Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 4:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ယခု​အခါ ကျွန်ုပ်​၌ လိုအပ်သော​အရာများ​အားလုံး​ကို လက်ခံရရှိ​၍ ကြွယ်ဝ​လျက် ရှိပြီ။ သင်တို့ ရက်ရော​စွာ ပေးလိုက်သော​အရာတို့​ကို ဧပဖြောဒိတ်​ထံမှ လက်ခံရရှိ​၍ ပြည့်စုံ​လျက် ရှိ၏။ ထို​အရာတို့​သည် မွှေးကြိုင်သော​ပူဇော်စရာ၊ ဘုရားသခင် လက်ခံ​နှစ်သက်တော်မူသော​ယဇ် ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သင်​တို့​ပေး​ပို့​လိုက်​သော​အ​လှူ​ပ​စ္စည်း​အား လုံး​ကို​ရ​ရှိ​ကြောင်း ဤ​တွင်​ဖော်​ပြ​ပါ​သည်။ ထို​အ​လှူ​ပ​စ္စည်း​များ​ကို​ဧ​ပ​ဖြော​ဒိတ်​ယူ လာ​ပေး​သ​ဖြင့် ငါ​လို​သ​မျှ​ရ​ရှိ​ပေ​ပြီ။ ထို အ​ရာ​တို့​သည်​မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ၊ ဘု​ရား​သ​ခင်​လက်​ခံ​နှစ်​သက်​တော်​မူ သော​ယဇ်​ကဲ့​သို့​ဖြစ်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ငါ၌ အ ရာ ခပ် သိမ်း ရှိ၍ ကြွယ် ဝ၏။ ဘု ရား သ ခင် နှစ် သက် လက် ခံ တော် မူ ဖွယ် သ က္ကာ၊ မွှေး ကြိုင် သော ရ နံ့ အ ဖြစ် သင် တို့ ပို့ လိုက် သော ဝ တ္ထု များ ကို ဧ ပ ဖြော ဒိတ် ထံ မှ ရ ရှိ သ ဖြင့် ငါ ပြည့် ဝ ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 4:18
15 ပူးပေါင်းရင်းမြစ်များ  

ကော်နေလိ​သည် ကြောက်ရွံ့​သဖြင့် ကောင်းကင်တမန်​အား သေချာ​စွာ​ကြည့်​လျက် “မိန့်တော်မူပါ​အရှင်” ဟု လျှောက်လေ၏။ ကောင်းကင်တမန်​က “သင့်​ဆုတောင်းသံ​နှင့် အလှူအတန်း​တို့​ကို ဘုရားသခင်​အသိအမှတ်ပြုတော်မူပြီ။


ထို့ကြောင့် ချစ်သော​ညီအစ်ကို​မောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့​ကို ထောက်ရှု​၍ သင်တို့​ကို ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်​လို၏။ သင်တို့​၏ ကိုယ်ခန္ဓာ​ကို ဘုရားသခင်​လက်ခံနိုင်ဖွယ်​ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သော​ယဇ်​အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့​ဆက်ကပ်ခြင်း​သည် ဘုရားသခင်​ကို စစ်မှန်​စွာ ကိုးကွယ်ခြင်း​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ထံတွင် အမှုတော်​ကို ဆောင်ရွက်​ရန် လိုအပ်သော​အထောက်အပံ့​ကို အခြား​အသင်းတော်များ​ထံမှ ဓားပြ​တိုက်​သကဲ့သို့​ပင် ယူခဲ့၏။


သင်တို့​၏​လှူဒါန်းခြင်း​အမှု​သည် ယုံကြည်သူတို့​၏​လိုအပ်ချက်များ​ကို ဖြည့်ဆည်းပေးသည်​သာမက ဘုရားသခင်​ကို ကျေးဇူးတင်သူများ​လည်း တိုးပွားလာစေ၏။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


ဆင်းရဲနွမ်းပါးခြင်း​ကို ကျွန်ုပ်​သိ၏။ ချမ်းသာ​ကြွယ်ဝခြင်း​ကိုလည်း ကျွန်ုပ်​သိ၏။ ဝလင်​စွာ စားရသည်​ဖြစ်စေ၊ ဆာလောင်​မွတ်သိပ်သည်​ဖြစ်စေ၊ ချမ်းသာ​ကြွယ်ဝသည်​ဖြစ်စေ၊ ငတ်မွတ်​ခေါင်းပါးသည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့် အရာရာ​တိုင်း​၌ တင်းတိမ်​ရောင့်ရဲတတ်သော သော့ချက်​ကို ကျွန်ုပ်​သင်ယူထားပြီ ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။


ကောင်းမှုပြု​ရန်​နှင့် သူတစ်ပါး​ကို ကူညီ​ရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော​ယဇ်ပူဇော်ခြင်း​ကို ဘုရားသခင်​နှစ်သက်တော်မူ​သောကြောင့် ဖြစ်၏။


သင်တို့​သည်လည်း အသက်ရှင်သော​ကျောက်များ​ကဲ့သို့ ဝိညာဉ်ရေးရာ​အိမ်တော်​တည်ဆောက်ရာ​တွင် ပါဝင်​အသုံးခံကြ၏။ ဤ​သည်​မှာ သင်တို့​သည် သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​၍ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှစ်သက်ဖွယ် ဝိညာဉ်ရေးရာ​ပူဇော်စရာများ​ကို ပူဇော်​နိုင်ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ