Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 3:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ဤသည်​မှာ ဘုရားသခင်​၏​လူတို့​သည် ကောင်းမှု​အမျိုးမျိုး​အတွက် အသင့်​ပြင်ဆင်ခံရ​လျက် အရည်အချင်း​ပြည့်ဝသူ ဖြစ်လာ​ရန်ပင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ဆောင်​သည်​ကောင်း မြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​တို့​ကို​ဆောင်​ရွက် ရန်​လို​အပ်​သည့်​ပြင်​ဆင်​မှု​ရှိ​ပြီး​လျှင် အ​ရည် အ​ချင်း​များ​နှင့်​ပြည့်​ဝ​စုံ​လင်​၍​လာ​ပေ​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ဤသည်ကား ဘုရားသခင်​၏​လူ​သည် ကောင်း​သော​အမှု​အမျိုးမျိုး​အတွက် အသင့်​ပြင်ဆင်​ခြင်း​ခံရ​လျက် ပြည့်ဝ​စုံလင်​သော​သူ​ဖြစ်​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 3:17
12 ပူးပေါင်းရင်းမြစ်များ  

ယုပ္ပေမြို့​တွင် ဂရိဘာသာစကား​အားဖြင့် ဒေါ်ကာ​ဟု ခေါ်သော၊ တဗိသ​အမည်​ရှိသည့် တပည့်တော်မ​တစ်ယောက်​ရှိ၏။ ထို​အမျိုးသမီး​သည် အကျင့်သီလ​ကောင်း​၍ အလှူအတန်း​ရက်ရောသူ​ဖြစ်၏။


ဘုရားသခင်​သည် သင်တို့​အတွက် ကျေးဇူးတော်​တိုင်း​ကို ကြွယ်ဝ​စွာ ပေးသနား​ရန် တတ်နိုင်တော်မူ၏။ ဤ​သည်​မှာ လိုအပ်သော​အရာများ​ကို အစဉ်​ရရှိခြင်း​အားဖြင့် သင်တို့​သည် ကောင်းမှု​တိုင်း​တွင် ကူညီမစ​နိုင်ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​လျက် ကြိုတင်​ပြင်ဆင်ထားတော်မူသော ကောင်းမှုများ​ကို ပြုစေ​ရန် ဖန်ဆင်းတော်မူခဲ့၏။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


တစ်စုံတစ်ယောက်​သည် အထက်ပါ​မကောင်းသော​အကျင့်​တို့ကို ဖယ်ရှား​လျှင် သူ​သည် အိမ်ရှင်​အတွက် သန့်ရှင်း​၍ အသုံးဝင်သည့် ဂုဏ်သရေရှိ​အသုံးအဆောင်၊ ကောင်းသော​အရာများ​အတွက် ပြင်ဆင်သော​အသုံးအဆောင် ဖြစ်လာမည်။


သူတို့​သည် ဘုရားသခင်​ကို သိသည်​ဟု ဝန်ခံ​သော်လည်း သူတို့​၏ အပြုအမူ​ဖြင့် ကိုယ်တော်​ကို ငြင်းပယ်ကြ၏။ သူတို့​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်​ကောင်းမှု​ကိုမျှ ပြုနိုင်စွမ်း​မရှိသောသူများ ဖြစ်ကြ၏။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


အုပ်ချုပ်သူများ​နှင့် အာဏာပိုင်များ​ကို နာခံကြ​ရန် ကရေတေကျွန်း​၌ နေထိုင်ကြသော​ယုံကြည်သူတို့​အား သတိပေးလော့။ သူတို့​သည် နာခံ​၍ ကောင်းမှု​အမျိုးမျိုး​ကို အချိန်မရွေး​ပြုနိုင်​ရန် အဆင်သင့်​ဖြစ်နေ​ရမည်။


မေတ္တာ​ထား​ရန်​နှင့် ကောင်းမှုပြု​ရန် အချင်းချင်း မည်သို့​နှိုးဆော်​ရမည်​ကို စဉ်းစား​ဆင်ခြင်ကြပါစို့။


မိမိ​နှစ်သက်တော်မူသော အရာ​ကို ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​တွင် ပြုတော်မူပါစေသော။ ကိုယ်တော်​၏ အလိုတော်​ကို သင်တို့​ဆောင်ရွက်​နိုင်ရန် ကောင်းမှု​အမျိုးမျိုးတို့​ဖြင့် သင်တို့​ကို ပြီးပြည့်စုံ​စေတော်မူပါ​စေသော။ ထို​သခင် ယေရှု​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ