သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ရောမ 9:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် သူတို့၏ ဘိုးဘေးများဖြစ်၏။ ခရစ်တော်ကိုယ်တိုင်သည်လည်း လူသားအနေဖြင့် သူတို့၏ အမျိုးဖြစ်၏။ ခရစ်တော်သည် အရာခပ်သိမ်းကို အုပ်စိုး၍ ထာဝရမင်္ဂလာရှိသော ဘုရားသခင်လည်း ဖြစ်တော်မူ၏။ အာမင်။ Common Language Bible သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။ Garrad Bible ဘိုး တော် ဘေး တော် များ မှ ဆင်း သက် ခွင့်၊ ရုပ် ခ န္ဓာ အ လျောက် ခ ရစ် တော် နှင့် တော် စပ် ခွင့် ရ သူ တို့ ဖြစ် ကြ သ တည်း။ ထို အ ရှင် သည် ရှိ သ မျှ အ ပေါ် တွင် အုပ် စိုး လျက် က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ နှင့် ပြည့် စုံ သော ဘု ရား ဖြစ် တော် မူ၏။ အာ မင်။ Judson Bible ဘိုးဘေးများတို့နှင့် ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏အမျိုး ဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။ မြန်မာ့စံမီသမ္မာကျမ်း ရှေးဘိုးဘေးတို့သည် သူတို့နှင့်ဆက်နွှယ်ကြ၍ ခရစ်တော်သည်လည်း လူသားအနေဖြင့် သူတို့ထဲမှပေါ်ထွန်းတော်မူ၏။ ထိုအရှင်သည် အရာခပ်သိမ်းတို့အထက်၌ရှိ၍ ကာလအစဉ်အဆက်မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။ |
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ထို့ကြောင့် ဒါဝိဒ်မင်းသည် ခရစ်တော်ကို ‘သခင်’ ဟူ၍ ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ဒါဝိဒ်မင်း၏သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သော ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိ၏အစေခံယေရှုအား ဘုန်းကြီးစေတော်မူပြီ။ ထိုယေရှုမှာ ပိလတ်မင်းလက်သို့ သင်တို့အပ်နှံ၍ ပိလတ်မင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်သော်လည်း သင်တို့ငြင်းပယ်ကြသောသူပင်ဖြစ်၏။
သူတို့သည် ဘုရားသခင်၏ အမှန်တရားကို အလိမ်အညာနှင့် လဲလှယ်ကြ၏။ ဖန်ဆင်းရှင်အစား ဖန်ဆင်းခံအရာများကို ကိုးကွယ်၍ အစေခံကြ၏။ ထိုဖန်ဆင်းရှင်သည် ထာဝရချီးမွမ်းခံထိုက်တော်မူ၏။ အာမင်။
ဘုရားသခင်၏သားတော်အကြောင်း ဖြစ်၏။ ထိုသားတော်သည် လူသားအဖြစ် ဒါဝိဒ်မင်း၏မျိုးနွယ်မှ မွေးဖွားလာတော်မူခဲ့၏။
ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ ခွဲခြားခြင်းမရှိ။ သူတို့၌ သခင်တစ်ပါးတည်း ရှိ၍ ထိုသခင်ထံ ဆုတောင်းသောသူတို့အား ရက်ရောစွာ ပေးသနားတော်မူ၏။
အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို ငြင်းပယ်ကြသောကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြပြီး ထိုအရာသည် လူမျိုးခြားဖြစ်သော သင်တို့အတွက် အကျိုးဖြစ်လာစေ၏။ သို့သော်လည်း ဘုရားသခင်သည် သူတို့၏ ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို ရွေးကောက်ထားတော်မူသောကြောင့် သူတို့အား ချစ်တော်မူဆဲ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သင်သည် စိတ်ဝိညာဉ်နှင့် ဘုရားသခင်ကို ချီးမွမ်းလျှင် အကျွမ်းတဝင်မရှိသေးသောလူတစ်ယောက်သည် သင်ပြောနေသောစကားကို နားမလည်သောကြောင့် ဘုရားသခင်အား သင်ကျေးဇူးတင်သည်ကို အာမင်ဟု မည်သို့ ဝန်ခံပြောဆိုနိုင်မည်နည်း။
ကျွန်ုပ်လိမ်လည်၍ မပြောကြောင်းကို သခင်ယေရှု၏ ခမည်းတော်ဖြစ်တော်မူသော ထာဝရမင်္ဂလာရှိတော်မူသည့်ဘုရားသခင် သိတော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသည့် တစ်ဆူတည်းသောအရှင်၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်သည် အချိန်တန်သောအခါ ယေရှုခရစ်တော်ကို ပေါ်ထွန်းစေတော်မူလိမ့်မည်။
ကျွန်ုပ်ဟောပြောသည့် သတင်းကောင်းအတိုင်း ဒါဝိဒ်မင်း၏မျိုးနွယ်မှ ဆင်းသက်လာပြီး သေခြင်းမှထမြောက်တော်မူသောယေရှုခရစ်တော်ကို သတိရလော့။
သို့သော် ယေရှုမှာမူ ထာဝရအသက်ရှင်သောကြောင့် ကိုယ်တော်၏ယဇ်ပုရောဟိတ်အရိုက်အရာသည် မည်သည့်အခါမျှ မပြောင်းလဲပါ။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
ငါယေရှုသည် အသင်းတော်များ၌ရှိသော သင်တို့အား ဤအကြောင်းအရာများကို သက်သေခံရန် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်ထား၏။ ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏ အမျိုးဖြစ်၏။ တောက်ပသောမိုးသောက်ကြယ်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။
ဤအကြောင်းအရာများကို သက်သေခံတော်မူသောအရှင်က “ဧကန်အမှန်ပင် ငါသည် မကြာမီလာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု… ကြွလာတော်မူပါ။
ထိုအခါ သတ္တဝါလေးပါးက “အာမင်” ဟုဆိုကြ၏။ အကြီးအကဲတို့သည်လည်း ဘုရားသခင်နှင့် သိုးသငယ်တော်ကို ဝပ်တွားခယလျက် ကိုးကွယ်ကြ၏။