Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 3:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ငါ တို့ ကို ကယ် တင် သော ယေ ရှု ခ ရစ် အ ရှင် ဘု ရား၏ ကျေး ဇူး တော် ၌ လည်း ကောင်း၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ခွင့်၌ လည်း ကောင်း ကြီး ပွား ကြ လော့။ ထို အ ရှင် သည် ယ ခု ကာ လ မှ စ၍ အ န န္တ ကာ လ ပတ် လုံး ဘုန်း တော် ကြီး ပါ စေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ကျေး​ဇူး​တော်၌​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌​လည်း​ကောင်း ကြီး​ပွား​ကြ​လော့။ ထို​သ​ခင်​သည် ယ​ခု​မှ​စ၍ ထာ​ဝ​ရ နေ့​ရက်​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ငါ​တို့​၏​သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၌​လည်းကောင်း၊ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၌​လည်းကောင်း ကြီးထွား​ကြ​လော့။ ယခု​မှစ၍ ထာဝရ​နေ့ရက်​ကာလ​တိုင်အောင် ကိုယ်တော်​၌ ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 3:18
26 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။


ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ထာဝရ​အသက်​ဟူသည်​မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်​ဘုရား​ဖြစ်တော်မူသော ကိုယ်တော်​ကို သိကျွမ်းခြင်း​နှင့် ဤ​လောက​သို့ ကိုယ်တော်​စေလွှတ်တော်မူသော ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ပင်​ဖြစ်ပါ၏။


အရာခပ်သိမ်းတို့​သည် ဘုရားသခင်​ထံတော်မှ လာ၏။ အရာခပ်သိမ်းတို့​သည် ဘုရားသခင်​၏ တန်ခိုးတော်​ကြောင့် ဖြစ်တည်၏။ အရာခပ်သိမ်းတို့​သည် ဘုန်းတော်​အတွက်​ဖြစ်ကြ၏။ ဘုရားသခင်​သည် ထာဝရ​ဘုန်းကြီးတော်မူပါစေ။ အာမင်။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ မျက်နှာတော်​၌ ထွန်းလင်းသည့် မိမိ​ဘုန်းတော်​ကို သိနိုင်သော​ဉာဏ်​အလင်း​ကို ကျွန်ုပ်တို့​၏​နှလုံးသား​ထဲ၌ ထွန်းလင်း​စေတော်မူ၏။


ကျွန်ုပ်​ဆုတောင်းသည်​က ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖ​ခမည်းတော်​သည် ဝိညာဉ်ရေးရာ​ဉာဏ်ပညာ​နှင့် ဗျာဒိတ်တော်​ကို သင်တို့​အား ပေးသနားတော်မူ​ရန် ဖြစ်၏။ သို့မှသာ သင်တို့​သည် ခမည်းတော်​အကြောင်း​ကို ပို​၍ သိကြမည် ဖြစ်၏။


ကျွန်ုပ်တို့​သည် သမ္မာတရား​ကို မေတ္တာ​ဖြင့် အစဉ် နာခံ​ဟောပြော​လျက် အသင်းတော်​၏ ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်​နှင့် ပိုမို တူညီလာ​၍ အစစအရာရာ​တွင် ကြီးထွားကြမည် ဖြစ်၏။


ထိုမျှမက ကျွန်ုပ်​၏ သခင်​ယေရှု​ခရစ်တော်​ကို ရင်းနှီး​ကျွမ်းဝင်ရခြင်း​၏ ကြီးမားသည့်​တန်ဖိုး​နှင့်​ယှဉ်​လျှင် အရာ​အားလုံး​ကို အရှုံး​ဟူ၍ မှတ်ယူ၏။ ခရစ်တော်​အတွက်​ကြောင့် အရာ​အားလုံး​ကို အရှုံးခံ​၍ ၎င်းတို့​ကို မစင်​ကဲ့သို့ မှတ်ယူ၏။ ဤ​အရာ​မှာ ခရစ်တော်​ကို ရရှိ​ရန်​နှင့်


သို့မှသာ သင်တို့​သည် ကောင်းမှု​အမျိုးမျိုး​ဖြစ်သော အသီးအပွင့်များ သီးပွင့်​ကာ ဘုရားသခင်​ကို ပိုမို​သိကျွမ်းသည်​နှင့်အညီ သခင်ဘုရား​၏ လူ​ဖြစ်သည့်​အလျောက် သခင်ဘုရား​၏ လူ​ပီသ​စွာ ပြုမူနေထိုင်​၍ သခင်ဘုရား​ကို နှစ်သက်စေ​နိုင်မည်​ဖြစ်၏။


လူသစ်​ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်​ကို မှန်ကန်​စွာ သိနိုင်​ရန် ထို​လူသစ်​သည် ဖန်ဆင်းရှင်​၏ ပုံသဏ္ဌာန်တော်​နှင့်​အညီ အစဉ် အသစ်​ပြုပြင်​မွမ်းမံခံရ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။


သခင်ဘုရား​သည် မကောင်းမှု​မှန်သမျှ​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ​၍ မိမိ​ကောင်းကင်​နိုင်ငံတော်​သို့ ဘေးကင်း​စွာ ပို့ဆောင်တော်မူ​လိမ့်မည်။ ကိုယ်တော်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


သခင်ဘုရား​၏​ကျေးဇူးတော် မည်မျှ​ချိုမြိန်သည်​ကို ယခု သင်တို့​မြည်းစမ်းခဲ့ပြီ​ဖြစ်၏။ ထို့ကြောင့် မွေးကင်းစ​ကလေးများ​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​ကို တောင့်တကြလော့။ သို့မှသာ သင်တို့​သည် ကယ်တင်ခြင်း​ကို အပြည့်အဝ​ခံစားရမည့်​အချိန်​တိုင်အောင် ကြီးထွား​လိမ့်မည်။


ထို့နောက် ဘုရားသခင်​သည် သင်တို့​အား ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ထာဝရ​နိုင်ငံတော်​ထဲသို့ ဝင်ရောက်ခွင့်​ကို အပြည့်အဝ​ပေးသနားတော်မူ​လိမ့်မည်။


ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​ကို သိကျွမ်းခြင်း​အားဖြင့် ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် ကြွယ်ဝ​စွာ သက်ရောက်ပါစေသော။


အသက်ရှင်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်း​တို့​နှင့် ဆိုင်သည့် လိုအပ်သမျှ​အရာ​အားလုံး​ကို ကိုယ်တော်​သည် မိမိ​၏​ဘုရား​တန်ခိုးတော်​ဖြင့် ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​ကို ခံစား​စေရန် ကျွန်ုပ်တို့​အား ရွေးကောက်တော်မူသော​အရှင်​ကို သိခြင်း​အားဖြင့် ဤ​အရာ​အားလုံး​ကို ကျွန်ုပ်တို့​လက်ခံရရှိကြ၏။


သင်တို့​၌ ဤ​အရည်အချင်းများ​တိုးပွားနေ​လျှင် သင်တို့​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို သိကျွမ်းရာ​၌ အကျိုး​ဖြစ်ထွန်း​ပြီး အသုံးဝင်​လာပါ​လိမ့်မည်။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ကြောင့် လောကီ​ညစ်ညမ်းမှု​မှ လွတ်ကင်း​ပြီးနောက် ထို​အရာ​နှင့် ပြန်လည်​ပတ်သက်မိ​သဖြင့် အနိုင်ယူ​စိုးမိုးခံရ​လျှင် ထို​သူတို့​၏ အခြေအနေ​သည် အစ​က​ထက် အဆုံး​တွင် ပိုမို​ဆိုးရွား၏။


ကျွန်ုပ်တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်းသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်​ကာလ​အစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိ​နှင့် အာဏာစက်တို့​ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒ​ဩဝါဒစာ ပြီးပါပြီ။


ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို လူမျိုးတော်​ဖြစ်လာစေ​လျက် ခမည်းတော်​ဘုရားသခင်​ကို အစေခံသည့် ယဇ်ပုရောဟိတ်များ​ဖြစ်စေတော်မူ၏။ ကိုယ်တော်​၌ ဘုန်းအသရေ​နှင့်​ဘုန်းတန်ခိုး အစဉ်​ထာဝရ ရှိတော်မူ​ပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ