ရောမ 1:8 - မြန်မာ့စံမီသမ္မာကျမ်း8 သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားလျက်ရှိသည်ဖြစ်၍ ငါသည် သင်တို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ပထမဦးစွာကျေးဇူးတင်၏။ အခန်းကိုကြည့်ပါ။Common Language Bible8 သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။- အခန်းကိုကြည့်ပါ။Garrad Bible8 သင် တို့ ယုံ ကြည် ခြင်း သည် တစ် လော က လုံး တွင် ကြေ ငြာ လျက် ရှိ သော ကြောင့် သင် တို့ ရှိ သ မျှ အ တွက် ငါ၏ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ယေ ရှု ခ ရစ် အား ဖြင့် ငါ ဦး စွာ ချီး မွမ်း ၏။ အခန်းကိုကြည့်ပါ။Judson Bible8 သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတစ်ပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေ့ဦးစွာ ငါချီးမွမ်း၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 သင်တို့၏ယုံကြည်ခြင်းသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့လျက်ရှိသဖြင့် ယေရှုခရစ်တော်ပြုခဲ့သောအမှုကို အကြောင်းပြု၍ သင်တို့အားလုံးအတွက် ကျွန်ုပ်၏ဘုရားသခင်ကို ဦးစွာကျေးဇူးတင်ပါ၏။ အခန်းကိုကြည့်ပါ။ |
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။