Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 3:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1-2 ထိုနည်းတူ ဇနီးသည်​တို့… သင်တို့​၏​ခင်ပွန်းသည်​ကို နာခံကြလော့။ သို့ပြုလျှင် အချို့​ခင်ပွန်းသည်တို့​သည် နှုတ်ကပတ်​တရား​ကို မယုံကြည်​သော်လည်း သင်တို့​၏ ဘုရားတရား​ရိုသေကိုင်းရှိုင်း​၍ သန့်ရှင်း​စင်ကြယ်သော​ပြုမူနေထိုင်ပုံ​ကို မြင်​သဖြင့် စကား​တစ်ခွန်း​မျှပင် မလိုဘဲ ယုံကြည်လာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို​နည်း​တူ​စွာ​ဇ​နီး​တို့၊ သင်​တို့​ခင်​ပွန်း​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ကြ​လော့။ ဤ​နည်း​အား ဖြင့်​သင်​တို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် ကို​မ​ယုံ​ကြည်​သူ​ခင်​ပွန်း​များ​ရှိ​ပါ​မူ သင်​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​က​သူ​တို့​အား ယုံ​ကြည်​လာ​စေ​လိမ့်​မည်။ သင်​တို့​နှုတ်​ဖြင့်​ပြော ရန်​ပင်​မ​လို​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 ထို နည်း တူ မ ယား ဖြစ် သူ တို့ လင့် အ နော် အ တာ ကို ခံ ကြ လော့။ သို့ မှ တ ရား မ နာ သော် လည်း သင် တို့ ရို သေ သ မှု နှင့် စင် ကြယ် သော အ ပြု အ မူ များ အား ထောက် ထား သော လင် ကို မ ယား ဖြစ် သူ တို့ အ ကျင့် စာ ရိ တ္တ ဖြင့် အ ဟော အ ပြော ကင်း လျက် ဘာ သာ တူ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အ​ထက်​ဆို​ခဲ့​ပြီး​သည်​နည်း​တူ မိန်း​မ​တို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1-2 ထိုနည်းတူ ဇနီးသည်​တို့၊ မိမိ​တို့​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ သို့ပြုလျှင် အချို့​သော​ခင်ပွန်းသည်​တို့​သည် နှုတ်ကပတ်​တရား​ကို​မ​ယုံကြည်​ကြ​လျှင်​ပင် သင်​တို့​၏​ကြောက်ရွံ့​ရိုသေ​မှု​နှင့် သန့်ရှင်း​စင်ကြယ်​သော​အသက်ရှင်​နေထိုင်​မှု​ကို​မြင်​လျက် ဇနီးသည်​၏​စကား​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​နေထိုင်​မှု​အားဖြင့် ပြောင်းလဲ​လာ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 3:1
26 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ညီအစ်ကို​မောင်နှမ​တစ်ဦး​သည် သင့်​ကို ပြစ်မှား​လျှင် သူ့​ထံသို့ သွား​၍ သူ​၏​အပြစ်​ကို နှစ်ကိုယ်ကြား​ဖော်ပြလော့။ ထို​သူ​သည် သင့်​စကား​ကို နားထောင်​လျှင် သင်​သည် ထို​သူ​ကို ပြန်ရရှိပြီ။


သို့သော်လည်း သတင်းကောင်း​ကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်​ဟေရှာယ​က “အို ထာဝရဘုရား… အကျွန်ုပ်တို့​ဟောပြောသော သတင်းစကား​ကို မည်သူ​ယုံပါသနည်း” ဟု ဆိုခဲ့၏။


သင်တို့​သည် တစ်ချိန်က အပြစ်တရား​၏​ကျွန် ဖြစ်ခဲ့ဖူး​သော်လည်း ယခု​တွင် သင်တို့​သင်ယူခဲ့သော တရားတော်​ကို စိတ်နှလုံး​အပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


ဥပမာ အိမ်ထောင်သည်​အမျိုးသမီး​တစ်ဦး​သည် ပညတ်တရား​အရ ခင်ပွန်း​အသက်ရှင်​သရွေ့ ထို​ခင်ပွန်း​နှင့်သာ သက်ဆိုင်၏။ သို့သော် ခင်ပွန်း​ကွယ်လွန်​လျှင် လက်ထပ်ခြင်း​နှင့်ဆိုင်သော​ပညတ်တရား​သည် ထို​ဇနီးသည်​နှင့် မသက်ဆိုင်တော့ပေ။


သင်တို့​အား ကျွန်ုပ် သိစေ​လိုသည်​မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်၏။


အမျိုးသမီးများ​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ နေကြရမည်။ သူတို့​တွင် ပြောဆိုခွင့်​မရှိ။ ပညတ်တရား​တွင် ဆိုထားသည့်​အတိုင်း သူတို့​သည် နာခံမှု​ရှိကြရမည်။


အသင် အမျိုးသမီး… သင်​၏ ခင်ပွန်း​သည် သင့်​အားဖြင့် ကယ်တင်​ခံရမည် မခံရမည်​ကို သင်​မည်သို့​သိနိုင်မည်နည်း။ အသင် အမျိုးသား… သင်​၏ ဇနီး​သည် သင့်​အားဖြင့် ကယ်တင်​ခံရမည် မခံရမည်​ကို သင်​မည်သို့​သိနိုင်မည်နည်း။


မည်သို့ပင်​ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီ​တိုင်း​သည်လည်း မိမိ​ကိုယ်​မိမိ ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်ကြလော့။ ဇနီးသည်တို့​ကလည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေကြလော့။


ဇနီးသည်တို့… သခင်ဘုရား​၏ လူများ ပြုမူနေထိုင်​သင့်သည့်​အတိုင်း သင်တို့​၏ ခင်ပွန်းသည်​ကို နာခံကြလော့။


ပြင်ပ​လူတို့​ရှေ့​တွင် ပညာရှိ​စွာ ပြုမူနေထိုင်​၍ အခွင့်အရေး​ကို အကျိုးရှိ​စွာ အသုံးပြုကြလော့။


ဘုရားသခင်​ကို မသိသော​သူတို့​နှင့် ကျွန်ုပ်တို့​သခင်​ယေရှု​၏ သတင်းကောင်း​ကို မလိုက်နာသော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


အမွေခံရမည့်​အရပ်​သို့ ထွက်သွား​ရန် ဘုရားသခင် ခေါ်တော်မူ​သောအခါ အာဗြဟံ​သည် မည်သည့်​အရပ်​သို့ ထွက်သွား​ရမည်​ကိုပင် မသိဘဲ ယုံကြည်ခြင်း​ဖြင့် နာခံ​၍ ထွက်ခွာခဲ့၏။


ကိုယ်တော်​သည် ပြီးပြည့်စုံ​လာသည့်​အတွက် မိမိ​ကို နာခံ​သူအပေါင်းတို့​အား ထာဝရ​ကယ်တင်ခြင်း​ကို ပေးတော်မူသော​အရှင်​ဖြစ်လာ၏။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


ထိုနည်းတူ ခင်ပွန်းသည်တို့… သင်တို့​၏​ဇနီးသည်​သည် ထာဝရ​အသက်​ကျေးဇူးတော်​ကို သင်တို့​နှင့်​အတူတကွ အမွေခံရသူ​ကဲ့သို့​ဖြစ်ပြီး အားနွဲ့သော​မိန်းမသား​ဖြစ်ကြောင်း သိမှတ်​နားလည်​၍ တန်ဖိုးထား​ပေါင်းသင်းကြလော့။ ဤသည်​မှာ သင်တို့​၏ ဆုတောင်းခြင်း​ကို အတားအဆီး​မရှိ​စေရန် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​အိမ်တော်သားတို့​ကို ဦးစွာ တရားစီရင်မည့်​အချိန်​ရောက်လာ​သောကြောင့်​ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့​ကို ဦးစွာ တရားစီရင်​လျှင် ဘုရားသခင်​၏ သတင်းကောင်း​ကို မနာခံသော​သူတို့​၏ အဆုံးသတ်​သည် မည်သို့​ဖြစ်မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ