မဿဲ 16:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 အမှန်အကန်သင်တို့အားငါဆိုသည်ကားဤ အရပ်ရှိလူအချို့တို့သည် လူသားအားဘုရင် အဖြစ်နှင့်ကြွလာတော်မူသည်ကိုမမြင်မီ မသေရကြ'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 ဤ တွင် ရပ် နေ သူ အ ချို့ သည် နိုင် ငံ တော် ၌ ကြွ လာ တော် မူ သော လူ သား ကို မ မြင် မီ အ လျှင်း မ သေ ရ။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် လူ့သားသည် မိမိ၏နိုင်ငံတော်နှင့်ကြွလာသည်ကိုမမြင်မီ သေခြင်းကို မမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ28 ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။