Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 8:38 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 အကြောင်းမူကား ဖောက်ပြန်​၍ အပြစ်​နှင့်​ပြည့်​နေ​သော ဤ​ခေတ်ကာလ​၌ မည်သူမဆို ငါ​နှင့်​ငါ့​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း သန့်ရှင်း​သော​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 ဘု​ရား​တ​ရား​မဲ့​၍​ဆိုး​သွမ်း​သော​ဤ​ခေတ်​ဤ အ​ခါ​၌ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါ​ဒ ကြောင့်​ရှက်​လျှင် လူ​သား​သည်​လည်း​ခ​မည်း​တော် ၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​၍​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​ကြွ​လာ​သော​အ​ခါ ထို​သူ​ကြောင့်​ရှက်​တော်​မူ​လ​တ္တံ့'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 မျောက် မ ထား၍ ပြစ် မှား တတ် သော ယ ခု လူ မျိုး တွင် မည် သူ မ ဆို ငါ နှင့် ငါ မိန့် ဆို ချက် ကြောင့် ရှက် လျှင် လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် သန့် ရှင်း သော စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ သည့် ကာ လ ထို သူ ကြောင့် ရှက် တော် မူ လိမ့် မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 မျောက်​မ​ထား​သော ဤ​လူ​မျိုး​ဆိုး​တွင် အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏။ လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​သော​အ​ခါ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

38 ဘုရားသခင်​ကို မယုံကြည်​၍ အပြစ်​ကျူးလွန်သော ဤ​ခေတ်ကာလ​တွင် တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် သန့်ရှင်းသော​ကောင်းကင်တမန်များ​ခြံရံ​လျက် ခမည်းတော်​၏​ဘုန်းအသရေ​ကို​ဆောင်​ကာ ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

38 မျောက်​မ​ထား​သော ဤ​လူ​မျိုး​ဆိုး​တွင် အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏။ လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​သော​အ​ခါ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 8:38
44 ပူးပေါင်းရင်းမြစ်များ  

မီး​မြစ်​တစ်​စင်း​သည် ရှေ့​တော်​မှ စီး​ထွက်​၏​။ အထောင်ထောင်​သော​လူ​တို့​သည် အမှု​တော်​ကို ထမ်း​ကြ​၏​။ အသောင်းသောင်း​သော​လူ​တို့​သည် ရှေ့​တော်​တွင် ရပ်​လျက်​နေ​၏​။ တရားစီရင်​ချိန်​ကျရောက်​သဖြင့် စာအုပ်​များ​ကို ဖွင့်​ထား​၏​။


ညအချိန် စိတ်အာရုံ​တွင် လူသား​နှင့်​တူ​သော​သူ​တစ်ဦး မိုး​တိမ်​ကို​စီး​လျက်​ကြွလာ​သည်​ကို ငါ​မြင်​ရ​၏​။ ရှေး​အရှင်သခင်​ရှိ​ရာ​သို့​ရောက်လာ​သောအခါ သူ့​ကို​အထံ​တော်​သို့ ခေါ်သွင်း​ကြ​၏​။


ဤ​တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​သည် အာဇေလ​အရပ်​တိုင်အောင် ရောက်​လိမ့်မည်​။ ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက် ငလျင်လှုပ်​သဖြင့် သင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ယခု​လည်း တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​အတိုင်း သင်​တို့ ထွက်ပြေး​ရ​လိမ့်မည်​။ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​သည်​လည်း မိမိ​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်​။


ကိုယ်တော်​က​လည်း“ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်မည်​မ​ဟုတ်။


လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် မှားယွင်း​စေ​သော​အရာ​များ​နှင့် တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​များ​အားလုံး​တို့​ကို နိုင်ငံ​တော်​မှ နုတ်ယူ​ပြီးလျှင်


အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။


သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် လူ့သား​သည် မိမိ​၏​နိုင်ငံ​တော်​နှင့်​ကြွလာ​သည်​ကို​မ​မြင်​မီ သေ​ခြင်း​ကို မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ထံမှ ထွက်ခွာ​သွား​တော်မူ​၏။


ထို့နောက် လူ့သား​၏​နိမိတ်​လက္ခဏာ​သည် ကောင်းကင်​၌ ထင်ရှား​လိမ့်မည်။ ထိုအခါ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​နွယ်စု​အားလုံး​တို့​သည် ရင်ဘတ်​စည်တီး​လျက် မြည်တမ်း​ကာ လူ့သား​သည် တန်ခိုး​နှင့်​ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် ကောင်းကင်​မှ မိုးတိမ်​များ​စီး​လျက် ကြွလာ​သည်​ကို မြင်​ရ​ကြ​လိမ့်မည်။


လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကောင်းကင်တမန်​အပေါင်း​တို့​နှင့်တကွ ကြွလာ​သောအခါ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော မိမိ​၏​ပလ္လင်​ပေါ်၌ ထိုင်​တော်မူ​လိမ့်မည်။


ယေရှု​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း။ ထို့ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်တွင် လူ့သား​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​၏​လက်ယာ​ဘက်​၌​ထိုင်​၍ ကောင်းကင်​မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု ပြန်၍​မိန့်​တော်မူ​၏။


ယေရှု​က​လည်း“မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။


ထိုအခါ လူ့သား​သည် ကြီးမား​သော​တန်ခိုး​နှင့် ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။


ယေရှု​က​လည်း“ငါ​ဖြစ်​၏။ လူ့သား​သည် တန်ခိုး​တော်​၏​လက်ယာ​ဘက်​၌​ထိုင်​လျက် ကောင်းကင်​မိုးတိမ်​များ​ဖြင့်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


တစ်နည်းအားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။


သခင်​က ‘သင်​တို့​ကို ငါ​ဆို​သည်​ကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။


မည်သူမဆို ငါ​နှင့်​ငါ့​တရား​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း မိမိ​၏​ဘုန်း​အသရေ၊ ခမည်းတော်​၏​ဘုန်း​အသရေ​နှင့် သန့်ရှင်း​သော​ကောင်းကင်တမန်​များ​၏​ဘုန်း​အသရေ​တို့​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။


“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​သည်​ပွင့်​လျက် ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် လူ့သား​၏​အပေါ်တွင် တက်​လျက်​ဆင်း​လျက်​နေ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ လူထု​ပရိသတ်​က “ခရစ်တော်​သည် ကာလ​အစဉ်အဆက်​တည်​တော်မူ​၏​ဟု ပညတ်​တရား​ကျမ်း​အားဖြင့် အကျွန်ုပ်​တို့​ကြားသိ​ထား​သည်။ သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် ‘လူ့သား​သည် မြှောက်​ထား​ခြင်း​ခံ​ရ​မည်’​ဟု ဆို​သနည်း။ ဤ​လူ့သား​ဆို​သူ​မှာ မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။


သား​တော်​သည် လူ့သား​ဖြစ်​သောကြောင့် ခမည်းတော်​သည် တရား​စီရင်​ပိုင်ခွင့်​ကို​လည်း သား​တော်​အား​ပေး​အပ်​တော်မူ​ပြီ။


သူ​တို့​က​လည်း “ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​တပ်မှူး​ကော်နေလိ​သည် သင့်​ကို မိမိ​အိမ်​သို့​ခေါ်ဖိတ်​၍ သင့်​ထံမှ တရား​စကား​ကို​နားထောင်​ရန် သန့်ရှင်း​သော​ကောင်းကင်တမန်​၏​ဗျာဒိတ်​တော်​ကို ခံရ​ပါ​သည်”​ဟု ဆို​ကြ​၏။


တမန်တော်​တို့​သည် နာမ​တော်​အတွက် အရှက်ခွဲ​ခြင်း​ကို​ခံထိုက်​သူ​များ​အဖြစ် မှတ်ယူ​တော်မူ​ခြင်း​ခံရ​သောကြောင့် ဝမ်းမြောက်​လျက် တရား​လွှတ်တော်​ရှေ့​မှ​ထွက်သွား​ကြ​၏။


ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ဤ​သတင်း​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ယုံကြည်​သော​သူ​အပေါင်း​တို့​အား ကယ်တင်​ခြင်း​ရရှိ​စေ​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


ငါ့​အတွက်​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​လက်ဝါးကပ်တိုင်​၌ ဝါကြွား​ခြင်း​မှတစ်ပါး အခြား​ဝါကြွား​စရာ​မ​ရှိ။ ငါ့​အနေဖြင့် လောက​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​၍ လောက​အနေဖြင့်​လည်း ငါ​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​လေ​ပြီ။


မောရှေ​က “​ထာဝရဘုရား​သည် သိနာ​တောင်​မှ ကြွလာ​တော်မူ​၏​။ စိရ​တောင်​မှ ထွန်းလင်း​တော်မူ​၏​။ ပါရန်​တောင်​မှ ရောင်ခြည်လွှတ်​တော်မူ​၏​။ လက်ယာ​လက်​တော်​၌ ဥပဒေသမီး​ပါ​လျက် သန့်ရှင်း​သူ​အထောင်အသောင်း​တို့​နှင့် ကြွလာ​တော်မူ​၏​။


ငါ​တို့​သခင်​ယေရှု​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​၌ ငါ​တို့​၏​မျှော်လင့်​စရာ​အကြောင်း၊ ဝမ်းမြောက်​စရာ​အကြောင်း​နှင့် ဝါကြွား​စရာ​သရဖူ​ဖြစ်​မည့်​သူ​မှာ မည်သူ​နည်း။ သင်​တို့​ပင်​မ​ဟုတ်​လော။


ထို့ပြင် ငါ​တို့​၏​သခင်​ယေရှု​သည် မိမိ​၏​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​သောအခါ ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​တွင် သင်​တို့​၏​စိတ်နှလုံး​ကို မြင့်မြတ်​သန့်ရှင်း​ခြင်း​အရာ​၌ အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။ အာမင်။


ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


သခင်​ဘုရား​သည် ဩနေသိဖော်​၏​မိသားစု​အပေါ် ကရုဏာ​သက်​တော်မူ​ပါစေသော။ အဘယ်ကြောင့်​ဆိုသော် သူ​သည် ငါ့​ကို အကြိမ်ကြိမ်​နှစ်သိမ့်​လန်းဆန်း​စေ​ပြီး သံကြိုး​ဖြင့် ငါ​ချည်နှောင်​ထား​ခြင်း​ခံရ​သည်​ကို ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ


ထို့ကြောင့် ငါ​တို့​၏​သခင်​ဘုရား​အကြောင်း သက်သေခံ​သည်​ကို​လည်းကောင်း၊ ငါ​သည် ကိုယ်တော်​အတွက် အကျဉ်းသား​ဖြစ်​သည်​ကို​လည်းကောင်း ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။


သို့သော် အမှန်​အားဖြင့် သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့်​ပြည်​တည်းဟူသော သာ၍​မြတ်​သော​ပြည်​ကို အလွန်​တောင့်တ​နေ​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​၏​ဘုရား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို ရှက်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​အတွက် မြို့​တော်​ကို​ပြင်ဆင်​ထား​တော်မူ​၏။


သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။


သို့ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​ခံ​ခဲ့​သော​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ဆောင်ယူ​ပြီး စခန်း​အပြင်​သို့​ထွက်​၍ ကိုယ်တော်​ထံသို့ သွား​ကြ​ကုန်စို့။


ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။


သား​တော်​ကို​ငြင်းပယ်​သော​သူ​ရှိသမျှ​တို့​သည် ခမည်းတော်​ကို​မ​ရ။ သား​တော်​ကို​ဝန်ခံ​သော​သူ​သည် ခမည်းတော်​ကို​ရ​၏။


ထို့ကြောင့် သားသမီး​တို့၊ ငါ​တို့​သည် ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်တော်​ကြွလာ​တော်မူ​သည့်​အချိန်​တွင် ရှေ့​တော်​၌ ရှက်ကြောက်​ခြင်း​မ​ရှိ​စေရန် ကိုယ်တော်​၌​တည်​နေ​ကြ​လော့။


ဘုရားသခင်​၏​အမျက်​တော်​ခွက်​၌ မည်သည့်​အရာ​မျှ​မရောစပ်​ဘဲ​လောင်းထည့်​သည့် ကိုယ်တော်​၏​ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို သောက်​ရ​လိမ့်မည်။ ထို​သူ​သည် သန့်ရှင်း​သော​ကောင်းကင်​တမန်​များ​နှင့် သိုးသငယ်​တော်​၏​ရှေ့မှောက်​တွင် ကန့်​နှင့်​မီး​တို့​ထဲ၌ ညှဉ်းဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ