Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 အဘယ်ကြောင့်ဆိုသော် သင်​သည် စိတ်ဝိညာဉ်​နှင့် ဘုရားသခင်​ကို ချီးမွမ်း​လျှင် အကျွမ်းတဝင်​မရှိသေးသော​လူတစ်ယောက်​သည် သင်​ပြောနေသော​စကား​ကို နားမလည်​သောကြောင့် ဘုရားသခင်​အား သင်​ကျေးဇူးတင်သည်​ကို အာမင်​ဟု မည်သို့ ဝန်ခံ​ပြောဆို​နိုင်မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သင်​တို့​သည်​စိတ်​နှ​လုံး​အား​ဖြင့်​သာ​လျှင် ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​ပါ​မူ ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​၌​သာ​မန် လူ​တစ်​ယောက်​သည် သင်​တို့​ပြော​ဆို​သ​မျှ​စကား များ​ကို​နား​မ​လည်​နိုင်​သ​ဖြင့် အ​ဘယ်​သို့​လျှင် သင်​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို ``အာ​မင်'' ဟု​ဝန်​ခံ နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 စိတ် မ နော ဖြင့် သင် သြ ဘာ ဆက် လျှင် မူ ကား ထို သို့ ချီး မွမ်း ခြင်း ကို တ ပည့် ဖြစ် ရုံ မျှ ရှိ နေ သူ သည် နား မ လည် သော ကြောင့် အာ မင် ဟု မည် သို့ ဝန် ခံ နိုင် အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သို့​မ​ဟုတ် သင်​သည် စိတ်​နှ​လုံး​နှင့် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​အ​ခါ၊ မ​တတ်​သော လူ​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်၏​စ​ကား​ကို နား​မ​လည်​သော​ကြောင့်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​သို့​လိုက်၍၊ အာ​မင်​ဟု အ​ဘယ်​သို့ ဝန်​ခံ​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သို့မဟုတ်လျှင် သင်​သည် စိတ်​ဝိညာဉ်​အားဖြင့် ကျေးဇူး​တော်​ချီးမွမ်း​သောအခါ ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော အုပ်စု​အဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စကား​ကို နား​မ​လည်​သောကြောင့် သင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အတွက် “အာမင်”​ဟု မည်သို့​ပြော​နိုင်​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:16
30 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် မုန့်​ခုနစ်လုံး​နှင့် ငါးများ​ကို ယူ​လျက် ကျေးဇူးတော်​ချီးမွမ်း​ပြီးလျှင် ချိုးဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ၏။ တပည့်တော်တို့​သည်လည်း လူထု​ပရိသတ်တို့​အား ပေးဝေကြ၏။


သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။


ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ထို့နောက် တပည့်တော်တို့​သည်လည်း အရပ်ရပ်​သို့ သွား​၍ တရားတော်​ကို ဟောပြောကြ၏။ သခင်ဘုရား​သည်လည်း သူတို့​နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့​ဟောပြောသော​တရားတော် မှန်ကန်ကြောင်း​ကိုလည်း နိမိတ်​လက္ခဏာများ​ဖြင့် သက်သေပြတော်မူ၏။ ရှင်မာကု​ခရစ်ဝင်ကျမ်း ပြီးပါပြီ။


ယေရှု​ပြုတော်မူသော အခြား​အမှု​များစွာ​ရှိသေး၏။ ထို​အမှု​ရှိသမျှတို့​ကို တစ်ခုချင်း ရေးသားပြုစု​ရ​လျှင် ထို​ရေးသား​ပြုစုထားသော ကျမ်းဂန်များ​သည် ကမ္ဘာ​မဆံ့သည့်​တိုင်အောင် များပြားမည်​ဟု ကျွန်ုပ်​ထင်မြင်မိပါ၏။ ရှင်ယောဟန်​ခရစ်ဝင်ကျမ်း ပြီးပါပြီ။


ထိုအခါ ဂျူးခေါင်းဆောင်များ​က အံ့အားသင့်​လျက် “ဤ​သူ​သည် ကျမ်းများ​ကို မသင်ယူဘဲ မည်သို့​တတ်မြောက်​နေပါသနည်း” ဟု ပြောဆိုကြ၏။


ပေတရု​နှင့် ယောဟန်​တို့​မှာ ပညာတတ်​မဟုတ်၊ သာမန်လူ​သာ​ဖြစ်​လျက်နှင့် ထိုသို့​ရဲစွမ်းသတ္တိ​ရှိကြသည်​ကို မြင်​သောအခါ ထို​သူတို့​သည် အံ့သြကြ၏။ ထို့ပြင် ယေရှု​၏​အပေါင်းအဖော်များ​ဖြစ်ကြောင်း​ကိုလည်း မှတ်မိကြ၏။


ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ ထို့နောက် မုန့်​ကို ဖဲ့​၍ “ဤ​မုန့်​သည် သင်တို့​အတွက်​စွန့်သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်၏။ ငါ့​ကို အောက်မေ့သတိရ​ရန် ဤသို့​ပြုကြလော့” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အခြား​ဘာသာစကား​အားဖြင့် ဆုတောင်း​လျှင် ကျွန်ုပ်​၏ စိတ်ဝိညာဉ်​သည် ဆုတောင်းနေ​သော်လည်း ကျွန်ုပ်​၏ အသိဉာဏ်​အတွက် အကျိုး​မရှိ။


အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆိုသူ​သည် လူတို့​အား ပြောဆိုသည်​မဟုတ်။ ဘုရားသခင်​အား ပြောဆိုခြင်း​ဖြစ်၏။ ထိုသူ​ပြောသော​စကား​ကို မည်သူမျှ နားမလည်ပေ။ သူ​သည် ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် လျှို့ဝှက်​နက်နဲသော​အရာတို့​ကို ပြောဆိုနေခြင်း​ဖြစ်၏။


ကျွန်ုပ်​၏ ချစ်ခြင်းမေတ္တာ​သည် ယေရှု​ခရစ်တော်​၌ သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ ကောရိန္သု​ဩဝါဒစာ​ပထမစောင် ပြီးပါပြီ။


ဘုရားသခင်​၏ ကတိတော်​ရှိသမျှတို့​သည် ထို​အရှင်​၌ “ဟုတ်၏” ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန် ခရစ်တော်​အားဖြင့် “အာမင်” ဟူ၍ ဆိုကြ၏။


ဤ​အကြောင်းအရာများ​ကို သက်သေခံတော်မူသော​အရှင်​က “ဧကန်​အမှန်​ပင် ငါ​သည် မကြာမီ​လာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်​ယေရှု… ကြွလာတော်မူပါ။


ထိုအခါ သတ္တဝါ​လေးပါး​က “အာမင်” ဟု​ဆိုကြ၏။ အကြီးအကဲတို့​သည်​လည်း ဘုရားသခင်​နှင့် သိုးသငယ်တော်​ကို ဝပ်တွားခယ​လျက် ကိုးကွယ်ကြ၏။


သူတို့​က “အာမင်။ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်​ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ အစွမ်းသတ္တိတို့​သည် ငါတို့​၏​ဘုရားသခင်​အပေါ် အစဉ်​ထာဝရ​တည်ရှိပါစေသော။ အာမင်” ဟု ဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ