ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဟေဗြဲ 13:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။ Garrad Bible မျက် မှောက် တော် တွင် နှစ် သက် ဖွယ် ရာ ကို ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့၌ ပြု ပြင် လျက် အ လို တော် ကို ဆောင် ရွက် ကြ အံ့ သော ငှာ ကျေး ဇူး အ မျိုး မျိုး နှင့် သင် တို့ ကို စုံ လင် စေ တော် မူ ပါ စေ သော။ ကိုယ် တော် သည် က မ္ဘာ အ ဆက် ဆက် ဘုန်း ကြီး ပါ စေ သ တည်း။ အာ မင်။ Judson Bible မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့် အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ မြန်မာ့စံမီသမ္မာကျမ်း ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။ |
ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထိုသားနှစ်ဦးတို့တွင် မည်သူသည် ဖခင်စကားကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှုက သူတို့အား “ငါအမှန်ဆိုရလျှင် အကျင့်ပျက်သောအခွန်ကောက်သူများနှင့် ပြည့်တန်ဆာများသည် ဘုရားသခင်၏ နိုင်ငံတော်သို့ သင်တို့ထက်အလျင် ဝင်ကြလိမ့်မည်။
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို လိုက်နာသောသူသာ ဝင်ရလိမ့်မည်။
အကျွန်ုပ်သည် သူတို့၌ တည်၍ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာတစ်သားတည်းဖြစ်ခြင်းအားဖြင့် အဖသည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကို ချစ်တော်မူကြောင်းကို လောကီသားတို့သိကြပါလိမ့်မည်။
ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။
အရာခပ်သိမ်းတို့သည် ဘုရားသခင်ထံတော်မှ လာ၏။ အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ တန်ခိုးတော်ကြောင့် ဖြစ်တည်၏။ အရာခပ်သိမ်းတို့သည် ဘုန်းတော်အတွက်ဖြစ်ကြ၏။ ဘုရားသခင်သည် ထာဝရဘုန်းကြီးတော်မူပါစေ။ အာမင်။
ဉာဏ်ပညာတော်နှင့် ပြည်စုံတော်မူသည့် တစ်ဆူတည်းသောဘုရားသခင်သည် ယေရှုခရစ်တော်အားဖြင့် ထာဝရဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရောမဩဝါဒစာ ပြီးပါပြီ။
ဘုရားသခင်သည် သင်တို့အတွက် ကျေးဇူးတော်တိုင်းကို ကြွယ်ဝစွာ ပေးသနားရန် တတ်နိုင်တော်မူ၏။ ဤသည်မှာ လိုအပ်သောအရာများကို အစဉ်ရရှိခြင်းအားဖြင့် သင်တို့သည် ကောင်းမှုတိုင်းတွင် ကူညီမစနိုင်ရန်ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
ထိုသို့ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံးသည် ခရစ်တော် ပြုခဲ့သော အမှုအားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်မှတစ်ဆင့် ခမည်းတော်ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှစ်သက်စေမည့်အရာကို ဆောင်ရွက်လိုသောစိတ်ဆန္ဒရှိရန်နှင့် ဆောင်ရွက်နိုင်စွမ်းရှိရန် သင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသောအရှင်သည် ဘုရားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ခရစ်တော်အားဖြင့် ထိုအခြေအနေအားလုံးကို ကျွန်ုပ်ရင်ဆိုင်နိုင်၏။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
သားသမီးတို့… သခင်ဘုရားနှစ်သက်တော်မူသည်နှင့်အညီ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။
ယေရှုခရစ်တော်၏ အစေအပါးဖြစ်၍ သင်တို့ထဲက တစ်ဦးဖြစ်သည့် ဧပဖြသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် ရင့်ကျက်သောသူများအဖြစ် ရပ်တည်ပြီး ဘုရားသခင်၏ အလိုတော်အားလုံးကို လိုက်နာကြောင်း စိတ်ချမှုအပြည့် ရှိနိုင်ရန် သူသည်သင်တို့အတွက် အစဉ် စိတ်အားထက်သန်စွာ ဆုတောင်းပေးနေ၏။
ကျွန်ုပ်တို့၏သခင် ယေရှုသည် မိမိ၏ ကောင်းကင်တမန်များနှင့်အတူ ပြန်လည်ကြွလာတော်မူသောအခါ သင်တို့သည် ကျွန်ုပ်တို့ အဖဘုရားသခင် ရှေ့တော်၌ အပြစ်ဆိုဖွယ်မရှိဘဲ သန့်ရှင်းနေရန် သခင်ဘုရားသည် သင်တို့၏ စိတ်ကို ခိုင်ခံ့မြဲမြံအောင် ပြုတော်မူပါစေသော။
ဘုရားသခင်သည် သင်တို့ကို သန့်ရှင်းစင်ကြယ်စေရန်နှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်စေရန် အလိုတော်ရှိ၏။
ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်ကိုယ်တိုင်သည် သင်တို့ကို အကြွင်းမဲ့သန့်ရှင်းစေတော်မူပါစေသော။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာသည့်တိုင်အောင် သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို အပြစ်ဆိုဖွယ်မရှိစေရန် စောင့်ရှောက်ပါစေသော။
သင်တို့ကို နှစ်သိမ့်တော်မူပြီး ကောင်းသောအမှုနှင့် ကောင်းသောစကားတို့ကို သင်တို့ပြုမူပြောဆိုရန် ခွန်အားပေးတော်မူပါစေသော။
ထာဝရဘုရင်ဖြစ်တော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ လူ့မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
ဘုရားသခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းတော်မူ၍ ကိုယ်တော်သည် မည်သူမျှ မချဉ်းကပ်နိုင်သည့် အလင်း၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်ကို မည်သူမျှ မမြင်ဖူးသကဲ့သို့ မြင်လည်း မမြင်နိုင်။ ကိုယ်တော်၌ ဂုဏ်အသရေနှင့် ထာဝရဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။
ဤသည်မှာ ဘုရားသခင်၏လူတို့သည် ကောင်းမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခံရလျက် အရည်အချင်းပြည့်ဝသူ ဖြစ်လာရန်ပင် ဖြစ်၏။
သခင်ဘုရားသည် မကောင်းမှုမှန်သမျှမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၍ မိမိကောင်းကင်နိုင်ငံတော်သို့ ဘေးကင်းစွာ ပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်သည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်ရန်နှင့် ကတိထားသောအရာကို ရရှိနိုင်ရန် သင်တို့သည် သည်းခံစိတ်မွေးရမည်။
ကောင်းကင်ဘုံ၌ စာရင်းဝင်သောသားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊ လူအပေါင်းတို့ကို တရားစီရင်တော်မူသောဘုရားသခင်ထံသို့လည်းကောင်း၊ ပြီးပြည့်စုံသည့်ဖြောင့်မတ်သောသူတို့၏ ဝိညာဉ်များထံသို့လည်းကောင်း ရောက်ကြပြီ။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
ကောင်းမှုပြုရန်နှင့် သူတစ်ပါးကို ကူညီရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောယဇ်ပူဇော်ခြင်းကို ဘုရားသခင်နှစ်သက်တော်မူသောကြောင့် ဖြစ်၏။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
လောကနှင့် ထိုလောကီတပ်မက်ခြင်းများသည် ကွယ်ပျောက်သွားလိမ့်မည်။ သို့သော် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူမှာမူ ထာဝရရှင်သန်လိမ့်မည်။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ကိုယ်တော်နှစ်သက်တော်မူသောအရာကို လုပ်ဆောင်ကြသောကြောင့် ကိုယ်တော်ထံ တောင်းလျှောက်သမျှကိုလည်း ရရှိကြလိမ့်မည်။
ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်ကာလအစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိနှင့် အာဏာစက်တို့ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒဩဝါဒစာ ပြီးပါပြီ။
ရာဇပလ္လင်တော်ရှေ့၌ ကျောက်သလင်းကဲ့သို့ကြည်လင်၍ ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ထိုပလ္လင်တော်အနီးနှင့် ပတ်လည်၌ သတ္တဝါလေးပါးရှိ၏။ သူတို့၏ခန္ဓာရှေ့နောက်တွင် မျက်စိများအပြည့်ရှိ၏။
ထို့ပြင် ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ ပင်လယ်ထဲစသည့် နေရာအသီးသီး၌ ရှိကြသော ဖန်ဆင်းခံသတ္တဝါအပေါင်းတို့က “ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်သည် အစဉ်ထာဝရ ချီးမွမ်းခြင်းကို ခံစား၍ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ ဘုန်းတန်ခိုးတို့နှင့် အစဉ်ထာဝရ တည်ရှိပါစေသော” ဟု ကြွေးကြော်ကြသည်ကို ကျွန်ုပ်ကြားရ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။