၂ သက် 2:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း17 သင်တို့ကို နှစ်သိမ့်တော်မူပြီး ကောင်းသောအမှုနှင့် ကောင်းသောစကားတို့ကို သင်တို့ပြုမူပြောဆိုရန် ခွန်အားပေးတော်မူပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible17 သင်တို့အားကောင်းမြတ်သည့်စကားနှင့်ကောင်း မြတ်သည့်အမှုအမျိုးမျိုးကိုအစဉ်အမြဲ ပြောဆိုပြုမူနိုင်စေရန် အားပေး၍စွမ်းရည် သတ္တိကိုပေးတော်မူပါစေသော။ အခန်းကိုကြည့်ပါ။Garrad Bible17 ငါ တို့ အ ဘ ဘု ရား သ ခင် သည် သင် တို့ စိတ် နှ လုံး များ ကို နှစ် သိမ့် စေ၍ ကောင်း သော အ ကျင့် အ ကြံ အ ပြော အ ဆို ရှိ သ မျှ၌ အား ပေး တော် မူ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible17 သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှုအမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေး၍ ကောင်းသောစကားနှင့်ကောင်းသောအမှုအလုံးစုံတို့၌ သင်တို့ကို ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။ အခန်းကိုကြည့်ပါ။ |
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။