မဿဲ 6:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 သင်တို့သည် အစာရှောင်သောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာမညှိုးငယ်စေနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူအများသိမြင်စေရန် မျက်နှာသွင်ပြင်ကို မကြည်မသာဖြစ်စေကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible16 ``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။- အခန်းကိုကြည့်ပါ။Garrad Bible16 ၎င်း ပြင် အ စာ ရှောင် သော အ ခါ အ စာ ရှောင် သည် ကို လူ တို့ မြင် စေ ရန် မျက် နှာ ဖျက် တတ် သော သီ လ ကြောင် တို့ ကဲ့ သို့ မျက် နှာ ညှိုး ငယ် မ ရှိ စေ ကြ နှင့်။ ထို သူ တို့ မှာ တူ သော အ ကျိုး ကို ခံ ရ ကြ ပြီ ငါ အ မှန် ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible16 သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သင်တို့သည် အစာရှောင်ကြသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူတို့ရှေ့၌ထင်ရှားစေရန် မျက်နှာရှုံ့မဲ့ထားတတ်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ16 သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။