ရှင်ယောဟန် 10:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း30 ခမည်းတော်နှင့် ငါသည် တစ်သားတည်းဖြစ်၏” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible30 ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible30 ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ30 ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။