သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။
မဿဲ 5:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ Common Language Bible ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။ Garrad Bible ထို နည်း တူ သင် တို့၏ ကောင်း မှု များ ကို မြင်၍ ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ၏ ဘုန်း တော် ကို ချီး မြှောက် ကြ စေ ရန် ကိုယ့် အ လင်း ကို လူ တို့ ရှေ့ လင်း စေ ကြ လော့။ Judson Bible ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။ မြန်မာ ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။- |
သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။
ဤကမ္ဘာမြေပေါ်၌ မည်သူ့ကိုမျှ အဖဟု မခေါ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံတွင် သင်တို့၏ အဖတစ်ပါးတည်းရှိတော်မူသောကြောင့်ဖြစ်၏။
ထိုသို့ ပြုလျှင် သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကောင်းသောသူနှင့် မကောင်းသောသူ အပေါ်တွင် နေကို ထွက်ပေါ်စေတော်မူသောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူ အပေါ်၌ မိုးကို ရွာစေတော်မူ၏။
သင်တို့သည် အစာရှောင်သောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာမညှိုးငယ်စေနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူအများသိမြင်စေရန် မျက်နှာသွင်ပြင်ကို မကြည်မသာဖြစ်စေကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။
ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
ယေရှုကလည်း “သင်တို့ဆုတောင်းသောအခါ ‘အို အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။
သင်တို့သည် အသီးများစွာ သီးလျက် ငါ့တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။
ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
သူတို့၏ စိတ်နှလုံးထဲမှ လျှို့ဝှက်သောအတွေးအခေါ်များသည် ပေါ်လွင်လာသဖြင့် သူတို့သည် ဝပ်တွားခယကာ “ဘုရားသခင်သည် သင်တို့နှင့်အတူ အမှန်တကယ်ရှိတော်မူ၏” ဟု ကြွေးကြော်လျက် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။
သင်တို့၏ လှူဒါန်းခြင်းအမှုကြောင့် လက်ခံရရှိသောသူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်။ သူတို့မှစ၍ ယုံကြည်သူအပေါင်းတို့အား ရက်ရောစွာ လှူဒါန်းခြင်းသည် ခရစ်တော်၏ သတင်းကောင်းကို သင်တို့နာခံကြောင်း သက်သေပြလိမ့်မည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
သင်တို့သည် ယခင်က အမှောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သခင်ဘုရား၏ လူများ ဖြစ်လာကြသောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏ သားသမီးများကဲ့သို့ ပြုမူနေထိုင်ကြလော့။
မိမိနိုင်ငံတော်နှင့် ဘုန်းတော်အတွက် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်၏လူဖြစ်သည့်အလျောက် ဘုရားသခင်၏လူပီသစွာ ပြုမူနေထိုင်ရန် အားပေးနှစ်သိမ့်၍ တိုက်တွန်းနှိုးဆော်ကြ၏။
ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်သည်ဟု ဝန်ခံပြောဆိုသော အမျိုးသမီးများ ပြုမူသင့်သည့်အတိုင်း ကောင်းမှုများ ပြုကြရမည်။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
ထိုနည်းတူ ကောင်းမှုများသည် သိသာထင်ရှား၏။ မသိသာမထင်ရှားသော ကောင်းမှုများသည်လည်း ဖုံးကွယ်၍ ရမည်မဟုတ်။
ထိုသူတို့ကို ကောင်းမှုပြုရန်၊ ကောင်းသောအကျင့်များကြွယ်ဝရန်၊ မျှဝေလိုစိတ်ရှိ၍ ရက်ရောစွာ ပေးရန် ညွှန်ကြားလော့။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
အရာရာ၌ ကောင်းမှုကို ပြု၍ သင်ကိုယ်တိုင်စံနမူနာဖြစ်စေလော့။ သွန်သင်ရာတွင် ရိုးသားပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊
ကျွန်ုပ်တို့၏လူတို့သည် ကောင်းမှုပြုရန် လေ့လာသင်ယူကြရမည်။ သို့မှသာ သူတို့သည် အကျိုးရှိရှိ အသက်ရှင်နေထိုင်နိုင်ပြီး အခြားသူများ အရေးပေါ်လိုအပ်ချက်ရှိသောအချိန်၌ ကူညီပေးနိုင်ကြမည်။
သို့သော် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင်၏ ကျေးဇူးပြုခြင်းနှင့် ချစ်ခြင်းမေတ္တာ ပေါ်လွင်ထင်ရှားလာသောအခါ
မေတ္တာထားရန်နှင့် ကောင်းမှုပြုရန် အချင်းချင်း မည်သို့နှိုးဆော်ရမည်ကို စဉ်းစားဆင်ခြင်ကြပါစို့။
ဘုရားသခင်ကို မကိုးကွယ်သောသူများအလယ်တွင် ကောင်းမွန်စွာပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထိုသူတို့သည် သင်တို့ကို မကောင်းမှုပြုသူများဟု အသရေဖျက်ကြသော်လည်း သင်တို့၏ ကောင်းသောအကျင့်ကို ထောက်၍ ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့၌ ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
ထိုနည်းတူ ဇနီးသည်တို့… သင်တို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့ခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကို မယုံကြည်သော်လည်း သင်တို့၏ ဘုရားတရားရိုသေကိုင်းရှိုင်း၍ သန့်ရှင်းစင်ကြယ်သောပြုမူနေထိုင်ပုံကို မြင်သဖြင့် စကားတစ်ခွန်းမျှပင် မလိုဘဲ ယုံကြည်လာလိမ့်မည်။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်နှင့် တလေးတစားဖြေဆိုကြလော့။ သင်တို့ကို ကဲ့ရဲ့ရှုတ်ချကြသောသူတို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသင်တို့၏ ကောင်းမွန်စွာ ပြုမူနေထိုင်ပုံကို မြင်၍ အရှက်ရကြစေရန် လိပ်ပြာသန့်စွာ ပြုမူနေထိုင်ကြလော့။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။
သင်တို့သည် ခရစ်တော်၏တပည့်တော်များဖြစ်သောကြောင့် ကဲ့ရဲ့ခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။