Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 4:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သင်တို့​သည် ခရစ်တော်​၏​တပည့်တော်များ​ဖြစ်​သောကြောင့် ကဲ့ရဲ့ခံရ​လျှင် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ ဘုန်းကြီးသော​ဝိညာဉ်တော်​သည် သင်တို့​၌ ကိန်းဝပ်တော်မူ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် သော​ကြောင့်​စော်​ကား​ခြင်း​ခံ​ရ​သော​အ​ခါ​မင်္ဂ လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သို့ ခံ​ရ​သော​အ​ချိန်​၌ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​တည်း​ဟူ​သော​ဘုန်း​အ​သ​ရေ​တော်​နှင့် ပြည့်​ဝ​သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ် သို့​သက်​ရောက်​လျက်​နေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ခ ရစ် တော်၏ နာ မ တော် အ တွက် ကဲ့ ရဲ့ ခံ ရ ကြ သော် ဘုန်း တော့် ဆိုင် ရာ ဝိ ညာဉ် တော် ဘု ရား သ ခင့် ဝိ ညာဉ် တော် သည် သင် တို့ အ ပေါ် တွင် ကိန်း ဝပ် တော် မူ သော ကြောင့် မင်္ဂ လာ ရှိ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ခ​ရစ်​တော်၏ နာ​မ​ကြောင့် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​ကြီး​သော ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ၏။ သူ​တို့၌​ကား ကဲ့​ရဲ့​ခြင်း၊ သင်​တို့၌​ကား ချီး​မွမ်း​ခြင်း​ရှိ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​တို့​သည် ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျှင် မင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အပေါ်​၌ ကိန်းဝပ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 4:14
37 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် မဟုတ်မမှန်ဘဲ​အမျိုးမျိုး​စွပ်စွဲ​ပြောဆိုခြင်းတို့​ကို ခံရ​သောအခါ သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


ထိုနည်းတူ​ပင် ကောင်းမှုများ​ပြုခြင်း​ဖြင့် သင်တို့​၏ အလင်း​ကို သူတစ်ပါး​ရှေ့​၌ ထွန်းလင်းစေကြလော့။ လူတို့​သည် သင်တို့​၏ ကောင်းသော​အကျင့်​ကို မြင်​၍ ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဖ​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


လူတို့​သည် လူသား​ကြောင့် သင်တို့​ကို မုန်းကြ​၍ ဝိုင်းပယ်ကဲ့ရဲ့​လျက် သင်တို့​၏​နာမည်​ကို ဖျက်ကြ​သောအခါ​၌​လည်း သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


သို့ရာတွင် သူတို့​သည် ငါ့​ကို စေလွှတ်တော်မူသော​အရှင်​ကို မသိ​သဖြင့် ငါ့​ကြောင့် ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​အပေါ် ပြုကြ​လိမ့်မည်။


ဂျူးလူမျိုးတို့​က “သင်​သည် ရှမာရိလူမျိုး​ဖြစ်ပြီး နတ်ဆိုးပူးသော​သူ​လည်း​ဖြစ်သည်​ဟူ၍ ငါတို့​ပြောဆိုကြသည်​မှာ မှန်သည်​မဟုတ်လော” ဟု ဆိုကြ၏။


ထိုအခါ ဖာရိရှဲတို့​က သူ့​အား “သင်​သည်သာ သူ​၏ တပည့်​ဖြစ်၏။ ငါ​တို့​မှာ မောရှေ​၏ တပည့်များ​ဖြစ်ကြ၏။


သူတို့​ကလည်း “သင်​သည် အပြစ်​အပြည့်​နှင့် မွေးလာသူ​ဖြစ်​လျက်နှင့်​ပင် ငါတို့​ကို သွန်သင်နေသလော” ဟု ဆို​ကာ ဝတ်ပြုဆောင်​မှ နှင်ထုတ်ကြ၏။


သို့သော် ဂျူးတို့​သည် ထို​လူအုပ်​ကို မြင်​သောအခါ မနာလိုစိတ်​နှင့် ပြည့်ကြ​သဖြင့် ပေါလု​ဟောပြောသော​အရာများ​ကို ဆန့်ကျင်​၍ ပေါလု​အား စော်ကားပြောဆိုကြ၏။


ဂျူးတို့​သည် သူ့​ကို ဆန့်ကျင်​၍ ရှုတ်ချ​ပြောဆိုကြ​သောအခါ ပေါလု​သည် မိမိ​အဝတ်​ပေါ်မှ ဖုန်မှုန့်​ကို ခါချ​၍ “သင်တို့​၏​အပြုအမှု​အတွက် သင်တို့​ပင် တာဝန်​ခံရမည်။ ငါ​သည် ထို​အရာ​နှင့်​ကင်းရှင်းပါ၏။ ယခု​မှစ၍ လူမျိုးခြားတို့​ထံ သွားမည်” ဟု ပြောလေ၏။


သို့ရာတွင် ဤ​ဂိုဏ်း​အကြောင်း​နှင့်​ပတ်သက်​၍ နေရာ​အနှံ့​တွင် ဆန့်ကျင်​ပြောဆိုနေကြသည်​ကို ကျွန်ုပ်တို့​သိထား​သောကြောင့် သင်​၏​ထင်မြင်ယူဆချက်​ကို ကြားလိုပါသည်” ဟု ဆိုကြ၏။


တမန်တော်တို့​သည် ယေရှု​၏​အမည်​နာမ​ကြောင့် အရှက်ခွဲခြင်း​ကို​ခံထိုက်သူများ​အဖြစ် ဘုရားသခင်​မှတ်ယူတော်မူ​သောကြောင့် ဝမ်းမြောက်​လျက် တရားလွှတ်တော်​မှ ထွက်သွားကြ၏။


သို့ဖြစ်၍ ခရစ်တော်​အတွက်​ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ခက်ခဲခြင်းတို့​ကို ကျွန်ုပ်​ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အားနည်း​သောအခါ ခရစ်တော်​၏​တန်ခိုး​အားဖြင့် အားကြီး​လျက်​ရှိ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​ခံရခြင်း​အားဖြင့် ယေရှု​အသေခံတော်မူခြင်း​ကို ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​တွင် အစဉ်​ဆောင်ထားကြသည်​မှာ ယေရှု​အသက်ရှင်တော်မူခြင်း​ကို ကိုယ်ခန္ဓာ​တွင် ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် စိတ်ပျက်​အားလျော့ခြင်း​မရှိ။ ကျွန်ုပ်တို့​၏ အပြင်ပန်း​ကိုယ်ခန္ဓာ​သည် ပျက်စီး​ယိုယွင်းလာ​သော်လည်း ကျွန်ုပ်တို့​၏ အတွင်း​စိတ်​ခွန်အား​မှာမူ နေ့စဉ်​နှင့်အမျှ အသစ်​တိုးပွား​လျက်​ရှိ၏။


ထိုအခါ သူတို့​သည် ကျွန်ုပ်​ကြောင့် ဘုရားသခင်​ကို ချီးမွမ်းကြ၏။


သူ​သည် အနာဂတ်​တွင် ရမည့် ဆုလာဘ်​ကို မျှော်ကိုး​သောကြောင့် အီဂျစ်ပြည်​၏ စည်းစိမ်​ထက် ခရစ်တော်​အတွက် ဆင်းရဲဒုက္ခ​ခံခြင်း​သည် ပို၍ မြတ်သည်​ဟု မှတ်ယူလေ၏။


ဒုက္ခဆင်းရဲတို့​ဖြင့် စမ်းသပ်ခြင်း​ကို အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် မင်္ဂလာ​ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ထို​စမ်းသပ်ခြင်း​ကို အောင်မြင်​သောအခါ ဘုရားသခင်​ကို ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် အသက်​ဆုသရဖူ​ကို ရမည်​ဖြစ်သောကြောင့်​ပင်။


အဆုံး​တိုင်အောင် စိတ်ရှည်​သည်းခံသော​သူတို့​သည် မင်္ဂလာရှိသည်​ဟု ကျွန်ုပ်တို့​ယူဆ၏။ ယောဘ​၏​စိတ်ရှည်​သည်းခံမှု​အကြောင်း​ကို သင်တို့​အားလုံး ကြားကြပြီ။ ထာဝရဘုရား​သည် သနား​ကြင်နာခြင်း​နှင့် ကရုဏာ​အပြည့်​ရှိ​သောကြောင့် အဆုံး​တွင် ယောဘ​ကို မည်သို့​ကြည့်ရှုသည်​ကိုလည်း သင်တို့​သိကြပြီ။


ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်တွင် ကောင်းမွန်စွာ​ပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထို​သူတို့​သည် သင်တို့​ကို မကောင်းမှု​ပြုသူများ​ဟု အသရေဖျက်ကြ​သော်လည်း သင်တို့​၏ ကောင်းသော​အကျင့်​ကို ထောက်​၍ ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​၌ ကိုယ်တော်​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


ဖြောင့်မတ်​စွာ ပြုမူခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရ​လျှင်ပင် သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ လူတို့​၏ ခြိမ်းခြောက်မှု​ကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။


သို့သော် နူးညံ့သိမ်မွေ့သော​စိတ်​နှင့် တလေးတစား​ဖြေဆိုကြလော့။ သင်တို့​ကို ကဲ့ရဲ့​ရှုတ်ချကြသော​သူတို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သင်တို့​၏ ကောင်းမွန်​စွာ ပြုမူနေထိုင်ပုံ​ကို မြင်​၍ အရှက်ရကြ​စေရန် လိပ်ပြာသန့်​စွာ ပြုမူနေထိုင်ကြလော့။


သင်တို့​သည် ခရစ်ယာန်​ဖြစ်သောကြောင့် ဆင်းရဲဒုက္ခ​ခံရ​လျှင် မရှက်ကြောက်ဘဲ ခရစ်ယာန်​ဖြစ်ခြင်း​အတွက် ဘုရားသခင်​၏​ဘုန်းတော်​ကို ချီးမွမ်းလော့။


လူများစွာတို့​သည် ထို​သူတို့​၏ ကိလေသာ​လွန်ကြူးခြင်း​လမ်းစဉ်​နောက်သို့ လိုက်ကြ​လိမ့်မည်။ ထို​ဆရာ​အတုအယောင်များ​ကြောင့် သမ္မာတရား​လမ်း​သည် စော်ကား​ပြောဆိုခံရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ