Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သား​သ​မီး​တို့၊ ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​၌​ငါ​တို့​သည်​ရှက်​ကြောက်​၍ ပုန်း​အောင်း​နေ ကြ​ရန်​မ​လို​ဘဲ ရှေ့​တော်​၌​ရဲ​ရင့်​ခွင့်​ရ​ရှိ​စေ ခြင်း​ငှာ၊ ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​ရှိ​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 သို့ ဖြစ်၍ သူ ငယ် တို့၊ ကိုယ် တော်၌ တည် နေ ကြ ဦး။ သို့ မှ ထင် ရှား တော် မူ သည့် ကာ လ ငါ တို့ သည် အ ပါး တော် တွင် ရှက် ကြောက်၍ မ တွန့် ဆုတ် ဘဲ ရဲ ရင့် ခွင့် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ချစ်​သား​တို့၊ သား​တော်​သည်​ထင်​ရှား ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သား​တော်၌ တည်​နေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထို့ကြောင့် သားသမီး​တို့၊ ငါ​တို့​သည် ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်တော်​ကြွလာ​တော်မူ​သည့်​အချိန်​တွင် ရှေ့​တော်​၌ ရှက်ကြောက်​ခြင်း​မ​ရှိ​စေရန် ကိုယ်တော်​၌​တည်​နေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:28
29 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​ကို မယုံကြည်​၍ အပြစ်​ကျူးလွန်သော ဤ​ခေတ်ကာလ​တွင် တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် သန့်ရှင်းသော​ကောင်းကင်တမန်များ​ခြံရံ​လျက် ခမည်းတော်​၏​ဘုန်းအသရေ​ကို​ဆောင်​ကာ ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။


လူသား​ကြွလာသော​နေ့ရက်​၌​လည်း ထို​ကဲ့သို့​ပင် ဖြစ်​လိမ့်မည်။


ကျမ်းစာ​၌ “ငါ​သည် ဆူးငြောင့်ခလုတ်​ဖြစ်သော ကျောက်တုံး​ကို ဇိအုန်မြို့​တွင် ချထား၏။ ထို​ကျောက်​သည် လူတို့​ကို လဲကျစေ​လိမ့်မည်။ သို့သော် ထို​အရှင်​ကို ယုံကြည်သောသူ​သည် အရှက်ရ​လိမ့်မည် မဟုတ်” ဟု ဖော်ပြထား၏။


သင်တို့​သည် ဝိညာဉ်​ဆုကျေးဇူး​တိုင်း​ကို ရရှိထား​ပြီး ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာမည်​ကို စိတ်အားထက်သန်​စွာ စောင့်မျှော်နေကြ၏။


သို့သော် ထမြောက်ခြင်း​တွင် အလှည့်ကျ​ရှိမည်​ဖြစ်ပြီး ခရစ်တော်​သည် အဦးဆုံး​ရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်​နှင့်​ဆိုင်သော​သူတို့​သည် ခရစ်တော် ပြန်လည်​ကြွလာတော်မူ​သောအခါ ထမြောက်ကြ​လိမ့်မည်။


ကျွန်ုပ်တို့​သည် ထို​သခင်​နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်း​အားဖြင့်​သော်လည်းကောင်း၊ ထို​သခင်​ကို ယုံကြည်ခြင်း​အားဖြင့်​သော်လည်းကောင်း ဘုရားသခင်​ထံသို့ ရဲရင့်မှု​နှင့် စိတ်ချယုံကြည်မှု​ဖြင့် ဝင်ရောက်​ချဉ်းကပ်ခွင့်​ကို ရရှိကြ၏။


သင်တို့​၏ အသက်​ဖြစ်သော ခရစ်တော် ပြန်ကြွလာ​၍ ထင်ရှား​သောအခါ သင်တို့​သည်လည်း ကိုယ်တော်​နှင့်အတူ ဘုန်းကြီး​၍ ထင်ရှားကြ​လိမ့်မည်။


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။


ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် မိမိ​၏ ကောင်းကင်တမန်များ​နှင့်အတူ ပြန်လည်​ကြွလာတော်မူ​သောအခါ သင်တို့​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင် ရှေ့တော်​၌ အပြစ်ဆိုဖွယ်​မရှိဘဲ သန့်ရှင်းနေ​ရန် သခင်ဘုရား​သည် သင်တို့​၏ စိတ်​ကို ခိုင်ခံ့မြဲမြံ​အောင် ပြုတော်မူပါစေသော။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


သင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာတော်မူသည့်​တိုင်အောင် အစွန်းအထင်း​ကင်း​၍ အပြစ်ဆိုဖွယ်​မရှိ​စေရန် ဘုရားသခင်​၏ ပညတ်တော်​ကို လိုက်နာလော့။


ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။


တစ်ချိန်တည်း​မှာပင် ကျွန်ုပ်တို့​သည် ကြီးမြတ်သည့်​ဘုရားသခင်​ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု​ခရစ်တော် ဘုန်းအသရေ​နှင့် ကြွလာမည့် မင်္ဂလာ​ရက်မြတ်​ကို စောင့်မျှော်နေကြ၏။


ခရစ်တော်​သည် လူ​များစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန် မိမိ​ကိုယ်ကိုယ် တစ်ကြိမ်တည်း​သာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များ​ကို ဖယ်ရှား​ရန် မဟုတ်ဘဲ ကိုယ်တော်​ကို စောင့်မျှော်နေ​သူတို့​အား ကယ်တင်​ရန် ဒုတိယ​အကြိမ်​ပေါ်ထွန်းတော်မူ​လိမ့်မည်။


ဤ​ဆင်းရဲဒုက္ခ​အမျိုးမျိုး​ကို ခံရခြင်း​သည် သင်တို့​၏ စစ်မှန်သည့် ယုံကြည်ခြင်း​ကို ဖော်ပြ​ရန်​ဖြစ်၏။ ပျက်စီးနိုင်သည့်​ရွှေ​ကို​ပင်လျှင် မီး​ဖြင့် သန့်စင်​၍​စစ်ဆေးရ၏။ စစ်မှန်သည့်​ယုံကြည်ခြင်း​သည် ထို​ရွှေ​ထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့​၏ ယုံကြည်ခြင်း​စစ်မှန်​လျှင် ယေရှု​ခရစ်တော် ကြွလာသော​အချိန်​တွင် သင်တို့​သည် ချီးမွမ်းခံရ​လျက် ဘုန်းအသရေ​နှင့် ဂုဏ်အသရေ​ကို ရရှိကြ​လိမ့်မည်။


သို့ပြုလျှင် သိုးထိန်းကြီး​ပေါ်ထွန်းတော်မူ​သောအခါ မမှေးမှိန်သော​ဘုန်းအသရေ​ရှိသည့် ဆုသရဖူ​ကို သင်တို့​ရရှိကြ​လိမ့်မည်။


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​သည် “အပြစ်ရှိသည်” ဟု မခံစားရ​လျှင် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​သို့ စိတ်ချ​ယုံကြည်မှု​ဖြင့် ချဉ်းကပ်​နိုင်ကြ၏။


ကျွန်ုပ်တို့​သည် ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့ ဖြစ်ကြ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံနေ​သောကြောင့် တရားစီရင်တော်မူရာ​နေ့​၌ စိတ်ချယုံကြည်မှု ရှိကြ​လိမ့်မည်။


ကျွန်ုပ်တို့​သည် အလိုတော်​နှင့်အညီ တစ်စုံတစ်ရာ​ကို တောင်းလျှောက်​လျှင် ဘုရားသခင်​သည် နားဆင်တော်မူမည်​ဟု သိ​သောကြောင့် ဘုရားသခင်​ထံသို့ စိတ်ချ​ယုံကြည်မှု​ဖြင့် ချဉ်းကပ်​နိုင်ကြ၏။


ကြည့်ရှုလော့။ ကိုယ်တော်​သည် မိုးတိမ်များ​ဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်​ကို လှံ​နှင့် ထိုးဖောက်ခဲ့သူများ​အပါအဝင် လူတိုင်း​က မြင်ကြရ​လိမ့်မည်။ ကမ္ဘာလောက​ရှိ လူမျိုး​အပေါင်းတို့​သည် ကိုယ်တော်​ကြောင့် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ထို​အရာ​သည် အမှန်​ပင်​ဖြစ်၏။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ