ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
၂ ကော 4:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။ Common Language Bible ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။- Garrad Bible ဘု ရား သ ခင့် ပုံ သ ဏ္ဌာန် တည်း ဟူ သော ခ ရစ် တော်၏ ဘုန်း တော် ဆိုင် ရာ သ တင်း တော် မြတ် ရောင် ခြည် မ ထွန်း တောက် စေ ရန် ယ ခု ခေတ် ဘု ရား ကြောင့် မ နော စ က္ခု ကန်း ပြီး သူ တို့၌ သာ ပုန်း ကွယ် လျက် ရှိ ၏။ Judson Bible ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှာ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။ |
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။
ယေရှုက “အလင်းသည် သင်တို့တွင် ခဏတာမျှ ရှိဦးမည်။ သင်တို့ကို အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိခိုက် သွားလာကြလော့။ အမှောင်တွင် သွားလာသူသည် မိမိအဘယ်အရပ်သို့ သွားလာသည်ကို မသိနိုင်ပေ။
“ဘုရားသခင်သည် သူတို့၏ မျက်စိကို ကွယ်စေ၍ စိတ်နှလုံးကို မာကျောစေတော်မူသဖြင့် သူတို့၏ မျက်စိသည် မမြင်နိုင်ကြ။ စိတ်ထဲ၌လည်း နားမလည်နိုင်ကြ။ သူတို့သည် ဘုရားသခင်ထံ ပြန်မလှည့်လာသောကြောင့် ဘုရားသခင်၏ကုသမှုကိုလည်း မခံယူနိုင်ကြ” ဟု ဟောပြောခဲ့ သောကြောင့်ဖြစ်၏။
ဤလောကီကို အုပ်ချုပ်သောမင်း ရောက်လာတော့မည်ဖြစ်သောကြောင့် ငါသည် သင်တို့နှင့် ပြောဆိုရန် အချိန်များစွာ မရှိတော့ပေ။ ထိုမင်းသည် ငါ့အပေါ် ကြီးစိုးရန် မည်သည့်အာဏာမျှ မရှိ။
ငါသည် သူတို့ရှေ့တွင် မည်သူမျှမပြုနိုင်သည့် နိမိတ်လက္ခဏာများကို မပြုဘဲနေခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် ငါပြုသည့် နိမိတ်လက္ခဏာများကို တွေ့မြင်လျက်နှင့် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မုန်းကြ၏။
တရားစီရင်တော်မူခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ လောကကို အုပ်စိုးသောမင်းသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့်ပင်။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
သူတို့ဟောပြောခဲ့သည့်အတိုင်း ခရစ်တော်သည် ဒုက္ခဝေဒနာကို ခံစားရမည်။ ထို့ပြင် သေသောသူတို့ထဲမှ အဦးဆုံးရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဂျူးလူမျိုးနှင့် လူမျိုးခြားတို့ထံသို့ အလင်းတရားကို ကြေညာဟောပြောတော်မူမည်ဟု အကျွန်ုပ်ဟောပြောပါ၏” ဟူ၍ ဖြစ်၏။
ထိုသို့ မဆိုလိုပါ။ ဘုရားသခင်ကို မကိုးကွယ်သောသူတို့ ပူဇော်သောယဇ်များသည် ဘုရားသခင်အား ပူဇော်သောယဇ်မဟုတ်ဘဲ နတ်ဆိုးတို့အား ပူဇော်သောယဇ်သာ ဖြစ်ကြောင်းကို ကျွန်ုပ်ဆိုလို၏။ ကျွန်ုပ်သည် သင်တို့ကို နတ်ဆိုးများနှင့် မပတ်သက်စေလိုပါ။
သို့မှသာ စာတန်သည် ကျွန်ုပ်တို့အပေါ် အမြတ်ထုတ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သူ၏ မကောင်းသောအကြံအစည်များကို သိကြသောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ရောက်ခဲ့၏။ ရောက်သောအခါ သခင်ဘုရားသည် မိမိ၏ အမှုတော်ကို ကျွန်ုပ်အား ဆောင်ရွက်စေရန် ကျွန်ုပ်အတွက် အခွင့်အရေးတံခါးကို ဖွင့်ပေးတော်မူ၏။
မှေးမှိန်သွားသောအရာ၌ ဘုန်းအသရေရှိလျှင် ထာဝရတည်မြဲသောအရာ၌ မည်မျှ ပို၍ ဘုန်းအသရေရှိလိမ့်မည်နည်း။
ထိုအစ္စရေးလူမျိုးတို့၏ စိတ်နှလုံးသည် မာကျောလျက်ရှိခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ ထိုပဝါသည် သူတို့၏ စိတ်နှလုံးကို ဖုံးအုပ်လျက်ရှိ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုပဝါကို ဖယ်ရှားနိုင်၏။
ထို့ကြောင့် ပဝါဖုံးအုပ်ခံရခြင်းမရှိတော့သော ကျွန်ုပ်တို့၏ မျက်နှာတွင် သခင်ဘုရား၏ ဘုန်းတော်ထင်ဟပ်လျက်ရှိ၏။ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေသည် ကျွန်ုပ်တို့ကို အစဉ်အမြဲ ဘုန်းအသရေတိုးပွားစေ၍ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်အတိုင်း ပြောင်းလဲစေလျက်ရှိ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အသွေးအသား ရှိသောသူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်အရပ်ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်လောကကို အစိုးရသောမင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်၏။
ယေရှုခရစ်တော်သည် မိမိ၌ ဘုရားသခင်၏ အသွင်သဏ္ဌာန်တော်ရှိသော်လည်း ထိုသို့ဘုရားသခင်နှင့် တန်းတူဖြစ်ခြင်းကို ကိုယ်ကျိုးအတွက် အသုံးပြုရမည်ဟု မှတ်ယူတော်မမူဘဲ
သားတော်သည် မျက်စိဖြင့်မမြင်ရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဘုရားသခင်ဖန်ဆင်းတော်မူသမျှသော အရာအားလုံးတွင် သားဦးဖြစ်တော်မူ၏။
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။
ထိုမှန်ကန်သောအယူဝါဒသည် မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ ဘုန်းကြီးသော သတင်းကောင်းနှင့် ညီ၏။ ထိုသတင်းကောင်းကို ဟောပြောရန် ဘုရားသခင်သည် ကျွန်ုပ်ကို တာဝန်ပေးတော်မူ၏။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ဘုရားသခင်ကို စွန့်သွားသောသူတို့အား တစ်ဖန် နောင်တရစေရန် မည်သို့ဖြစ်နိုင်တော့မည်နည်း။ တစ်ချိန်က ထိုသူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းကို ရ၍ ကောင်းကင်ဘုံမှ ကျေးဇူးတော်ကို မြည်းစမ်းကာ သန့်ရှင်းသောဝိညာဉ်တော်၏ကောင်းချီးကို ခံစားရသည့်သူများဖြစ်ခဲ့ကြ၏။
ထို့ပြင် အပြည့်အဝယုံကြည်စိတ်ချရသော ပရောဖက်ပြုဟောပြောချက်များလည်း ကျွန်ုပ်တို့၌ရှိ၏။ ထိုဟောပြောချက်များသည် သင်တို့နှလုံးသား၌ အရုဏ်တက်၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်တိုင်အောင် အမှောင်အရပ်တွင် လမ်းပြထွန်းလင်းနေသည့်ဆီမီးသဖွယ် ဖြစ်သောကြောင့် သင်တို့သည် ထိုဟောပြောချက်များကို ကောင်းစွာ ဂရုစိုက်ရမည်။
သို့သော် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် အမှောင်ထဲတွင် ရှိ၍ အမှောင်ထဲတွင် ကျင်လည်၏။ အမှောင်ထုသည် ထိုသူအား ကွယ်စေသောကြောင့် သူသည် မည်သည့်နေရာသို့ သွားနေသည်ကိုပင် မသိ။
သို့ရာတွင် ၎င်းသည် ပညတ်သစ်လည်း ဖြစ်၏။ ဤပညတ်သစ်သည် အသစ်ဖြစ်ကြောင်းကို ယေရှုခရစ်တော်၌လည်းကောင်း၊ သင်တို့၌လည်းကောင်း အမှန်ပင် မြင်တွေ့ရ၏။ အဘယ်ကြောင့်ဆိုသော် အမှောင်သည် ပျောက်ကွယ်၍ စစ်မှန်သောအလင်းသည် ထွန်းလင်းလျက်ရှိသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းနှင့် လောကီသားအပေါင်းတို့သည် မာရ်နတ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့သိကြ၏။