Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 လောက​နှင့် ထို​လောကီ​တပ်မက်ခြင်းများ​သည် ကွယ်ပျောက်သွား​လိမ့်မည်။ သို့သော် ဘုရားသခင်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သောသူ​မှာမူ ထာဝရ​ရှင်သန်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 လော​က​နှင့်​တ​ကွ​လူ​တို့​တပ်​မက်​သော​အ​ရာ များ​သည်​ရွေ့​လျား​ကွယ်​ပျောက်​လျက်​နေ​လေ​ပြီ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​ဆောင် ရွက်​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​မြဲ​တည်​လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဤ လော က မှ စ၍ ဆိုင် ရာ တပ် မက် ခြင်း သည် ပျောက် လွင့် ဆဲ ဖြစ်၏။ ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် သူ မူ ကား ကာ လ အ စဉ် တည် နေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လော​က​နှင့် လော​ကီ​တပ်​မက်​ခြင်း​သည် ရွေ့​သွား​ကွယ်​ပျောက်​တတ်၏။ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကျင့်​သော​သူ​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 လောက​နှင့်​လောကီ​တပ်မက်​ခြင်း​တို့​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။ ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​မူကား ကာလ​အစဉ်အဆက်​တည်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:17
28 ပူးပေါင်းရင်းမြစ်များ  

ထို​သား​နှစ်ဦးတို့​တွင် မည်သူ​သည် ဖခင်​စကား​ကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့​က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှု​က သူတို့​အား “ငါ​အမှန်​ဆိုရ​လျှင် အကျင့်ပျက်သော​အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ သင်တို့​ထက်​အလျင် ဝင်ကြ​လိမ့်မည်။


ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။


ငါ့​ကို ‘သခင်… သခင်…’ ဟု ခေါ်သော​သူတိုင်း ကောင်းကင်​နိုင်ငံတော်​သို့ ဝင်ကြရမည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ့​ခမည်းတော်​၏​အလိုတော်​ကို လိုက်နာသောသူ​သာ ဝင်ရ​လိမ့်မည်။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ငါ​သည် ကောင်းကင်​မှ ဆင်းသက်လာသော မုန့်​ဖြစ်၏။ သင်တို့​၏ ဘိုးဘေးများ​စားခဲ့သော မန္နမုန့်​ကဲ့သို့ မဟုတ်။ သူတို့​သည် မန္နမုန့်​ကို စားကြ​သော်လည်း သေကြရ၏။ ဤ​မုန့်​ကို စားသောသူ​မှာမူ အစဉ်​ထာဝရ အသက်ရှင်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏​အလိုတော်​အတိုင်း လိုက်နာ​လိုသောသူ​ဖြစ်လျှင် ဤ​သွန်သင်ချက်​သည် ဘုရားသခင်​၏​သွန်သင်ချက်​ဖြစ်သလော၊ ငါ့​ကိုယ်ပိုင်​သွန်သင်ချက်​ဖြစ်သလော​ဟူသည်​ကို ပိုင်းခြားသိမြင်​လိမ့်မည်။


ဤ​လောက​၏ အမူအကျင့်​နှင့် ဓလေ့တို့​ကို အတု​မယူကြနှင့်။ သင်တို့​၏ စိတ်နှလုံး​ကို ပြောင်းလဲစေခြင်း​အားဖြင့် စိတ်သစ်​လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်​အလိုရှိတော်မူသည့် ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ပြည့်စုံသော​အရာတို့​သည် မည်သည့်​အရာ​ဖြစ်သည်​ကို သင်တို့​ပိုင်းခြား​သိမြင်ကြ​လိမ့်မည်။


လောကီ​နှင့်ဆိုင်သော​အရာများ​ကို သုံးစွဲသော​သူတို့​သည် ထို​အရာများ​ကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤ​လက်ရှိ​ကမ္ဘာလောက​ပုံသဏ္ဌာန်​သည် ကွယ်ပျောက်​သွားတော့မည်​ဖြစ်​သောကြောင့်​ပင်။


ထို့ကြောင့် သင်တို့​အကြောင်း​ကို ကြားသည့်​နေ့​မှစ၍ ကျွန်ုပ်တို့​သည် သင်တို့​အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့​သည် ဝိညာဉ်ရေးရာ​အသိပညာ​နှင့် နားလည်နိုင်စွမ်း​အပေါင်းတို့​ဖြင့် ဘုရားသခင်​၏ အလိုတော်​ကို အပြည့်အဝ​သိနိုင်​ရန် ဘုရားသခင်​ထံ ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။


ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်၍ သင်တို့​ထဲက တစ်ဦး​ဖြစ်သည့် ဧပဖြ​သည်လည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့​သည် ရင့်ကျက်သောသူများ​အဖြစ် ရပ်တည်​ပြီး ဘုရားသခင်​၏ အလိုတော်​အားလုံး​ကို လိုက်နာကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်ရန် သူသည်​သင်တို့​အတွက် အစဉ် စိတ်အားထက်သန်​စွာ ဆုတောင်းပေးနေ၏။


ဘုရားသခင်​သည် သင်တို့​ကို သန့်ရှင်း​စင်ကြယ်​စေရန်​နှင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်​စေရန် အလိုတော်​ရှိ၏။


မည်သည့်​အခြေအနေ​၌ပင် ဖြစ်စေ ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော သင်တို့​သည် ဤသို့​ပြုရန် ဘုရားသခင်​အလိုတော်​ရှိ၏။


ဘုရားသခင်​၏​အလိုတော်​ကို ဆောင်ရွက်​နိုင်ရန်​နှင့် ကတိထားသော​အရာ​ကို ရရှိ​နိုင်ရန် သင်တို့​သည် သည်းခံစိတ်​မွေး​ရမည်။


သင်တို့​သည် မနက်ဖြန်​တွင် မည်သို့​ဖြစ်မည်​ကိုပင် မသိကြ။ သင်တို့​၏ အသက်​သည် မည်သို့နည်း။ ခေတ္တ​မျှ ပေါ်လာ​ပြီးနောက် ပျောက်ကွယ်တတ်သော အခိုးအငွေ့​နှင့်​တူ၏။


သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​သောကြောင့် နောက်ဆုံးသော​ကာလ​၌ ပေါ်လွင်ထင်ရှား​ရန် အသင့်​ရှိသော ကယ်တင်ခြင်း​ကို ရရှိခံစား​နိုင်မည့်​အချိန်​တိုင်အောင် ဘုရားသခင်​သည် မိမိ​၏​တန်ခိုးတော်​ဖြင့် သင်တို့​ကို ကာကွယ်​စောင့်ရှောက်တော်မူ၏။


ဤသည်​မှာ လောက​တွင် အသက်ရှင်​နေထိုင်ရမည့်​ကျန်ရှိသော​အချိန်​၌ လူ့​တပ်မက်မှု​အတိုင်း မဟုတ်ဘဲ ဘုရားသခင်​၏ အလိုတော်​အတိုင်း အသက်ရှင်​နေထိုင်သွား​နိုင်ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ