Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 3:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သို့သော် နူးညံ့သိမ်မွေ့သော​စိတ်​နှင့် တလေးတစား​ဖြေဆိုကြလော့။ သင်တို့​ကို ကဲ့ရဲ့​ရှုတ်ချကြသော​သူတို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သင်တို့​၏ ကောင်းမွန်​စွာ ပြုမူနေထိုင်ပုံ​ကို မြင်​၍ အရှက်ရကြ​စေရန် လိပ်ပြာသန့်​စွာ ပြုမူနေထိုင်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ကြည် လင် သော သြ တ္တ ပ္ပ စိတ် ရှိ လျက် သိမ် မွေ့ ရို သေ စွာ ဖြေ ဆို ကြ သ ဖြင့် ခ ရစ် တော် ကြောင့် သင် တို့ ကောင်း မွန် စွာ နေ ထိုင် ပုံ ကို ကဲ ရဲ့ ပြစ် တင် သော သူ တို့ သည် အ ရှက် ကွဲ ကြ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ခ​ရစ်​တော်၌ သင်​တို့​ကျင့်​သော အ​ကျင့်​ကောင်း​ကို ရှုတ်​ချ​သော​သူ​တို့​သည် ကဲ့​ရဲ့​ပြစ်​တင်​သော​အ​ခါ၊ ကိုယ်​တိုင် ရှက်​ကြောက်​ခြင်း​မ​ရှိ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက် နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သို့သော် နူးညံ့​သိမ်မွေ့​သော​စိတ်၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​နှင့် ကြည်လင်​သော​အသိစိတ်​တို့​ဖြင့် ဖြေရှင်း​ပြောဆို​ကြ​လော့။ သို့ပြုလျှင် ခရစ်တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​ကို ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်ခတ်​ပြောဆို​သည့်​အတွက် အရှက်ရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 3:16
19 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် မဟုတ်မမှန်ဘဲ​အမျိုးမျိုး​စွပ်စွဲ​ပြောဆိုခြင်းတို့​ကို ခံရ​သောအခါ သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​နှင့် လူ​အများ​ရှေ့​တွင် အစဉ်အမြဲ လိပ်ပြာသန့်​နိုင်ရန် ကြိုးစားပါ၏။


သို့ရာတွင် ဤ​ဂိုဏ်း​အကြောင်း​နှင့်​ပတ်သက်​၍ နေရာ​အနှံ့​တွင် ဆန့်ကျင်​ပြောဆိုနေကြသည်​ကို ကျွန်ုပ်တို့​သိထား​သောကြောင့် သင်​၏​ထင်မြင်ယူဆချက်​ကို ကြားလိုပါသည်” ဟု ဆိုကြ၏။


ကျွန်ုပ်​သည် အလွန်​ဝမ်းနည်း​လျက် စိတ်နှလုံး​ထဲ၌​လည်း ဖြေဆည်​၍ မရနိုင်သော ကြေကွဲခြင်း​ရှိကြောင်း ခရစ်တော်​ကို တိုင်တည်​၍ အမှန်​ကို​ပြော၏။ လိမ်လည်​၍ မပြော။ ထိုသို့ အမှန်​ပြောကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် လိပ်ပြာသန့်​စွာ အတည်ပြု၏။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


ခရစ်တော်​ကို ဆက်​၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်​စွာ နေလော့။ အချို့သော​သူတို့​သည် မိမိတို့​၏​အသိတရား​ကို လျစ်လျူရှုခြင်း​ဖြင့် သူတို့​၏ ယုံကြည်ခြင်း​သည် သင်္ဘောပျက်​သဖွယ် ဖြစ်လာ၏။


ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။


ကျွန်ုပ်​သည် သင့်​အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေး​သောအခါ ကျွန်ုပ်​၏​ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်​နည်းတူ လိပ်ပြာသန့်သန့်​ဖြင့် ကျွန်ုပ်​ကိုးကွယ်သော ဘုရားသခင်​ကို ကျေးဇူးတင်၏။


အပြစ်ဆိုဖွယ်​မရှိသည့် မှန်ကန်သော​စကား​ကို ပြောဆိုခြင်း​တို့​ဖြင့် သွန်သင်လော့။ ထိုအခါ သင့်​ကို ဆန့်ကျင်သော​သူတို့​သည် ကဲ့ရဲ့စရာ​အကြောင်း​မရှိ​သဖြင့် အရှက်ကွဲကြ​လိမ့်မည်။


ကျွန်ုပ်တို့​အတွက် ဆုတောင်းပေးကြလော့။ ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ်​လိပ်ပြာသန့်​ကြောင်း စိတ်ချ​ပြီး အရာရာ​တိုင်း​တွင် ကောင်းမွန်​စွာ ပြုမူ​နေထိုင်​လိုစိတ်​ရှိကြ၏။


ထိုသို့​ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်​ကို ဝတ်ပြုနိုင်​စေရန် ကျွန်ုပ်တို့​၏​အသိစိတ်​ကို သေခြင်း​သို့ ပို့ဆောင်ပေးသော​အပြစ်​မှ စင်ကြယ်​စေရန်​အတွက် ထာဝရ​ဝိညာဉ်တော်​အားဖြင့် အပြစ်အနာအဆာ​ကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်​ထံ ပူဇော်​သည့် ခရစ်တော်​၏​အသွေးတော်​သည် ပို၍​သာလွန်သည် မဟုတ်ပါလော။


ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်တွင် ကောင်းမွန်စွာ​ပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထို​သူတို့​သည် သင်တို့​ကို မကောင်းမှု​ပြုသူများ​ဟု အသရေဖျက်ကြ​သော်လည်း သင်တို့​၏ ကောင်းသော​အကျင့်​ကို ထောက်​၍ ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​၌ ကိုယ်တော်​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ကောင်းမှု​ပြုခြင်း​ဖြင့် မိုက်မဲသော​သူတို့​၏ အသိဉာဏ်​မဲ့သော​စကား​ကို တိတ်ဆိတ်​စေရန် ဘုရားသခင်​အလိုရှိတော်မူ​သောကြောင့်​ဖြစ်၏။


တစ်စုံတစ်ဦး​သည် မိမိ​မခံထိုက်သော ဆင်းရဲဒုက္ခ​ကို​ခံရ​သောအခါ ဘုရားသခင်​၏​မျက်နှာတော်​ကို ထောက်​၍ သည်းခံ​လျှင် ဘုရားသခင်​နှစ်သက်ဖွယ်​ဖြစ်၏။


ဤ​အရာ​သည် ယခု​သင်တို့​ကို ကယ်တင်သည့်​နှစ်ခြင်းမင်္ဂလာ​ကို ပုံဆောင်၏။ နှစ်ခြင်း​မင်္ဂလာ​သည် ကိုယ်ခန္ဓာ​အညစ်အကြေး​ကို ဖယ်ရှားခြင်း​မဟုတ်။ ယေရှု​ခရစ်တော်​၏​ရှင်ပြန်ထမြောက်ခြင်း​မှ​တစ်ဆင့် ကယ်တင်တော်မူခြင်း​ခံရကြောင်း လိပ်ပြာသန့်​နိုင်ရန် ဘုရားသခင်​ထံ တောင်းလျှောက်ခြင်း​ဖြစ်၏။


ယခု​တွင် သင်တို့​သည် ထို​သူတို့​နှင့်အတူ အထိန်းအကွပ်မဲ့​အပျော်ကြူးခြင်းတို့​၌ မပါဝင်တော့​သောကြောင့် သူတို့​သည် အံ့သြ​လျက် သင်တို့​ကို စော်ကား​ပြောဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ