ရှင်မာကု 8:38 - Common Language Bible38 ဘုရားတရားမဲ့၍ဆိုးသွမ်းသောဤခေတ်ဤ အခါ၌ မည်သူမဆိုငါနှင့်ငါ၏သြဝါဒ ကြောင့်ရှက်လျှင် လူသားသည်လည်းခမည်းတော် ၏ဘုန်းအသရေကိုဆောင်၍သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့်ကြွလာသောအခါ ထိုသူကြောင့်ရှက်တော်မူလတ္တံ့'' ဟုသူတို့ အားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible38 မျောက် မ ထား၍ ပြစ် မှား တတ် သော ယ ခု လူ မျိုး တွင် မည် သူ မ ဆို ငါ နှင့် ငါ မိန့် ဆို ချက် ကြောင့် ရှက် လျှင် လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် သန့် ရှင်း သော စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ သည့် ကာ လ ထို သူ ကြောင့် ရှက် တော် မူ လိမ့် မည် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible38 မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတ္တံ့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း38 အကြောင်းမူကား ဖောက်ပြန်၍ အပြစ်နှင့်ပြည့်နေသော ဤခေတ်ကာလ၌ မည်သူမဆို ငါနှင့်ငါ့စကားအတွက်ရှက်လျှင် လူ့သားသည်လည်း သန့်ရှင်းသောကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း38 ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ38 မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတ္တံ့။ အခန်းကိုကြည့်ပါ။ |
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။
ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ဤခေတ်လူတို့သည်အလွန်ဆိုးညစ်၍ဘုရား သခင်ကိုယုံကြည်ခြင်းကင်းမဲ့ကြပါသည် တကား။ သင်တို့သည်နိမိတ်လက္ခဏာကိုတောင်း ဆိုကြ၏။ သို့ရာတွင်ယောန၏နိမိတ်လက္ခဏာ မှတစ်ပါးအဘယ်နိမိတ်လက္ခဏာမျှသင်တို့ တွေ့မြင်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်ထိုသူတို့ထံမှထွက် ခွာသွားတော်မူ၏။
သင်တို့သည်တောင်နှစ်ခြမ်းခွဲရာချိုင့်ဝှမ်း လမ်းဖြင့်ထွက်ပြေးလွတ်မြောက်ကြလိမ့် မည်'' ဟုယုဒဘုရင်သြဇိ၏လက်ထက် ၌မြေငလျင်လှုပ်စဉ်အခါက သင်တို့ ၏ဘိုးဘေးများထွက်ပြေးရကြသကဲ့ သို့သင်တို့သည်လည်းထွက်ပြေးရကြ လိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိနှင့်အတူကောင်းကင် တမန်များကိုခေါ်ဆောင်ကာကြွလာ တော်မူလိမ့်မည်။
ထိုသူတို့က ``ကောင်းကင်တမန်တစ်ပါးသည် တပ်ခွဲမှူးကော်နေလိအားအရှင့်ကိုခေါ်ဖိတ် ၍ အရှင်၏တရားစကားကိုကြားနာရန်ညွှန် ကြားခဲ့ပါသည်။ ကော်နေလိသည်လူကောင်း တစ်ယောက်ဖြစ်၍ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသူဖြစ်ပါသည်။ ယုဒအမျိုးသား အပေါင်းတို့၏ကြည်ညိုလေးစားမှုကို လည်းခံရသူဖြစ်ပါ၏'' ဟုပြောကြား၏။-
ငါတို့သခင်ယေရှုနောက်တစ်ကြိမ်ကြွလာ တော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့သည်သင်တို့ကိုသာလျှင်အကြောင်း ပြု၍ မိမိတို့၏အောင်မြင်မှုအတွက်ဂုဏ်ယူ ဝါကြွားနိုင်လိမ့်မည်။ သင်တို့သာလျှင်ငါ တို့၏မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ အကြောင်းဖြစ်လိမ့်မည်။ ငါတို့အားဂုဏ်ယူ ဝါကြွား၊ မျှော်လင့်ဝမ်းမြောက်စေသောသူ အပေါင်းတို့တွင်သင်တို့ပါဝင်ကြသည်။-
ဤနည်းအားဖြင့်ကိုယ်တော်သည်သင်တို့ကို ကြံ့ခိုင်စေတော်မူလိမ့်မည်။ ငါတို့အရှင်သခင် ယေရှုသည်မိမိ၏ကောင်းကင်တမန်အပေါင်း တို့နှင့်အတူကြွလာတော်မူသောအခါ၌ သင် တို့သည်ငါတို့အဖဘုရားသခင်၏ရှေ့တော် တွင်အပြစ်ဆိုဖွယ်မရှိသောသန့်ရှင်း မြင့်မြတ်သူများဖြစ်ကြပေအံ့။