Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထိုသို့​ဆိုလျှင် မည်သို့​ပြုရမည်နည်း။ ကျွန်ုပ်​သည် စိတ်ဝိညာဉ်​နှင့် ဆုတောင်းမည်။ အသိဉာဏ်​နှင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်​နှင့် သီချင်းဆိုမည်။ အသိဉာဏ်​နှင့်​လည်း သီချင်းဆိုမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ဖြစ်​၍​အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ ငါ​သည် စိတ်​နှ​လုံး​အား​ဖြင့်​သာ​မ​က​အ​သိ​ဉာဏ်​အား ဖြင့်​လည်း​ဆု​တောင်း​ပတ္ထနာ​ပြု​မည်။ စိတ်​နှ​လုံး အား​ဖြင့်​သီ​ချင်း​ဆို​သည်​သာ​မ​က​အ​သိ ဉာဏ်​အား​ဖြင့်​လည်း​သီ​ဆို​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သို့ ဖြစ် လျှင် မည် သို့ နည်း။ ငါ သည် စိတ် မ နော ဖြင့် လည်း ကောင်း၊ ဉာဏ် ဖြင့် လည်း ကောင်း တောင်း လျှောက် ခြင်း၊ စိတ် မ နော ဖြင့် လည်း ကောင်း၊ ဉာဏ် ဖြင့် လည်း ကောင်း ကျူး ဧ ခြင်း ကို ပြု မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သို့​ဖြစ်​လျှင်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း၊ ဆု​တောင်း​ရ​မည်။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း သီ​ချင်း​ဆို​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ငါ​သည် စိတ်​ဝိညာဉ်​အားဖြင့် ဆုတောင်း​၍ အသိစိတ်​အားဖြင့်​လည်း ဆုတောင်း​မည်။ စိတ်​ဝိညာဉ်​အားဖြင့် သီချင်း​ဆို​၍ အသိစိတ်​အားဖြင့်​လည်း သီချင်း​ဆို​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:15
17 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ မည်သို့​ဆောင်ရွက်ရပါမည်နည်း။ သင်​ရောက်လာကြောင်း​ကို သူတို့​သည် အမှန်​ကြားသိကြမည်​ဖြစ်၏။


သင်တို့​အတွက် ကျွန်ုပ်​အစဉ်မပြတ် ဆုတောင်းပေး​လျက်​ရှိ၏။ ထိုသို့​ဆုတောင်းပေးခြင်း​နှင့်​ပတ်သက်၍ သားတော်​၏​သတင်းကောင်း​ကို ဟောပြော​ကာ စိတ်နှလုံး​အပြည့်အဝ​ဖြင့် ကျွန်ုပ်​အစေခံ​လျက်​ရှိသော ဘုရားသခင်​သည် သက်သေ​ဖြစ်တော်မူ၏။


သို့သော်လည်း ကျွန်ုပ်တို့​၏ မတရားမှု​သည် ဘုရားသခင်​၏ ဖြောင့်မတ်ခြင်း​ကို ပေါ်လွင်​ထင်ရှားစေ​လျှင် မည်သို့​ဆိုမည်နည်း။ ကျွန်ုပ်တို့​အပေါ် အမျက်တော်​ကျရောက်စေတော်မူသော ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင်​ဖြစ်သလော။ ဤ​အရာ​ကို လူသား​တစ်ယောက်​အနေဖြင့် ကျွန်ုပ်​ပြောဆိုခြင်း​ဖြစ်၏။


သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်​အကြောင်းအရာများ​ကို ထောက်​၍ မည်သို့​ဆိုရမည်နည်း။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ဘက်​၌ ရှိတော်မူ​လျှင် မည်သူ​သည် ကျွန်ုပ်တို့​ကို ဆန့်ကျင်​နိုင်မည်နည်း။


သို့ဖြစ်လျှင် မည်သည့်​အရာ​ကို ကျွန်ုပ် ဆိုလိုသနည်း။ ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​သည် အရေးပါသည်​ဟု ဆိုလိုသလော။ ထို​ရုပ်တုများ​သည် အရေးပါသည်​ဟု ဆိုလိုသလော။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အခြား​ဘာသာစကား​အားဖြင့် ဆုတောင်း​လျှင် ကျွန်ုပ်​၏ စိတ်ဝိညာဉ်​သည် ဆုတောင်းနေ​သော်လည်း ကျွန်ုပ်​၏ အသိဉာဏ်​အတွက် အကျိုး​မရှိ။


သို့ဖြစ်စေကာမူ အသင်းတော်​တွင် အခြား​ဘာသာစကား​ဖြင့် အခွန်း​တစ်သောင်း​ကို ပြောဆိုသည်​ထက် တစ်ပါးသူ​ကို သွန်သင်​ရန် နားလည်နိုင်သော​စကား​ငါးခွန်း​ကိုသာ ကျွန်ုပ်​ပြောဆိုမည်။


သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။


အမျိုးမျိုးသော ဆုတောင်းခြင်း​နှင့် အသနားခံခြင်းတို့​ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်​အတိုင်း အချိန်အခါ​တိုင်း​တွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်း​နိုင်ရန် နိုးနိုးကြားကြား နေ​၍ ယုံကြည်သူ​အပေါင်းတို့​အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။


သို့ဖြစ်လျှင် မည်သို့​ဆိုရမည်နည်း။ ဟန်ဆောင်​၍ပင် ဖြစ်စေ၊ ရိုးသား​၍ပင် ဖြစ်စေ မည်သည့်နည်း​ဖြင့်​မဆို ခရစ်တော်​၏​အကြောင်း​ကို ဟောပြောခြင်း​ဖြစ်​သောကြောင့် ကျွန်ုပ်​ဝမ်းမြောက်၏။ ဆက်​၍လည်း ဝမ်းမြောက်​နေဦးမည်။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


သင်တို့​တွင် ဆင်းရဲဒုက္ခ​ရောက်သော​သူ​ရှိ​လျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူ​ရှိလျှင် ချီးမွမ်း​သီချင်းဆိုစေ။


သို့သော် ချစ်ရသော​သူတို့… သင်တို့​သည် မိမိတို့​၏ အသန့်ရှင်းဆုံးသော​ယုံကြည်ခြင်း​၌ မိမိ​ကိုယ်ကိုယ် တည်ဆောက်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​၏ လမ်းညွှန်မှု​ဖြင့် ဆုတောင်းလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ