လျှင် အကျင့်ပျက်သော​အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ သင်တို့​ထက်​အလျင် ဝင်ကြ​လိမ့်မည်။


သင်တို့​အား ချစ်သော​သူတို့​ကို​သာ သင်တို့​ပြန်​၍ ချစ်​လျှင် ဘုရားသခင်​ထံမှ မည်သည့်​အကျိုးကျေးဇူး​ကို ရထိုက်မည်နည်း။ အကျင့်ပျက်သော​အခွန်ကောက်သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။


ဆန့်ကျင်သူတို့​ကို နူးညံ့သိမ်မွေ့​စွာ ဆုံးမသွန်သင်​ရမည်။ ဘုရားသခင်​သည် သူတို့​အား သမ္မာတရား​ကို သိစေ​၍ နောင်တ​ရနိုင်သော​အခွင့်​ကို ပေးကောင်း​ပေးတော်မူ​လိမ့်မည်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​၏ စိတ်နှလုံး​သည် ညစ်ညူး​၍ ယုံကြည်​ရန် ငြင်းဆန်​ကာ အသက်ရှင်သော ဘုရားသခင်​ထံမှ ထွက်မသွား​စေရန် သတိပြုကြလော့။


ဖြောင့်မတ်ခြင်းတရား လမ်း​ကို သိ​ပြီးနောက် မိမိတို့​အား ပေးအပ်ထားသည့် သန့်ရှင်းသော​ပညတ်တော်​ကို စွန့်ပစ်သည်​ထက် ထို​တရား​လမ်း​ကို မသိခဲ့ခြင်း​က သူတို့​အတွက် ပို​၍​ကောင်း၏။


ငါ​သည် သူ့​အား နောင်တရ​ရန် အခွင့်အရေး​ပေးခဲ့​သော်လည်း သူ​သည် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​အတွက် နောင်တရ​ရန် ငြင်းဆန်ခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ