ဗျာဒိတ် 1:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း18 ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 ငါ သည် အာ ဒိ က နှင့် အ န္တိ မ ဖြစ်၏။ အ သေ ခံ ခဲ့ သော် လည်း ရှင် မြဲ ရှင် လေ ပြီ။ က မ္ဘာ အ ဆက် ဆက် ရှင် နေ သည့် အ လျောက် မ ရ ဏာ့ နှင့် မ ရ ဏာ့ နိုင် ငံ၏ သော့ များ ကို ငါ ပိုင် ၏။ အခန်းကိုကြည့်ပါ။Judson Bible18 အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။ မရဏနှင့် မရဏနိုင်ငံကိုလည်း ငါအစိုးရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။
အို ကပေရနောင်မြို့… သင်သည် ကောင်းကင်တိုင်အောင် ချီးမြှောက်ခံရပါမည်လော။ မခံရပါ။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်၌ ငါပြုခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို ဆိုးသွမ်းသည့် သောဒုံမြို့တွင် ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ဆဲရှိမည်ဖြစ်သောကြောင့်ပင် ဖြစ်၏။
ထိုအခါ ကျွန်ုပ်ကြည့်လိုက်ရာ အရောင်မွဲမြင်းတစ်ကောင်ကို မြင်ရ၏။ ထိုမြင်းကို စီးသောသူ၏ အမည်မှာ သေမင်းဖြစ်၏။ သူ၏နောက်တွင် မရဏနိုင်ငံ လိုက်လာ၏။ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကို ဓားဘေး၊ အငတ်ဘေး၊ ရောဂါဘေး၊ ကမ္ဘာလောကရှိ သားရဲတိရစ္ဆာန်များ၏ဘေးတို့ဖြင့် သတ်ဖြတ်ရန် သူတို့အား အခွင့်အာဏာပေးထားတော်မူ၏။