Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 28:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သင် တို့ အား ငါ ပ ညတ် သ မျှ ကို စောင့် ရှောက် စေ ရန် သွန် သင် ကြ လော့။ ယ ခု ခတ် ကာ လ အ ဆုံး တိုင် အောင် သင် တို့ နှင့် အ တူ နေ့ စဉ် မ ပြတ် ငါ ရှိ သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 28:20
48 ပူးပေါင်းရင်းမြစ်များ  

ဗျာဒိတ်တော်​စကား​မှာ “အပျိုစင်​တစ်ဦး​သည် ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို မွေးဖွား​လိမ့်မည်။ ထို​သား​ကို ဧမာနွေလ​ဟု ခေါ်ဝေါ်ကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ​၏ အနက်အဓိပ္ပာယ်​မှာ “ကျွန်ုပ်တို့​နှင့်အတူ​ရှိတော်မူသော​ဘုရားသခင်” ဟူ၍ ဖြစ်၏။


ကမ္ဘာ​ကုန်ဆုံးချိန်​တွင်လည်း ထိုသို့ပင် ဖြစ်​လိမ့်မည်။ ကောင်းကင်တမန်များ​သည် လာ​၍ ဆိုးသွမ်းသူတို့​ကို ဖြောင့်မတ်သူများ​ထံမှ ခွဲထားကြမည်။


လူနှစ်ဦး၊ သို့မဟုတ် သုံးဦး​သည် ငါ့​အမည်​နာမ​ကို​အမှီပြု​၍ စုရုံးကြ​လျှင် ထို​နေရာ​တွင် ငါ​သည်​သူတို့​နှင့်အတူ​ရှိသည်” ဟု မိန့်တော်မူ၏။


ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။


ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ထို့နောက် တပည့်တော်တို့​သည်လည်း အရပ်ရပ်​သို့ သွား​၍ တရားတော်​ကို ဟောပြောကြ၏။ သခင်ဘုရား​သည်လည်း သူတို့​နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့​ဟောပြောသော​တရားတော် မှန်ကန်ကြောင်း​ကိုလည်း နိမိတ်​လက္ခဏာများ​ဖြင့် သက်သေပြတော်မူ၏။ ရှင်မာကု​ခရစ်ဝင်ကျမ်း ပြီးပါပြီ။


ထို​ယုံကြည်သူများ​သည် တမန်တော်တို့​၏ သွန်သင်မှု​ကို​ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်​ကို​ဖဲ့ခြင်း​နှင့် ဆုတောင်းခြင်း​တို့​ကို အမြဲ​ဆောင်ရွက်ကြ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​အကြံစည်တော်​ရှိသမျှ​ကို သင်တို့​အား ဟောပြောရာ​၌ ကျွန်ုပ်​သည် မတွန့်ဆုတ်ခဲ့​သောကြောင့်​ဖြစ်၏။


သင်တို့​သည် ကျွန်ုပ်​ကို အစဉ်​သတိရ​၍ ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များ​ကို လိုက်နာကြ​သောကြောင့် သင်တို့​ကို ကျွန်ုပ်​ချီးမွမ်း၏။


ကျွန်ုပ်​သည် သခင်ဘုရား​ထံတော်မှ ခံယူရရှိသော​အရာ​ကို သင်တို့​အား လက်ဆင့်ကမ်း၏။ ထို​အရာ​မှာ သခင်​ယေရှု​သည် သစ္စာဖောက်ခံရသော​ည​တွင် မုန့်​ကို ယူ​၍


တစ်စုံတစ်ယောက်​သည် မိမိကိုယ်ကိုယ် ပရောဖက်​ဖြစ်သည် သို့မဟုတ် ဝိညာဉ်​ဆုကျေးဇူး​ရရှိသူ​ဖြစ်သည်​ဟု ယူဆ​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်သော အကြောင်းအရာတို့​သည် သခင်ဘုရား​၏ ပညတ်တော်​ဖြစ်ကြောင်း သိမှတ်​ရမည်။


ကျွန်ုပ်တို့​သည် လူတိုင်း​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​၍ ရင့်ကျက်သောသူများ​အဖြစ် ဘုရားသခင်​ထံ ဆက်သ​နိုင်ရန် လူတိုင်း​ကို သတိပေး​ဆုံးမ​ကာ ရှိသမျှသော​ဉာဏ်ပညာ​ဖြင့် လူတိုင်း​ကို သွန်သင်​လျက် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။


သို့သော်လည်း ကျွန်ုပ်​သည် လူမျိုးခြားတို့​အား သတင်းကောင်း​ကို ပြည့်စုံ​စွာ ဟောပြော​ရန်အတွက် သခင်ဘုရား​သည် ကျွန်ုပ်​ဘက်မှ ရပ်တည်​၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ကျွန်ုပ်​ကို ခြင်္သေ့​ခံတွင်း​မှ ကယ်နှုတ်တော်မူ၏။


သန့်ရှင်းသော​ပရောဖက်များ ယခင်​က ဟောပြောခဲ့သော​စကားများ​နှင့် သင်တို့​၏ တမန်တော်များ​အားဖြင့် ကျွန်ုပ်တို့​၏​သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော​အရှင်​၏ ပညတ်တော်တို့​ကို သင်တို့​အား သတိရ​စေလို၏။


ငါ​သည် အသက်ရှင်သော​သူ​ဖြစ်၏။ ငါ​သည် သေခဲ့၏။ ယခု​တွင်မူ အစဉ်​ထာဝရ​အသက်ရှင်၏။ ငါ​သည် သေခြင်းတရား​နှင့် မရဏ​နိုင်ငံ​ကို အစိုးရ၏။


မိမိတို့​၏ ဝတ်ရုံများ​ကို လျှော်ဖွပ်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ ထို​သူတို့​သည် မြို့တံခါးများ​မှ မြို့​ထဲသို့ ဝင်​၍ အသက်ပင်​၏ အသီး​ကို စားခွင့်​ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ