Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 5:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 မည်သူ​မျှ ဆီမီးခွက်​ကို ထွန်း​၍ တောင်း​အောက်​၌ ထားလေ့​မရှိ။ အိမ်သူအိမ်သားတို့ အလင်းရောင်​ရ​စေရန် ဆီမီးတိုင်​ပေါ်တွင် တင်ထားလေ့ရှိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ဆီ​မီး​ကို​ထွန်း​ညှိ​၍​တင်း​တောင်း​ဖြင့်​အုပ်​၍​မ ထား​တတ်​ကြ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့ အ​လင်း​ရောင်​ရ​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မီး ထွန်း လျက် တောင်း အုပ်၍ ထား လေ့ မ ရှိ။ အိမ်၌ လူ ရှိ သ မျှ တို့ အ လင်း ရ စေ ခြင်း ငှာ ခုံ ပေါ် တွင် သာ တင် ထား တတ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဆီမီး​ကို​ထွန်း​၍ တောင်း​အောက်၌​ထား​လေ့​မ​ရှိ။ ဆီမီးခုံ​ပေါ်၌​သာ ထား​ကြ​သဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ထွန်းလင်း​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:15
10 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​က “တစ်စုံတစ်ဦး​သည် ဆီမီးခွက်​ကို ထွန်း​၍ တောင်း​အောက်၊ သို့မဟုတ် ခုတင်​အောက်​၌ ထားလေ့​ရှိသလော။ ဆီမီးတိုင်​ပေါ်တွင်​သာ တင်ထားလေ့ရှိသည်​မဟုတ်လော။


မည်သူ​မျှ ဆီမီးခွက်​ကို ထွန်း​၍ မြေအောက်ခန်း​၌​ဖြစ်စေ၊ တောင်း​အောက်၌​ဖြစ်စေ ဝှက်ထားလေ့​မရှိ။ အခန်း​သို့ ဝင်လာသော​သူတို့​အလင်းရောင်​ရ​စေရန် ဆီမီးတိုင်​ပေါ်တွင် တင်ထားလေ့​ရှိ၏။


အကယ်၍ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တွင် မည်သည့်​အစိတ်အပိုင်း​မျှ မှောင်ရိပ်​မရှိဘဲ တောက်ပနေ​လျှင် မီးအိမ်​၏​အလင်းရောင်​သည် သင်တို့​အပေါ်​၌ ထွန်းလင်း​သကဲ့သို့ သင်တို့​ကိုယ်ခန္ဓာ​သည်လည်း ထွန်းလင်း​လိမ့်မည်” ဟု မိန့်တော်မူ၏။


ဆီမီးခွက်​ကို ထွန်း​၍ တောင်း​ဖြင့် ဖုံးထားလေ့​မရှိ။ ခုတင်​အောက်​၌​လည်း ဝှက်ထားလေ့​မရှိ။ ဝင်လာသော​သူတို့​အလင်းရောင်​ရ​စေရန် ဆီမီးတိုင်​ပေါ်တွင် တင်ထားလေ့​ရှိ၏။


ထိုသို့​ပြု​လျှင် ဖောက်ပြန်​ကောက်ကျစ်သည့်​သူများ​၏ အလယ်​တွင် သင်တို့​သည် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိသောသူများ၊ အပြစ်အနာအဆာ​ကင်းသော ဘုရားသားသမီးများ ဖြစ်ကြ​လိမ့်မည်။ ဤ​လောက​၌ ထို​သူတို့​၏ အလယ်​တွင် ကြယ်များ​ကဲ့သို့ ထွန်းလင်း​တောက်ပကြ​လိမ့်မည်။


တဲတော်​တွင် အခန်း​နှစ်ခန်း ပါရှိ​ပြီး ပထမ​အခန်း​တွင် ဆီမီးတိုင်​နှင့် သန့်ရှင်းသော​မုန့်များ​တင်ထားသည့် စားပွဲ​ရှိ၏။ ဤ​အခန်း​ကို သန့်ရှင်းသော​ဌာနတော်​ဟု ခေါ်၏။


ထို့ကြောင့် သင်​ကျဆင်းသွားသည့်​အပိုင်း​ကို ဆင်ခြင်လော့။ နောင်တ​ရ​လျက် အစဦး​၌ ပြု​သကဲ့သို့ ပြုလော့။ ထိုသို့​နောင်တ​မရ​ပါက ငါ​သည် သင့်​ထံသို့​လာ​၍ သင့်​ဆီမီးတိုင်​ကို နေရာ​မှ ဖယ်ရှားမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ