Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 5:16 - မြန်မာ

16 ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ထို​နည်း​တူ​စွာ​လူ​တို့​သည်​သင်​တို့​၏​ကောင်း​သော အ​ကျင့်​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​စေ​ရန် သင် တို့​၏​အ​လင်း​ကို​လူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ထို နည်း တူ သင် တို့၏ ကောင်း မှု များ ကို မြင်၍ ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ၏ ဘုန်း တော် ကို ချီး မြှောက် ကြ စေ ရန် ကိုယ့် အ လင်း ကို လူ တို့ ရှေ့ လင်း စေ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထိုနည်းတူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အကျင့်​များ​ကို​မြင်​၍ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​မည့်​အကြောင်း သင်​တို့​၏​အလင်း​ကို သူ​တို့​ရှေ့၌​ထွန်းလင်း​စေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထိုနည်းတူ​ပင် ကောင်းမှုများ​ပြုခြင်း​ဖြင့် သင်တို့​၏ အလင်း​ကို သူတစ်ပါး​ရှေ့​၌ ထွန်းလင်းစေကြလော့။ လူတို့​သည် သင်တို့​၏ ကောင်းသော​အကျင့်​ကို မြင်​၍ ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဖ​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:16
42 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။-


အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။-


ကိုယ်​တော်​က၊ သင်​တို့​သည်​ဆု​တောင်း​လျှင် မြွက်​ဆို​ရ​မည်​မှာ၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော အ​ကျွန်ုပ်​တို့​အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။ နိုင်​ငံ​တော် တည်​ထောင်​ပါ​စေ​သော။-


လူ​အ​စု​အ​ဝေး​တို့​သည် မြင်​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​ကို အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-


သူ​တို့​သည် ပြု​သ​မျှ​သော​အ​ကျင့်​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ ပြု​ကြ၏။ ကျယ်​သော လက်​ဖွဲ့​တို့​ကို​လည်း​ကောင်း၊ ကြီး​သော ပန်း​ပွား​တို့​ကို​လည်း​ကောင်း ဝတ်​လေ့​ရှိ​ကြ၏။-


သင်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မျက်​နှာ​ညှိုး​ငယ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ မိ​မိ​တို့​မျက်​နှာ​ကို ဖျက်​တတ်​ကြ၏။-


မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​သူ​ကို​မျှ အ​ဘ​ဟူ၍ မ​ခေါ်​ဝေါ်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ၌ သင်​တို့​အ​ဘ တစ်​ပါး​တည်း​ရှိ​တော်​မူ၏။-


ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ