Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 16:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ဘုရားသခင်​ကို သင်တို့​နာခံကြောင်း လူတိုင်း​သိကြ​သဖြင့် ကျွန်ုပ်​ဝမ်းမြောက်၏။ သင်တို့​သည် ကောင်းမှု​နှင့်​ပတ်သက်​လျှင် ပညာသတိ​ရှိ​၍ မကောင်းမှု​နှင့်​ပတ်သက်​လျှင် အပြစ်ကင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သင်​တို့​သည်​သ​တင်း​ကောင်း​ကို​အ​ဘယ်​မျှ​စွဲ​မြဲ​စွာ ယုံ​ကြည်​ကြ​ကြောင်း​ကို​လူ​တိုင်း​ပင်​ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​၏။ သင်​တို့​သည်​ကောင်း​မြတ်​သော​အ​မှု​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို​သိ​သော​ပ​ညာ​ရှိ​များ​ဖြစ်​ပြီး​လျှင် ညစ်​ညမ်း​သော​အ​မှု​နှင့်​ပတ်​သက်​၍​အ​ပြစ်​ကင်း သူ​များ​ဖြစ်​ကြ​စေ​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သင် တို့ နား ထောင် မှု သ တင်း သည် သူ ခပ် သိမ်း တို့ ထံ ကြေ ငြာ သည် ဖြစ်၍ သင် တို့ အ တွက် ငါ ဝမ်း မြောက် ရာ တွင် အ ကောင်း၌ လိ မ္မာ၍ အ ဆိုး၌ မ လိ မ္မာ သူ များ ဖြစ် စေ လို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သင်​တို့ ယုံ​ကြည်​နား​ထောင်​ခြင်း အ​ကြောင်း​အ​ရာ​သည် လူ​အ​ပေါင်း​တို့​တွင် ကျော်​စော​သည်​ဖြစ်၍၊ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သို့​သော်​လည်း၊ သင်​တို့​သည် ကောင်း​သော​အ​မှု၌​ကား၊ ပ​ညာ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​အ​မှု၌​ကား၊ အ​ပြစ်​ကင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​အ​လို​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သင်​တို့​၏​နာခံ​မှု​သည် လူ​အပေါင်း​တို့​တွင် ကျော်စော​သည်​ဖြစ်၍ သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ သို့ရာတွင် သင်​တို့​သည် ကောင်း​သော​အမှု​၌ ပညာရှိ​ဖြစ်​ကြ​ပြီး မကောင်း​သော​အမှု​၌ အပြစ်​ကင်းစင်​သော​သူ​ဖြစ်​ကြ​ရန် ငါ​အလိုရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 16:19
19 ပူးပေါင်းရင်းမြစ်များ  

ဝံပုလွေများ​ထဲသို့ သိုးများ​ကို စေလွှတ်​သကဲ့သို့ သင်တို့​ကို ငါ​စေလွှတ်၏။ ထို့ကြောင့် မြွေများ​ကဲ့သို့ လိမ္မာပါးနပ်​၍ ချိုးငှက်များ​ကဲ့သို့ အဆိပ်ကင်းကြလော့။


သင်တို့ သွားကြလော့။ ဝံပုလွေများ​ထဲသို့ သိုးများ​ကို စေလွှတ်​သကဲ့သို့ သင်တို့​ကို ငါ​စေလွှတ်၏။


သင်တို့​၏​ယုံကြည်ခြင်း​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​လျက်​ရှိ​သဖြင့် ယေရှု​ခရစ်တော်​ပြုခဲ့သော​အမှု​ကို အကြောင်းပြု​၍ သင်တို့​အားလုံး​အတွက် ကျွန်ုပ်​၏​ဘုရားသခင်​ကို ဦးစွာ​ကျေးဇူးတင်ပါ၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကလေးဆန်​စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှု​နှင့်​ပတ်သက်​လျှင် ကလေးငယ်​ကဲ့သို့ ဖြစ်၍ စဉ်းစား​တွေးခေါ်မှု​နှင့်​ပတ်သက်​လျှင် ရင့်ကျက်သော​သူများ​ကဲ့သို့ ဖြစ်ကြလော့။


ထို့ကြောင့် ဆင်ခြင်ဉာဏ်မဲ့ မနေဘဲ သခင်ဘုရား​၏ အလိုတော်​က မည်သည့်အရာ ဖြစ်သည်​ကို ပိုင်းခြား နားလည်ကြလော့။


သင်တို့​၏ ချစ်ခြင်းမေတ္တာ​သည် အသိပညာ၊ ထိုးထွင်းဉာဏ်​တို့​နှင့်တကွ တိုးသည်​ထက် တိုးလာ​ရန် ကျွန်ုပ် အစဉ်​ဆုတောင်းပါ၏။


ထိုသို့​ပြု​လျှင် ဖောက်ပြန်​ကောက်ကျစ်သည့်​သူများ​၏ အလယ်​တွင် သင်တို့​သည် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိသောသူများ၊ အပြစ်အနာအဆာ​ကင်းသော ဘုရားသားသမီးများ ဖြစ်ကြ​လိမ့်မည်။ ဤ​လောက​၌ ထို​သူတို့​၏ အလယ်​တွင် ကြယ်များ​ကဲ့သို့ ထွန်းလင်း​တောက်ပကြ​လိမ့်မည်။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ