Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 အစ္စရေးလူမျိုးတို့​သည် သတင်းကောင်း​ကို ငြင်းပယ်ကြ​သောကြောင့် ဘုရားသခင်​၏ ရန်သူများ​ဖြစ်ကြ​ပြီး ထို​အရာ​သည် လူမျိုးခြား​ဖြစ်သော သင်တို့​အတွက် အကျိုး​ဖြစ်လာစေ၏။ သို့သော်လည်း ဘုရားသခင်​သည် သူတို့​၏ ဘိုးဘေးများ​ဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်​တို့ကို ရွေးကောက်ထားတော်မူ​သောကြောင့် သူတို့​အား ချစ်တော်မူ​ဆဲ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သ​တင်း​ကောင်း​ကို​ပစ်​ပယ်​ကြ​သည့်​အ​တွက် ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​၏ ရန်​သူ​ဖြစ်​လာ​ကြ​၏။ ယင်း​သို့​ဖြစ်​လာ​ခြင်း သည်​လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​၏​အ​ကျိုး အ​တွက်​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​သူ​တို့​ကို​ရွေး​ချယ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​ဘိုး​ဘေး​များ​ကို​ထောက်​ထား​လျက် သူ​တို့​အား​ချစ်​တော်​မူ​သေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28-29 သ တင်း တော် မြတ် ကို ထောက် လျှင် သင် တို့ အ တွက် ကြောင့် သူ တို့ သည် ရန် သူ တော် များ မှန် သော် လည်း ရွေး ကောက် တော် မူ ခြင်း ကို ထောက် လျှင် ဆု ချ တော် မူ ခြင်း နှင့် ခေါ် ထား တော် မူ ခြင်း ကို နောင် တ လွတ် ဘု ရား သ ခင် ပေး တော် မူ သည့် အ တိုင်း ဘိုး ဘေး တို့ အ တွက် ကြောင့် မြတ် နိုး တော် မူ သူ များ ဖြစ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 သူ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့်​မူ​ကား သင်​တို့​အ​ကြောင်း​ကြောင့် ရန်​သူ​ဖြစ်​ကြ၏။ ရွေး​ကောက်​တော်​မူ​ခြင်း​အား​ဖြင့်​မူ​ကား၊ ဘိုး​ဘေး​များ​အ​ကြောင်း​ကြောင့် ချစ်​သူ​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ကောင်းမြတ်​သော​သတင်း​အရ သူ​တို့​သည် သင်​တို့​အတွက်​ကြောင့် ရန်သူ​များ​ဖြစ်​ကြ​သော်လည်း ရွေးကောက်​တော်မူ​ခြင်း​အရ ရှေး​ဘိုးဘေး​များ​အတွက်​ကြောင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:28
24 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​၏​နိုင်ငံတော်​ကို သင်တို့​ထံမှ သိမ်းယူ​၍ နိုင်ငံတော်​၏​အသီး​ကို သီးသည့်​လူများ​ထံသို့ ပေးအပ်တော်မူ​လိမ့်မည်။


ကိုယ်တော်​သည် ကျွန်မတို့​၏​ဘိုးဘေးများ​ဖြစ်သော အာဗြဟံ​နှင့် သူ​၏​မျိုးဆက်များ​အား ပေးခဲ့သော​ကတိတော်​ရှိသည့်​အတိုင်း သနားတော်မူ​ရန် အစဉ်အမြဲ​သတိရတော်မူပြီ။ ထို့ကြောင့် မိမိ​အစေခံ​အစ္စရေးလူမျိုး​ကို ကူညီမစတော်မူပြီ” ဟု ဆို၏။


သို့ရာတွင် ယုံကြည်သက်ဝင်မှု​မရှိသော​ဂျူးများ​က လူမျိုးခြားတို့​ကို သွေးထိုးလှုံ့ဆော်​၍ ယုံကြည်သူများ​အပေါ် မုန်းတီးစိတ်​ဖြစ်စေကြ၏။


ဂျူးတို့​သည် သူ့​ကို ဆန့်ကျင်​၍ ရှုတ်ချ​ပြောဆိုကြ​သောအခါ ပေါလု​သည် မိမိ​အဝတ်​ပေါ်မှ ဖုန်မှုန့်​ကို ခါချ​၍ “သင်တို့​၏​အပြုအမှု​အတွက် သင်တို့​ပင် တာဝန်​ခံရမည်။ ငါ​သည် ထို​အရာ​နှင့်​ကင်းရှင်းပါ၏။ ယခု​မှစ၍ လူမျိုးခြားတို့​ထံ သွားမည်” ဟု ပြောလေ၏။


သို့ဖြစ်လျှင် ဘုရားသခင်​၏ လူမျိုးတော်တို့​သည် တိုက်မိ​၍ လဲပြီလော​ဟု မေးသော် ထိုသို့​မလဲကြ။ အစ္စရေးလူမျိုးတို့ မနာခံ​သောကြောင့် ဘုရားသခင်​သည် ကယ်တင်ခြင်း​ကို လူမျိုးခြားတို့​အား ပေးတော်မူ၏။ ထိုသို့​ပြုတော်မူသည်​မှာ မိမိ​လူမျိုး​ဖြစ်သော အစ္စရေးလူမျိုးတို့​၌ သဝန်တိုစိတ်​ရှိလာ​စေရန် ဖြစ်၏။


ယခင်က သင်တို့​သည် ဘုရားသခင်​ကို မနာခံခဲ့ကြ​သော်လည်း ယခု​တွင်မူ အစ္စရေးလူမျိုးတို့​၏ မနာခံခြင်း​ကြောင့် သင်တို့​သည် ဘုရားသခင်​၏​သနားကြင်နာခြင်း​ကို ခံရကြ၏။


ထို့ကြောင့် မည်သို့​ဆိုရမည်နည်း။ အစ္စရေးလူမျိုးတို့​သည် မိမိတို့​ကြိုးစား​ရှာဖွေကြသည့် ဘုရားသခင်​၏ မျက်နှာသာပေးခြင်း​ကို မရရှိကြပေ။ ဘုရားသခင်​ရွေးကောက်တော်မူခြင်း​ကို ခံရသောသူတို့​ကသာ ရရှိကြပြီး ကျန်ရှိသော​သူတို့​မှာ ခေါင်းမာကြ၏။


ဘုရားသခင်​၏ ရန်သူ​ဖြစ်​စဉ်​ကပင် ဘုရားသခင်​၏ သားတော်​အသေခံတော်မူခြင်း​အားဖြင့် ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်ခွင့်​ကို ကျွန်ုပ်တို့​ရရှိ​လျှင် ပြန်လည်​သင့်မြတ်ခွင့်​ကို ရရှိပြီးသော ကျွန်ုပ်တို့​သည် သားတော်​အသက်ရှင်ခြင်း​အားဖြင့် ပို၍​ပင် ကယ်တင်ခြင်း​ခံရ​လိမ့်မည်။


အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့​သည် သူတို့​၏ ဘိုးဘေးများ​ဖြစ်၏။ ခရစ်တော်​ကိုယ်တိုင်​သည်လည်း လူသား​အနေဖြင့် သူတို့​၏ အမျိုး​ဖြစ်၏။ ခရစ်တော်​သည် အရာခပ်သိမ်း​ကို အုပ်စိုး​၍ ထာဝရ​မင်္ဂလာရှိသော ဘုရားသခင်​လည်း ဖြစ်တော်မူ၏။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ