နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
ရောမ 1:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ယုံကြည်ခြင်းသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့လျက်ရှိသဖြင့် ယေရှုခရစ်တော်ပြုခဲ့သောအမှုကို အကြောင်းပြု၍ သင်တို့အားလုံးအတွက် ကျွန်ုပ်၏ဘုရားသခင်ကို ဦးစွာကျေးဇူးတင်ပါ၏။ Common Language Bible သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။- Garrad Bible သင် တို့ ယုံ ကြည် ခြင်း သည် တစ် လော က လုံး တွင် ကြေ ငြာ လျက် ရှိ သော ကြောင့် သင် တို့ ရှိ သ မျှ အ တွက် ငါ၏ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ယေ ရှု ခ ရစ် အား ဖြင့် ငါ ဦး စွာ ချီး မွမ်း ၏။ Judson Bible သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတစ်ပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေ့ဦးစွာ ငါချီးမွမ်း၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားလျက်ရှိသည်ဖြစ်၍ ငါသည် သင်တို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ပထမဦးစွာကျေးဇူးတင်၏။ |
နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
ထိုကာလ၌ ရောမဘုရင် ဩဂတ်စ်တပ်စ်ဆီဇာသည် တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် ကြေညာချက်ထုတ်ပြန်၏။
သူတို့အထဲမှ အာဂဗုအမည်ရှိသောသူသည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ပြင်းထန်သောအစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်ဟု ဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ကြိုဟောလေ၏။ ထိုအစာခေါင်းပါးခြင်းသည် ကလောဒိမင်းလက်ထက်တွင် ဖြစ်ပွား၏။
သို့ရာတွင် ဤဂိုဏ်းအကြောင်းနှင့်ပတ်သက်၍ နေရာအနှံ့တွင် ဆန့်ကျင်ပြောဆိုနေကြသည်ကို ကျွန်ုပ်တို့သိထားသောကြောင့် သင်၏ထင်မြင်ယူဆချက်ကို ကြားလိုပါသည်” ဟု ဆိုကြ၏။
သို့သော် အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို မကြားခဲ့ရသလောဟု ကျွန်ုပ်မေးလို၏။ အမှန်ပင် ကြားခဲ့ရ၏။ ကျမ်းစာ၌ “ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တရားစကားသည်လည်း ကမ္ဘာစွန်းတိုင် ရောက်လေပြီ” ဟု ဖော်ပြထား၏။
ဘုရားသခင်ကို သင်တို့နာခံကြောင်း လူတိုင်းသိကြသဖြင့် ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့သည် ကောင်းမှုနှင့်ပတ်သက်လျှင် ပညာသတိရှိ၍ မကောင်းမှုနှင့်ပတ်သက်လျှင် အပြစ်ကင်းကြရန် ကျွန်ုပ်အလိုရှိ၏။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ယေရှုခရစ်တော်အားဖြင့် သင်တို့အား ဘုရားသခင်ပေးသော ကျေးဇူးတော်ကို ထောက်၍ သင်တို့အတွက် ကျွန်ုပ်၏ဘုရားသခင်ကို ကျွန်ုပ်အစဉ်ကျေးဇူးတင်၏။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
ထို့ကြောင့် သခင်ယေရှုအပေါ် ထားသော သင်တို့၏ ယုံကြည်ခြင်းနှင့် ယုံကြည်သူများအပေါ် ထားသော သင်တို့၏ ချစ်ခြင်းအကြောင်းတို့ကို ကြားသည့်အချိန်မှစ၍
ကျွန်ုပ်သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်၍ သတိတရ ဆုတောင်းပေးနေ၏။
အသင်းတော်၌ မြင်တွေ့ရသော သူ၏ ကြီးမြတ်မှုကြောင့်လည်းကောင်း၊ ယေရှုခရစ်တော်လုပ်ဆောင်သောအမှုကြောင့်လည်းကောင်း ကမ္ဘာအဆက်ဆက် ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
ကျွန်ုပ်တို့သခင် ယေရှုခရစ်တော်၏ အမည်နာမတော်ကို အမှီပြု၍ အရာအားလုံးအတွက် ခမည်းတော်ဘုရားသခင်အား အစဉ် ကျေးဇူးတင်ကြလော့။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ကျွန်ုပ်တို့သည် သင်တို့အတွက် ဆုတောင်းတိုင်း ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ခမည်းတော်ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။
ကျွန်ုပ်တို့သည် သင်တို့အတွက် အဖဘုရားသခင်ထံ ဆုတောင်းရာတွင် သင်တို့သည် ယုံကြည်သည့်အတိုင်း လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ မေတ္တာကြောင့် ကြိုးစားအားထုတ်ကြသည်ကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်ကို မျှော်လင့်သောကြောင့် သည်းခံနိုင်ကြသည်ကိုလည်းကောင်း ကျွန်ုပ်တို့သတိရ၍ သင်တို့အားလုံးအတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်လျက် အစဉ်မပြတ် ဆုတောင်းပေးကြ၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
ကျွန်ုပ်သည် သင့်အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေးသောအခါ ကျွန်ုပ်၏ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်နည်းတူ လိပ်ပြာသန့်သန့်ဖြင့် ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်ကို ကျေးဇူးတင်၏။
ကျွန်ုပ်သည် သင့်အတွက် သတိရဆုတောင်းတိုင်း ကျွန်ုပ်၏ဘုရားသခင်ကို အစဉ်ကျေးဇူးတင်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုပြုခဲ့သောအမှုတော်အားဖြင့် ဘုရားသခင်၏ နာမတော်ကို ဝန်ခံလျက် ဘုရားသခင်အား ချီးမွမ်းခြင်းယဇ်ကို အစဉ်ပူဇော်ကြပါစို့။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။