Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 6:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။ ကောင်းကင်ဘုံ​၌ ရှိတော်မူသော အကျွန်ုပ်တို့​၏ အဖ… ကိုယ်တော်​၏​အမည်​နာမတော်​အား ရိုသေလေးမြတ်​ကြပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သို့​ဖြစ်​၍​သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ `ကောင်း​ကင်​ဘုံ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​အ​ဖ၊ကိုယ်​တော်​၏ နာ​မ​တော်​အား​ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 သင် တို့ ပ ဌ နာ ပြု ရ မည့် နည်း မှာ၊ ကောင်း ကင် ဘုံ၌ စံ နေ တော် မူ သော အ ကျွန်ုပ် တို့ အ ဘ၊ နာ မ တော် ကို ရို သေ ကြ ပါ စေ သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့ကြောင့် ဤသို့​ဆုတောင်း​ကြ​လော့။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော အကျွန်ုပ်​တို့​အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

9 ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 6:9
43 ပူးပေါင်းရင်းမြစ်များ  

စာကလေး​နှစ်ကောင်​ကို ကြေးဒင်္ဂါးလေး​တစ်ပြား​နှင့်သာ ဝယ်ရသည်​မဟုတ်လော။ သို့သော်လည်း သင်တို့​အဖ​၏​အခွင့်​မရှိဘဲ ထို​စာကလေး​တစ်ကောင်​မျှ မြေ​ပေါ်သို့​မကျရ။


ဤ​ကမ္ဘာမြေ​ပေါ်၌ မည်သူ့​ကို​မျှ အဖ​ဟု မခေါ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​တွင် သင်တို့​၏ အဖ​တစ်ပါးတည်း​ရှိတော်မူ​သောကြောင့်​ဖြစ်၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ငါ့​ခမည်းတော်​၏ နိုင်ငံတော်​၌ သင်တို့​နှင့်အတူ စပျစ်ရည်​အသစ်​ကို ထပ်မံ​သောက်ရမည့်​နေ့ မတိုင်မီ​အထိ စပျစ်ရည်​ကို နောက်တစ်ဖန် ငါ​မသောက်” ဟု မိန့်တော်မူ၏။


တစ်ဖန် ယေရှု​သည် ဒုတိယ​အကြိမ်​ကြွတော်မူ​၍ “အကျွန်ုပ်​၏​အဖ… ဤ​ဒုက္ခ​ဝေဒနာ​ခွက်​ကို အကျွန်ုပ်​မသောက်ဘဲ ဖယ်ရှား​ရန် မဖြစ်နိုင်ပါ​က အဖ​၏​အလိုတော်​အတိုင်း​သာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


ထိုနည်းတူ​ပင် ကောင်းမှုများ​ပြုခြင်း​ဖြင့် သင်တို့​၏ အလင်း​ကို သူတစ်ပါး​ရှေ့​၌ ထွန်းလင်းစေကြလော့။ လူတို့​သည် သင်တို့​၏ ကောင်းသော​အကျင့်​ကို မြင်​၍ ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဖ​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည် ပြီးပြည့်စုံတော်မူ​သကဲ့သို့ သင်တို့​သည်လည်း ပြီးပြည့်စုံသော​သူများ ဖြစ်ကြလော့။


သင်တို့​သည် တစ်ပါးသူတို့​၏ အပြစ်များ​ကို ခွင့်လွှတ်​လျှင် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည်လည်း သင်တို့​၏ အပြစ်များ​ကို ခွင့်လွှတ်တော်မူ​လိမ့်မည်။


သို့ရာတွင် သင်​သည် ဆုတောင်း​သောအခါ အခန်း​ထဲသို့ ဝင်​၍ တံခါး​ကို ပိတ်ပြီး​လျှင် မျက်စိ​ဖြင့် မတွေ့မြင်နိုင်သော သင်​၏​အဖ​ထံတော်သို့ တောင်းလျှောက်လော့။ ထိုအခါ အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။


သင်တို့​သည် ဆိုးသောသူများ​ဖြစ်​လျက်​ပင် သင်တို့​၏​သားသမီးများ​အား ကောင်းသော​အရာ​ကို ပေးတတ်ကြ​လျှင် ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​၏​အဖ​သည် တောင်းသော​သူတို့​အား ကောင်းသော​အရာ​ကို ပို၍ ပေးတော်မူမည် မဟုတ်လော။


ငါ​ထ​၍ အဖေ့​ထံ​သွားပြီး “အဖေ၊ ကျွန်ုပ်​သည် ဘုရားသခင်​နှင့် အဖေ့​ကို ပြစ်မှားပါပြီ။


သား​ဖြစ်သူ​က ဖခင်​အား ‘အဖေ၊ ကျွန်ုပ်​သည် ဘုရားသခင်​နှင့် အဖေ့​ကို ပြစ်မှားပါပြီ။ ကျွန်ုပ်​သည် အဖေ့သား​ဟူ၍​ပင် အခေါ်​မခံထိုက်တော့ပါ’ ဟု ဆိုလေ၏။


“အမြင့်ဆုံးသော​ကောင်းကင်ဘုံ​၌ ရှိတော်မူသော​ဘုရားသခင်​သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီး​ပေါ်​၌ ဘုရားသခင်​နှစ်သက်တော်မူသော သူတို့​အပေါ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ” ဟု ဆိုကြ၏။


ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။


ထိုသို့ ဘုရားသခင်​ချစ်တော်မူ​၍ ယုံကြည်သော​သူများ​အဖြစ် ရွေးကောက်တော်မူ​ခံရသော ရောမ​မြို့သူမြို့သား​အပေါင်းတို့​ထံသို့ ဤ​စာ​ကို ကျွန်ုပ်​ရေးလိုက်ပါ၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကြောက်ရွံ့တတ်သော ကျွန်​၏​သဘော​ကို ပြန်​၍ ရရှိကြသည် မဟုတ်။ သားသမီး​ဖြစ်ခွင့် ပေးသော ဘုရားသခင်​၏ ဝိညာဉ်တော်​ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။


လူတို့​၏ အခွင့်အာဏာ​ဖြင့် မဟုတ်၊ ကြားခံလူ​အားဖြင့်​လည်း မဟုတ်၊ ယေရှု​ခရစ်တော်​နှင့် ထို​သခင်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသည့် ခမည်းတော်​ဘုရားသခင်​အားဖြင့် တမန်တော်​အဖြစ် ခန့်အပ်ခံရသူ​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားများ​ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် သားတော်​၏ ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​၏ စိတ်နှလုံး​ထဲသို့ စေလွှတ်တော်မူ​၍ ထို​ဝိညာဉ်တော်​ကြောင့် ကျွန်ုပ်တို့​က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။


ဘုရားသခင်​တစ်ပါးတည်း​သာလျှင် သေခြင်း​နှင့်​ကင်းတော်မူ​၍ ကိုယ်တော်​သည် မည်သူ​မျှ မချဉ်းကပ်နိုင်သည့် အလင်း​၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်​ကို မည်သူမျှ မမြင်ဖူး​သကဲ့သို့ မြင်​လည်း မမြင်နိုင်။ ကိုယ်တော်​၌ ဂုဏ်အသရေ​နှင့် ထာဝရ​ဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။


လူ​တစ်ဦးစီ​၏ အပြုအမူ​အပေါ် အခြေခံ​၍ သမာသမတ်ကျ​စွာ တရားစီရင်တော်မူသော ဘုရားသခင်​ထံ သင်တို့​ဆုတောင်း​သောအခါ အဖ​ဟု ခေါ်​သောကြောင့် ဤ​လောက​၌ ဧည့်သည်​အဖြစ် နေထိုင်ရသော​နေ့ရက်များ​တွင် ထို​အရှင်​ကို ကြောက်ရွံ့​ရိုသေကြလော့။


“အကျွန်ုပ်တို့​၏​ဘုရားသခင် ထာဝရဘုရား… ကိုယ်တော်​သည် အရာ​အားလုံး​ကို ဖန်ဆင်းတော်မူ​၍ ထို​အရာတို့​သည် ကိုယ်တော်​၏​အလိုတော်​အတိုင်း ဖြစ်တည်လာ​သောကြောင့် ကိုယ်တော်​သည် ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ထိုက်တန်တော်မူ၏” ဟု ကြွေးကြော်ကြ၏။


ထို​သူတို့​က “အသေသတ်​ခံရသော​သိုးသငယ်တော်​သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအသရေ​နှင့် ချီးမွမ်းခြင်းတို့​ကို ခံယူ​ရန် ထိုက်တန်၏” ဟု ကျယ်လောင်​စွာ ကြွေးကြော်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ