Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 8:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 သို့သော် ယေရှု​က “မြေခွေးတို့​၌ နေစရာ တွင်း​ရှိ၏။ ငှက်တို့​၌ နားစရာ​အသိုက်​ရှိ၏။ လူသား​၌​မူ ခေါင်းချစရာ​နေရာ​ပင် မရှိ” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ယေ ရှု က မြေ ခွေး များ မှာ တွင်း ရှိ၏။ လေ သ တ္တ ဝါ များ မှာ အ သိုက် ရှိ၏။ လူ့ သား မှာ မူ ခေါင်း ချ ရာ မျှ မ ရှိ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ယေရှု​က​လည်း“မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 8:20
35 ပူးပေါင်းရင်းမြစ်များ  

လူသား​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရနိုင်​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသော​သူ​သည် ယခု​ဘဝ၊ နောင်ဘဝ​၌ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။


ယောန​သည် ငါး​ကြီး​၏ ဝမ်းတွင်း​၌ သုံးရက်​နှင့် သုံးည​တိုင် နေရ​သကဲ့သို့ လူသား​သည် မြေကြီး​ထဲ​၌ သုံးရက်​နှင့် သုံးည နေရ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် လူသား​သည် ဥပုသ်နေ့​၏ အရှင်သခင် ဖြစ်​သောကြောင့်​ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။


ယေရှု​က “ကောင်းသော​မျိုးစေ့​ကို ကြဲသော​သူ​မှာ လူသား​ဖြစ်၏။


ထို့နောက် ယေရှု​သည် ဆီဇာရီးယား​ဖိလိပ္ပုနယ်​သို့ ရောက်​သောအခါ တပည့်တော်တို့​အား “လူတို့​သည် လူသား​ကို မည်သူ​ဖြစ်သည်​ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ၏။


လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား​သည် သေခြင်း​မှ မထမြောက်​မီ​အထိ သင်တို့​မြင်တွေ့ခဲ့ရသော ရူပါရုံ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု သူတို့​အား မှာကြားတော်မူ၏။


ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ အရာ​အားလုံး​ကို အသစ်ပြုပြင်သော​အချိန်​တွင် လူသား​သည် မိမိ​၏ ဘုန်းတော်​နှင့်​ပြည့်စုံသော ရာဇ​ပလ္လင်​ပေါ်တွင် ထိုင်​လိမ့်မည်။ ထိုအခါ ငါ့​နောက်သို့ လိုက်ကြသော​သင်တို့​သည် ရာဇပလ္လင်​ဆယ့်နှစ်ခု​ပေါ်တွင် ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။


ဘုရားသခင်​ကို မယုံကြည်​၍ အပြစ်​ကျူးလွန်သော ဤ​ခေတ်ကာလ​တွင် တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် သန့်ရှင်းသော​ကောင်းကင်တမန်များ​ခြံရံ​လျက် ခမည်းတော်​၏​ဘုန်းအသရေ​ကို​ဆောင်​ကာ ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​ပြောမည်။ လူတို့​ရှေ့တွင် ငါ့​ကို ထုတ်ဖော်ဝန်ခံ​သူ ရှိသမျှတို့​အား လူသား​သည်လည်း ဘုရားသခင်​၏​ကောင်းကင်တမန်များ​ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် သူတို့​အတွက် လျင်မြန်​စွာ တရားမျှတ​စွာ စီရင်ပေး​လိမ့်မည်။ သို့ရာတွင် လူသား​ပြန်လည်​ကြွလာ​သောအခါ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်​၌ ယုံကြည်ခြင်း​ရှိသူ​ကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။


မည်ကဲ့သို့​သိမြင်မည်​ဆိုလျှင် အနှီး​ဖြင့် ရစ်ပတ်ထား​၍ နွားစားခွက်​တွင် သိပ်ထားသော​သူငယ်​ကို သင်တို့​တွေ့ရ​လိမ့်မည်” ဟု ဆိုလေ၏။


သူတို့​သည် အလျင်အမြန်​သွား​၍ မာရိ​နှင့်​ယောသပ်​ကို​လည်းကောင်း၊ နွားစားခွက်​တွင် သိပ်ထားသော​သူငယ်တော်​ကို​လည်းကောင်း တွေ့မြင်ကြ၏။


သားဦး​ကို မွေးဖွားလေ၏။ တည်းခိုခန်း​တွင် သူတို့​အတွက် တည်းခို​ရန် နေရာ​မရှိ​သောကြောင့် မာရိ​သည် သူငယ်​ကို အနှီး​နှင့်​ရစ်ပတ်​၍ နွားစားခွက်​၌ သိပ်ထားလေ၏။


ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့​မှ လွတ်မြောက်ရေး​အတွက် အားအင်​ရရှိ​ရန်​နှင့် လူသား​ရှေ့တော်မှောက်​တွင် ရပ်​နိုင်ရန် အချိန်​တိုင်း ဆုတောင်း​၍ သတိ​နှင့်​နေကြလော့” ဟု မိန့်တော်မူ၏။


ဟေရုဒ်​၏​အိမ်တော်ထိန်း​ခုဇ​၏​ဇနီး ယောဟန္န​နှင့် ရှုရှန္န​အပါအဝင် ယေရှု​နှင့် တပည့်တော်တို့​အား မိမိတို့​ဥစ္စာများ​ဖြင့် ကူညီ​ထောက်ပံ့သော အခြား​အမျိုးသမီးများ​လည်း ပါကြ၏။


သို့သော် ယေရှု​က “မြေခွေးတို့​၌ နေစရာ တွင်း​ရှိ၏။ ငှက်တို့​၌ နားစရာ​အသိုက်​ရှိ၏။ လူသား​၌​မူ ခေါင်းချစရာ​နေရာ​ပင် မရှိ” ဟု မိန့်တော်မူ၏။


ထို့နောက် “သင်တို့​အား ငါ​အမှန်​ဆို၏။ ကောင်းကင်​ပွင့်​၍ ဘုရားသခင်​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်​နှင့်​မြေကြီး​အကြား လှေကား​သဖွယ်​ဖြစ်သော​လူသား​အပေါ်​တွင် ဆင်း​လျက်​တက်​လျက် နေကြသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအခါ လူထု​က “ခရစ်တော်​သည် ထာဝရ​အသက်ရှင်တော်မူသည်​ဟု ပညတ်ကျမ်း​အရ ကျွန်ုပ်တို့​သိရပါ၏။ သို့ဖြစ်၍ သင်​က လူသား​သည် မြေ​မှ မြှောက်ထားခြင်း​ခံရမည်​ဟု အဘယ်ကြောင့်​ဆိုသနည်း။ ထို​လူသား​သည် မည်သူနည်း” ဟု မေးမြန်းကြ၏။


ယုဒ​ထွက်သွား​ပြီးနောက် ယေရှု​က “လူသား​သည် ဘုန်းတော်​ထင်ရှားမည့် အချိန် ယခု​ကျရောက်ပြီ။ ဘုရားသခင်​သည်လည်း လူသား​အားဖြင့် ဘုန်းထင်ရှားတော်မူ​လိမ့်မည်။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော လူသား​မှလွဲ၍ မည်သူ​မျှ ကောင်းကင်ဘုံ​သို့ မရောက်ဖူး။


မောရှေ​သည် တောကန္တာရ​၌ ကြေးမြွေရုပ်​ကို တိုင်ထိပ်​တွင် မြှောက်ထား​သကဲ့သို့ လူသား​သည်လည်း မြှောက်ထားခြင်း​ခံရ​လိမ့်မည်။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် လူသား​၏ အသား​ကို မစား၊ အသွေး​ကို မသောက်ဘဲ နေ​လျှင် ထာဝရ​အသက်​ကို​မရနိုင်။


သို့ဖြစ်လျှင် လူသား​သည် ကောင်းကင်​သို့ တစ်ဖန် တက်ကြွသည်​ကို သင်တို့ မြင်ရ​ပါက မည်သို့​ထင်မှတ်ကြမည်နည်း။


ထိုအခါ သတေဖန်​က “ကြည့်ပါ။ ကောင်းကင်ပွင့်​၍ လူသား​သည် ဘုရားသခင်​၏​လက်ယာတော်ဘက်​၌ ရပ်နေတော်မူသည်​ကို ကျွန်ုပ်​မြင်ရပါသည်” ဟု ပြောလေ၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ