သို့ရာတွင် ယေရှုက “ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။
ရှင်မာကု 8:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။ Common Language Bible ဘုရားတရားမဲ့၍ဆိုးသွမ်းသောဤခေတ်ဤ အခါ၌ မည်သူမဆိုငါနှင့်ငါ၏သြဝါဒ ကြောင့်ရှက်လျှင် လူသားသည်လည်းခမည်းတော် ၏ဘုန်းအသရေကိုဆောင်၍သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့်ကြွလာသောအခါ ထိုသူကြောင့်ရှက်တော်မူလတ္တံ့'' ဟုသူတို့ အားမိန့်တော်မူ၏။ Garrad Bible မျောက် မ ထား၍ ပြစ် မှား တတ် သော ယ ခု လူ မျိုး တွင် မည် သူ မ ဆို ငါ နှင့် ငါ မိန့် ဆို ချက် ကြောင့် ရှက် လျှင် လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် သန့် ရှင်း သော စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ သည့် ကာ လ ထို သူ ကြောင့် ရှက် တော် မူ လိမ့် မည် ဟု မိန့် တော် မူ ၏။ Judson Bible မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတ္တံ့။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဖောက်ပြန်၍ အပြစ်နှင့်ပြည့်နေသော ဤခေတ်ကာလ၌ မည်သူမဆို ငါနှင့်ငါ့စကားအတွက်ရှက်လျှင် လူ့သားသည်လည်း သန့်ရှင်းသောကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတ္တံ့။ |
သို့ရာတွင် ယေရှုက “ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။
လူသားသည် မိမိ၏ကောင်းကင်တမန်များကို စေလွှတ်လိမ့်မည်။ ထိုကောင်းကင်တမန်တို့သည် အပြစ်ကျူးလွန်စေသောသူများနှင့် မတရားမှုပြုသူများအားလုံးကို နိုင်ငံတော်မှ ဖယ်ရှားကာ
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ကြွတော်မူ၏။
ထိုအရာများပြီးမှ နောက်ဆုံးတွင် လူသားကြွလာမည့် နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
ယေရှုက “မှန်ပါ၏။ လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ထိုသခင်က ‘ရှိသောသူတို့အား များစွာထပ်၍ ပေးသဖြင့် သူတို့သည် ကြွယ်ဝကြလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် မိမိဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေ၊ သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေနှင့် ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ထို့နောက် “သင်တို့အား ငါအမှန်ဆို၏။ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအကြား လှေကားသဖွယ်ဖြစ်သောလူသားအပေါ်တွင် ဆင်းလျက်တက်လျက် နေကြသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ လူထုက “ခရစ်တော်သည် ထာဝရအသက်ရှင်တော်မူသည်ဟု ပညတ်ကျမ်းအရ ကျွန်ုပ်တို့သိရပါ၏။ သို့ဖြစ်၍ သင်က လူသားသည် မြေမှ မြှောက်ထားခြင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ထိုလူသားသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
ထို့ပြင် သားတော်သည် လူသားဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အား ပေးအပ်တော်မူ၏။
ထိုသူတို့က “ကျွန်ုပ်တို့ကို တပ်မှူးကော်နေလိက လွှတ်လိုက်ပါ၏။ သူသည် ဘုရားသခင်ကိုကြောက်ရွံ့၍ သမာသမတ်ကျသူဖြစ်ပြီး ဂျူးလူမျိုးတစ်ရပ်လုံး၏ချီးမွမ်းခြင်းခံရသောသူလည်း ဖြစ်၏။ သူ၏အိမ်သို့ သင့်ကို ဖိတ်ခေါ်၍ သင်ဟောပြောမည့်အကြောင်းကိုကြားနာရန် သန့်ရှင်းသောကောင်းကင်တမန်သည် သူ့အား ညွှန်ကြားလိုက်ပါ၏” ဟု တုံ့ပြန်ကြ၏။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းအတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းကောင်းသည် ယုံကြည်သောသူများဖြစ်သည့် ဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် လူမျိုးခြားများကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သောကြောင့်ပင်။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။
သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။
ကျွန်ုပ်တို့၏သခင် ယေရှုသည် မိမိ၏ ကောင်းကင်တမန်များနှင့်အတူ ပြန်လည်ကြွလာတော်မူသောအခါ သင်တို့သည် ကျွန်ုပ်တို့ အဖဘုရားသခင် ရှေ့တော်၌ အပြစ်ဆိုဖွယ်မရှိဘဲ သန့်ရှင်းနေရန် သခင်ဘုရားသည် သင်တို့၏ စိတ်ကို ခိုင်ခံ့မြဲမြံအောင် ပြုတော်မူပါစေသော။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့၏ သခင်ဘုရားအကြောင်း သက်သေခံရန် မရှက်နှင့်။ သခင်ဘုရားအတွက်ကြောင့် အကျဉ်းချခံနေရသော ကျွန်ုပ်အတွက်လည်း မရှက်နှင့်။ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် သတင်းကောင်းအတွက် ကျွန်ုပ်နှင့်အတူ ဒုက္ခခံလော့။
သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။
သူသည် အနာဂတ်တွင် ရမည့် ဆုလာဘ်ကို မျှော်ကိုးသောကြောင့် အီဂျစ်ပြည်၏ စည်းစိမ်ထက် ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံခြင်းသည် ပို၍ မြတ်သည်ဟု မှတ်ယူလေ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် စခန်းအပြင်ဘက်သို့ ထွက်ကာ ကိုယ်တော်ထံ သွား၍ ကိုယ်တော်ခံရသော ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြစို့။
သစ္စာမရှိသောသူတို့… လောကနှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောကနှင့် မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။
သားတော်ကို ငြင်းပယ်သူသည် ခမည်းတော်ကို မသိကျွမ်း။ သားတော်ကို ဝန်ခံသူသည် ခမည်းတော်ကို သိကျွမ်း၏။
သားသမီးတို့… ကိုယ်တော်ကြွလာတော်မူသောအခါ ကျွန်ုပ်တို့သည် ရှေ့တော်၌ ရှက်ကြောက်နေစရာမလိုဘဲ စိတ်ချယုံကြည်မှုရှိနိုင်ရန်အတွက် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။
ဘုရားသခင်၏အမျက်တော်ဖလား ထဲ၌ ပြည့်လျှံစွာ လောင်းထည့်ထားသည့် အမျက်တော်စပျစ်ဝိုင်ကို သောက်ရမည်။ ထိုသူတို့သည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲ၌ ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။