Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 2:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဘုရားသခင်​ကို ဆည်းကပ်​ကိုးကွယ်သည်​ဟု ဝန်ခံ​ပြောဆိုသော အမျိုးသမီးများ ပြုမူသင့်သည့်​အတိုင်း ကောင်းမှုများ ပြုကြရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သူ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​များ ပြု​သင့်​သည့်​အ​တိုင်း ကောင်း​မြတ်​သော​အ​ကျင့် များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​တန်​ဆာ​ဆင်​ကြ ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဘု ရား ကြည် ညို သည် ဟု ဝန် ခံ သော မိန်း မ တို့ ဆင် သင့် သည့် ကောင်း မှု များ ကို ဆင် ယင် ကြ စေ ရန် ငါ အ လို ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဘု​ရား​သ​ခင်​အား ရို​သေ​လေး​မြတ်​ခြင်း​ကို ဝန်​ခံ​ပြု​စု​သော မိန်း​မ​ဆင်​သင့်​သည်​အ​တိုင်း ကောင်း​သော အ​ကျင့်​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို တန်​ဆာ​ဆင်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဘုရားသခင်​အား​ကြည်ညို​လေးမြတ်​ခြင်း​ရှိ​မည်​ဟု ကတိ​ပြု​သော​အမျိုးသမီး​များ​နှင့်​သင့်လျော်​သည့်​အရာ​တည်းဟူသော ကောင်း​သော​အမှု​များ​ဖြင့် မိမိ​ကိုယ်​ကို​ဆင်ယင်​ကြ​ရန် ငါ​အလိုရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 2:10
15 ပူးပေါင်းရင်းမြစ်များ  

ယုပ္ပေမြို့​တွင် ဂရိဘာသာစကား​အားဖြင့် ဒေါ်ကာ​ဟု ခေါ်သော၊ တဗိသ​အမည်​ရှိသည့် တပည့်တော်မ​တစ်ယောက်​ရှိ၏။ ထို​အမျိုးသမီး​သည် အကျင့်သီလ​ကောင်း​၍ အလှူအတန်း​ရက်ရောသူ​ဖြစ်၏။


ထို့ကြောင့် ပေတရု​သည် သူတို့​နှင့် လိုက်သွားလေ၏။ အိမ်​သို့​ရောက်​သောအခါ သူတို့​က အပေါ်ထပ်​အခန်း​သို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမတို့​သည် ပေတရု​အနား​တွင် ရပ်​ကာ​ငိုကြွေး​လျက် သူတို့​နှင့်အတူ​ရှိစဉ်​က တဗိသ​ချုပ်ပေးခဲ့သော အင်္ကျီ​နှင့်​အဝတ်အစားများ​ကို ပြကြလေ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​လျက် ကြိုတင်​ပြင်ဆင်ထားတော်မူသော ကောင်းမှုများ​ကို ပြုစေ​ရန် ဖန်ဆင်းတော်မူခဲ့၏။


အမျိုးသမီးများ​သည် အပြည့်အဝ​နာခံ​လျက် တိတ်ဆိတ်​စွာ သင်ယူ​သင့်၏။


ထိုနည်းတူ အမျိုးသမီးတို့​သည်လည်း ကျစ်ဆံမြီး​မကျစ်ဘဲ၊ ရွှေ၊ ပုလဲ စသည့်​လက်ဝတ်​ရတနာ၊ သို့မဟုတ် တန်ဖိုးကြီး အဝတ်အစားတို့​ကို မဆင်မြန်းဘဲ ဣန္ဒြေ သိက္ခာ​ဖြင့် သင့်တင့်လျောက်ပတ်​စွာ ဝတ်ဆင်​ရန် ကျွန်ုပ်​အလိုရှိ၏။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ဤ​စကား​သည် စိတ်ချ​ယုံကြည်ရသော စကား​ဖြစ်၏။ သင်တို့​သည် ထို​အရာများ​ကို အထူး​ဂရုစိုက်​၍ တိုက်တွန်းကြ​ရန် ကျွန်ုပ်​အလို​ရှိ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​ကို ယုံကြည်သောသူတို့​သည် ကောင်းမှုပြု​ရန် ကြိုးစား​နိုင်မည်။ အထက်ပါ​အရာတို့​သည် ကောင်းမွန်​၍ လူတိုင်း​အတွက် အကျိုးပြုသော​အရာများ​ဖြစ်၏။


ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်တွင် ကောင်းမွန်စွာ​ပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထို​သူတို့​သည် သင်တို့​ကို မကောင်းမှု​ပြုသူများ​ဟု အသရေဖျက်ကြ​သော်လည်း သင်တို့​၏ ကောင်းသော​အကျင့်​ကို ထောက်​၍ ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​၌ ကိုယ်တော်​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


အရာ​အားလုံး​သည် ဤ​နည်း​အားဖြင့် ဖျက်ဆီးခံရမည်​ဖြစ်​သောကြောင့် သင်တို့​သည် မည်သို့သော​သူများ ဖြစ်သင့်​သနည်း။ သန့်ရှင်း​စွာ ပြုမူနေထိုင်​လျက် ဘုရားတရား​ကိုင်းရှိုင်းခြင်း​ဖြင့်


သင်​၏​လုပ်ဆောင်မှုများ​ဖြစ်သည့် သင်​၏​ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အစေခံခြင်း၊ သည်းခံခြင်းတို့​ကို ငါ​သိ၏။ ထို့ပြင် ယခု​သင်​၏​လုပ်ဆောင်မှုများ​သည် ယခင်​လုပ်ဆောင်မှုများ​ထက်​ပို​၍ ကောင်းမွန်ကြောင်း​ကို ငါ​သိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ