Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ ပညတ်တော်တို့​ကို လိုက်နာ​၍ ကိုယ်တော်​နှစ်သက်တော်မူသော​အရာ​ကို လုပ်ဆောင်ကြ​သောကြောင့် ကိုယ်တော်​ထံ တောင်းလျှောက်​သမျှ​ကိုလည်း ရရှိကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ငါ​တို့​သည်​ကိုယ်​တော်​၏​ပညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​များ၊ ကိုယ်​တော်​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​သူ​များ​ဖြစ်​သ​ဖြင့် ငါ​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့ ကို​အထံ​တော်​မှ​ရ​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ပ ညတ် တော် များ ကို စောင့် ရှောက် လျက် နှစ် သက် တော် မူ ဖွယ် ရာ များ ကို ပြု ကျင့် ကြ သော ကြောင့် တောင်း လျှောက် သ မျှ ကို အ ထံ တော် မှ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 တောင်းလျှောက်​သမျှ​တို့​ကို ဘုရားသခင်​ထံမှ​ရ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​၍ ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​များ​ကို ပြု​ကြ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:22
37 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ လျှောက်​နေစဉ် တောက်ပသော​မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


သင်တို့​သည် မည်သည့်​အရာ​ကို​မဆို ယုံကြည်ခြင်း​ဖြင့် ဆုတောင်း​လျှင် တောင်း​သမျှ​ကို ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် သင်တို့​ကို ငါ​ဆိုသည်​မှာ သင်တို့​သည် မိမိတို့​တောင်းလျှောက်​သမျှ​ကို ရရှိပြီ​ဟု ယုံကြည်သော​စိတ်​ဖြင့် ဆုတောင်း​လျှင် တောင်း​သမျှ​ကို ရကြ​လိမ့်မည်။


ခမည်းတော်​သည် သားတော်​အားဖြင့် ဘုန်းကြီးတော်မူ​စေရန် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ သင်တို့​တောင်းလျှောက်​လျှင် တောင်းလျှောက်​သမျှ​ကို ငါ​ပေးမည်။


ငါ​သည် ခမည်းတော်​၏ ပညတ်တော်တို့​ကို လိုက်နာ​၍ ခမည်းတော်​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေ​သကဲ့သို့ သင်တို့​သည်လည်း ငါ့​ပညတ်တို့​ကို လိုက်နာ​လျှင် ငါ​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေကြ​လိမ့်မည်။


သို့သော် သင်တို့​သည် ငါ​၌ တည်​၍ ငါ့​စကားတို့​သည် သင်တို့​၌ တည်​လျှင် သင်တို့​တောင်းလျှောက်​သမျှသော အရာတို့​ကို ရရှိကြ​လိမ့်မည်။


ယေရှု​က “သင်တို့​ထံမှ ဘုရားသခင်​အလိုရှိတော်မူသော အမှုတော်​မှာ မိမိ​စေလွှတ်တော်မူသော​သူ​ကို ယုံကြည်ခြင်း​ပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။


ငါ့​ကို စေလွှတ်တော်မူသော​အရှင်​သည် ငါ​နှင့်အတူ ရှိတော်မူ၏။ ငါ​သည် ထို​အရှင်​၏ စိတ်တော်​နှင့် တွေ့သော​အရာ​ကိုသာ အစဉ်​လုပ်ဆောင်​သဖြင့် ထို​အရှင်​သည် ငါ့​ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။


ဘုရားသခင်​သည် အပြစ်သားတို့​၏ စကား​ကို နားထောင်တော်​မမူကြောင်း ကျွန်ုပ်တို့​သိကြ၏။ သို့သော် ဘုရားသခင်​ကို ကိုးကွယ်​၍ အလိုတော်​ကို လိုက်နာသော​သူ​၏ စကား​ကိုမူ ဘုရားသခင်​နားထောင်တော်မူ၏။


ဤသို့ ယခင်​အချိန်ကာလများ​တွင် လူတို့​၏​မသိ​နားမလည်ခြင်း​ကို ဘုရားသခင်​သည် အမှုမထားခဲ့​သော်လည်း ယခု​မှာ နေရာ​အသီးသီး​တွင်​ရှိသော လူ​အပေါင်းတို့​ကို နောင်တရ​ရန် အမိန့်ပေးတော်မူ၏။


နောင်တရ​၍ ဘုရားသခင်​ထံတော်​သို့ ပြန်လာကြ​စေရန်​နှင့် ကျွန်ုပ်တို့​၏​သခင်​ယေရှု​ကို ယုံကြည်​စေရန် ဂျူးလူမျိုးများ​နှင့် ဂရိလူမျိုးများ​ကို လေးနက်စွာ ဟောပြောခဲ့၏။


ယခု​အခါ ကျွန်ုပ်​၌ လိုအပ်သော​အရာများ​အားလုံး​ကို လက်ခံရရှိ​၍ ကြွယ်ဝ​လျက် ရှိပြီ။ သင်တို့ ရက်ရော​စွာ ပေးလိုက်သော​အရာတို့​ကို ဧပဖြောဒိတ်​ထံမှ လက်ခံရရှိ​၍ ပြည့်စုံ​လျက် ရှိ၏။ ထို​အရာတို့​သည် မွှေးကြိုင်သော​ပူဇော်စရာ၊ ဘုရားသခင် လက်ခံ​နှစ်သက်တော်မူသော​ယဇ် ဖြစ်ကြ၏။


သို့မှသာ သင်တို့​သည် ကောင်းမှု​အမျိုးမျိုး​ဖြစ်သော အသီးအပွင့်များ သီးပွင့်​ကာ ဘုရားသခင်​ကို ပိုမို​သိကျွမ်းသည်​နှင့်အညီ သခင်ဘုရား​၏ လူ​ဖြစ်သည့်​အလျောက် သခင်ဘုရား​၏ လူ​ပီသ​စွာ ပြုမူနေထိုင်​၍ သခင်ဘုရား​ကို နှစ်သက်စေ​နိုင်မည်​ဖြစ်၏။


မိမိ​နှစ်သက်တော်မူသော အရာ​ကို ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​တွင် ပြုတော်မူပါစေသော။ ကိုယ်တော်​၏ အလိုတော်​ကို သင်တို့​ဆောင်ရွက်​နိုင်ရန် ကောင်းမှု​အမျိုးမျိုးတို့​ဖြင့် သင်တို့​ကို ပြီးပြည့်စုံ​စေတော်မူပါ​စေသော။ ထို​သခင် ယေရှု​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


သင်တို့​တွင် တစ်စုံတစ်ယောက်​သည် ဉာဏ်ပညာ​ကို လိုအပ်​လျှင် ဘုရားသခင်​ထံ တောင်းစေ။ ကဲ့ရဲ့​ပြစ်တင်တော်မမူဘဲ ရက်ရော​စွာ ပေးတော်မူသော ဘုရားသခင်​သည် ထို​သူ​အား ဉာဏ်ပညာ​ကို ပေးတော်မူ​လိမ့်မည်။


တောင်းလျှောက်​သောအခါ​၌လည်း အပျော်အပါး​လိုက်စား​နိုင်ရန်​အတွက် လွဲမှား​စွာ တောင်းလျှောက်​သောကြောင့် မရကြ။


ထို့ကြောင့် သင်တို့​သည် ကျန်းမာခွင့်​ရ​ရန် မိမိတို့​၏​အပြစ်များ​ကို အချင်းချင်း ဖွင့်ဟ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ​၏​ဆုတောင်းခြင်း​သည် အလွန်​တန်ခိုးကြီး​၍ ထိရောက်၏။


ကျွန်ုပ်တို့​သည် ပညတ်တော်တို့​ကို လိုက်နာ​လျှင် ဘုရားသခင်​ကို သိကျွမ်းသော​သူများ​ဖြစ်ကြောင်း သိရ၏။


ကျွန်ုပ်တို့​သည် အလိုတော်​နှင့်အညီ တစ်စုံတစ်ရာ​ကို တောင်းလျှောက်​လျှင် ဘုရားသခင်​သည် နားဆင်တော်မူမည်​ဟု သိ​သောကြောင့် ဘုရားသခင်​ထံသို့ စိတ်ချ​ယုံကြည်မှု​ဖြင့် ချဉ်းကပ်​နိုင်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ