မဿဲ 24:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible14 နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible14 နိုင် ငံ တော်၏ သ တင်း တော် မြတ် ကို လူ အ မျိုး မျိုး တို့ အား သက် သေ အ ဖြစ် မြေ တစ် ပြင် လုံး နှံ့ ကြား ပြော ပြီး မှ အ ဆုံး တိုင် လိမ့် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible14 လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ14 လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ဤသို့ဖြင့် ကျွန်ုပ်တို့၏စီးပွားလုပ်ငန်းသည် နာမည်ပျက်နိုင်ချေရှိမည်။ ထိုမျှမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်ကျောင်းကို ဂရုမပြုတော့ဘဲ အာရှပြည်တစ်ပြည်လုံးနှင့် ကမ္ဘာတစ်ဝန်းလုံးရှိသူများ ယုံကြည်ကိုးကွယ်သော ထိုနတ်ဘုရားမ၏ထည်ဝါမှုပင် ကျဆင်းနိုင်ချေရှိမည်ကိုလည်း စိုးရိမ်ဖွယ်ရှိပါသည်” ဟု ပြောလေ၏။