ဗျာဒိတ် 5:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထိုအခါ သတ္တဝါလေးပါးက “အာမင်” ဟုဆိုကြ၏။ အကြီးအကဲတို့သည်လည်း ဘုရားသခင်နှင့် သိုးသငယ်တော်ကို ဝပ်တွားခယလျက် ကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သတ္တဝါလေးပါးတို့က``အာမင်'' ဟုတုံ့ပြန်ကြ ၏။ အကြီးအကဲတို့သည်လည်းပျပ်ဝပ်ရှိခိုး ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 အာ မင် ဟု သ တ္တ ဝါ လေး ပါး လိုက် ဆို ကြ သည် ကို ငါ ကြား ရ၏။ အ ကြီး အ ကဲ တို့ လည်း ပျပ် ဝပ် ရှိ ခိုး ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible14 သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပျပ်ဝပ်၍ ကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ သတ္တဝါလေးပါးတို့က “အာမင်”ဟု ဆိုကြ၏။ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်လျက်ရှိခိုးကြ၏။ အခန်းကိုကြည့်ပါ။ |
သိုးသငယ်တော်သည် စာလိပ်ကို ယူသောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် သိုးသငယ်တော်ရှေ့၌ ဝပ်တွားခယကြ၏။ သူတို့တစ်ဦးစီသည် စောင်းကိုလည်းကောင်း၊ အမွှေးနံ့သာနှင့်ပြည့်သော ရွှေဖလားကိုလည်းကောင်း ကိုင်ဆောင်ထားကြ၏။ ထိုရွှေဖလား၌ရှိသော အမွှေးနံ့သာများသည် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များကို ကိုယ်စားပြု၏။
ထို့နောက် အသေသတ်ခံရပြီးသကဲ့သို့ဖြစ်သော သိုးသငယ်တော်ကို ကျွန်ုပ်မြင်ရ၏။ ထိုသိုးသငယ်သည် ရာဇပလ္လင်တော်နှင့် သတ္တဝါလေးပါးတို့၏အလယ်၌ ရှိပြီး အကြီးအကဲတို့က ဝန်းရံထား၏။ ထိုသိုးသငယ်တော်၌ ချိုခုနစ်ချောင်းနှင့် မျက်လုံးခုနစ်လုံးရှိ၏။ ထိုမျက်လုံးတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ စေလွှတ်ခံရသော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးဖြစ်၏။