Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:36 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 အရာခပ်သိမ်းတို့​သည် ဘုရားသခင်​ထံတော်မှ လာ၏။ အရာခပ်သိမ်းတို့​သည် ဘုရားသခင်​၏ တန်ခိုးတော်​ကြောင့် ဖြစ်တည်၏။ အရာခပ်သိမ်းတို့​သည် ဘုန်းတော်​အတွက်​ဖြစ်ကြ၏။ ဘုရားသခင်​သည် ထာဝရ​ဘုန်းကြီးတော်မူပါစေ။ အာမင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 အ ရာ ခပ် သိမ်း သည် ကိုယ် တော် မှ၊ ကိုယ် တော် ဖြင့်၊ ကိုယ် တော့် အ ဖို့ ဖြစ်၏။ က မ္ဘာ အ ဆက် ဆက် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 အကြောင်းမူကား အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​လည်းကောင်း၊ ကိုယ်တော်​အားဖြင့်​လည်းကောင်း၊ ကိုယ်တော်​အတွက်​လည်းကောင်း ဖြစ်တည်​ကြ​၏။ ကိုယ်တော်ရှင်​၌ ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​တည်ရှိ​ပါစေသော။ အာမင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:36
40 ပူးပေါင်းရင်းမြစ်များ  

ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


“ထာဝရဘုရား​၏​အမည်​နာမ​နှင့် ကြွလာသော​ရှင်ဘုရင်​သည် မင်္ဂလာ​ရှိပါစေသော။” “ကောင်းကင်ဘုံ​တွင် ငြိမ်းချမ်းခြင်း​ရှိ​၍ အမြင့်ဆုံးသော​အရပ်​တွင် ဘုန်းကြီးတော်မူပါစေသော” ဟု ကြွေးကြော်ကြ၏။


“အမြင့်ဆုံးသော​ကောင်းကင်ဘုံ​၌ ရှိတော်မူသော​ဘုရားသခင်​သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီး​ပေါ်​၌ ဘုရားသခင်​နှစ်သက်တော်မူသော သူတို့​အပေါ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ” ဟု ဆိုကြ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​အားဖြင့် ရှင်သန်​လှုပ်ရှား​၍ ဖြစ်တည်ကြ၏။ သင်တို့​အထဲမှ လင်္ကာဆရာ​တချို့​ကလည်း ‘ကျွန်ုပ်တို့​မှာ ဘုရားမျိုး​သာ ဖြစ်ကြပါ၏’ ဟု စပ်ဆိုခဲ့ကြ၏။


ဉာဏ်ပညာတော်​နှင့် ပြည်စုံတော်မူသည့် တစ်ဆူတည်းသော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရောမ​ဩဝါဒစာ ပြီးပါပြီ။


အဘယ်ကြောင့်ဆိုသော် မိန်းမ​သည် ယောက်ျား​ထံမှ ဖြစ်လာ​သော်လည်း ယောက်ျား​သည် မိန်းမ​ထံမှ မွေးဖွားလာ၏။ အရာ​အားလုံး​သည် ဘုရားသခင်​ထံမှ ဖြစ်လာ၏။


ကျွန်ုပ်တို့​အတွက်​မှာမူ အရာခပ်သိမ်း​ကို ဖန်ဆင်းတော်မူသော အဖ​ဘုရားသခင် တစ်ဆူတည်း​သာ​ရှိ၏။ ကျွန်ုပ်တို့​သည် ကိုယ်တော်​အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့​အတွက် ယေရှု​ခရစ်တော်​ဟူသော သခင်​တစ်ပါးတည်း​သာ ရှိ​၍ အရာခပ်သိမ်း​သည် ထို​အရှင်​အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​အားဖြင့်​သာ အသက်ရှင်ကြ၏။


အဖ​ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


အသင်းတော်​၌ မြင်တွေ့ရသော သူ​၏ ကြီးမြတ်မှု​ကြောင့်​လည်းကောင်း၊ ယေရှု​ခရစ်တော်​လုပ်ဆောင်သော​အမှု​ကြောင့်​လည်းကောင်း ကမ္ဘာအဆက်ဆက် ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ထာဝရ​ဘုရင်​ဖြစ်တော်မူသော၊ ထာဝရ​အသက်ရှင်တော်မူသော၊ လူ့​မျက်စိ​ဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်​သည် ကမ္ဘာ​အဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။


ဘုရားသခင်​တစ်ပါးတည်း​သာလျှင် သေခြင်း​နှင့်​ကင်းတော်မူ​၍ ကိုယ်တော်​သည် မည်သူ​မျှ မချဉ်းကပ်နိုင်သည့် အလင်း​၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်​ကို မည်သူမျှ မမြင်ဖူး​သကဲ့သို့ မြင်​လည်း မမြင်နိုင်။ ကိုယ်တော်​၌ ဂုဏ်အသရေ​နှင့် ထာဝရ​ဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။


သခင်ဘုရား​သည် မကောင်းမှု​မှန်သမျှ​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ​၍ မိမိ​ကောင်းကင်​နိုင်ငံတော်​သို့ ဘေးကင်း​စွာ ပို့ဆောင်တော်မူ​လိမ့်မည်။ ကိုယ်တော်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


မိမိ​နှစ်သက်တော်မူသော အရာ​ကို ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​တွင် ပြုတော်မူပါစေသော။ ကိုယ်တော်​၏ အလိုတော်​ကို သင်တို့​ဆောင်ရွက်​နိုင်ရန် ကောင်းမှု​အမျိုးမျိုးတို့​ဖြင့် သင်တို့​ကို ပြီးပြည့်စုံ​စေတော်မူပါ​စေသော။ ထို​သခင် ယေရှု​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ဘုရားသခင်​သည် အရာခပ်သိမ်း​ကို ဖန်ဆင်း​၍ အုပ်စိုးတော်မူသော​အရှင်​ဖြစ်တော်မူ၏။ ကိုယ်တော်​သည် သားသမီး​များစွာ​ကို ဘုန်းစည်းစိမ်​ခံစား​ရာသို့ ခေါ်ဆောင်လို​သောကြောင့် ထို​သူတို့​ကို ကယ်တင်​ရန် ယေရှု​အား ဆင်းရဲဒုက္ခ​ခံစားစေခြင်း​အားဖြင့် ပြီးပြည့်စုံသော​ကယ်တင်ရှင်​ဖြစ်စေသည်​မှာ သင့်လျော်ပေ၏။


ဟောပြောသောသူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတိုင်း ဟောပြော​ရမည်။ အစေခံသောသူ​သည် ဘုရားသခင်​ပေးတော်မူသော ခွန်အား​ရှိသည့်​အတိုင်း အစေခံ​ရမည်။ ဤသည်​မှာ ပြုလေသမျှတို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​ဘုန်းတော်​ထင်ရှား​ရန်​ဖြစ်၏။ ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ပြည့်စုံတော်မူ၏။ အာမင်။


ဘုရားသခင်​သည် အစဉ်​ထာဝရ​တန်ခိုး​ကြီးတော်မူပါစေသော။ အာမင်။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ကျွန်ုပ်တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်းသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်​ကာလ​အစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိ​နှင့် အာဏာစက်တို့​ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒ​ဩဝါဒစာ ပြီးပါပြီ။


ထို့နောက် ကောင်းကင်ဘုံ​၌ လူအုပ်ကြီး​၏ အသံ​ကဲ့သို့ ထွက်ပေါ်လာသော​ကြွေးကြော်သံ​ကို ကျွန်ုပ်​ကြားရ၏။ ထို​အသံ​မှာ “ဟာလေလုယာ။ ကျွန်ုပ်တို့​၏ ဘုရားသခင်​သည် ကယ်တင်သော​အရှင်၊ ဘုန်းကြီးသော​အရှင် တန်ခိုးကြီးသော​အရှင် ဖြစ်တော်မူ၏။


ကိုယ်တော်​က “အမှု​ပြီးပြီ။ ငါ​သည် အာလဖာ​နှင့် အိုမီဂါ၊ အစဦးဆုံးသောသူ​နှင့် နောက်ဆုံးသောသူ​ဖြစ်၏။ ရေငတ်သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့ ငါ​ပေးမည်။


သူတို့​က “ရာဇပလ္လင်တော်​ပေါ်တွင် ထိုင်တော်မူသော ငါတို့​၏​ဘုရားသခင်​နှင့် သိုးသငယ်တော်​တို့​သည် ငါတို့​ကို ကယ်တင်တော်မူပြီ” ဟူ၍ ကျယ်လောင်​စွာ ကြွေးကြော်ကြ၏။


သူတို့​က “အာမင်။ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်​ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ အစွမ်းသတ္တိတို့​သည် ငါတို့​၏​ဘုရားသခင်​အပေါ် အစဉ်​ထာဝရ​တည်ရှိပါစေသော။ အာမင်” ဟု ဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ