၁ သက် 2:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း19 သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။ အခန်းကိုကြည့်ပါ။Common Language Bible19 ငါတို့သခင်ယေရှုနောက်တစ်ကြိမ်ကြွလာ တော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့သည်သင်တို့ကိုသာလျှင်အကြောင်း ပြု၍ မိမိတို့၏အောင်မြင်မှုအတွက်ဂုဏ်ယူ ဝါကြွားနိုင်လိမ့်မည်။ သင်တို့သာလျှင်ငါ တို့၏မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ အကြောင်းဖြစ်လိမ့်မည်။ ငါတို့အားဂုဏ်ယူ ဝါကြွား၊ မျှော်လင့်ဝမ်းမြောက်စေသောသူ အပေါင်းတို့တွင်သင်တို့ပါဝင်ကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible19 ငါ တို့ မျှော် လင့် ရာ အ ကြောင်း၊ ရွှင် လန်း ရာ အ ကြောင်း၊ ဂုဏ် တင် ရာ သ ရ ဖူ မှာ အ သို့ နည်း။ ငါ တို့ အ ရှင် ယေ ရှု ကြွ လာ တော် မူ သည့် ကာ လ ရှေ့ တော် တွင် သင် တို့ ပင် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible19 ငါတို့မျှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည်မဟုတ်လော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့၏မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝါကြွားစရာသရဖူဖြစ်မည့်သူမှာ မည်သူနည်း။ သင်တို့ပင်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။