Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 5:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြောင်း​နှင့် လောကီသား​အပေါင်းတို့​သည် မာရ်နတ်​၏​ထိန်းချုပ်မှု​အောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ကမ္ဘာ​လော​က​တစ်​ခု​လုံး​တွင်​မာရ်​နတ်​၏​တန်​ခိုး လွှမ်း​မိုး​လျက်​ရှိ​နေ​သော်​လည်း ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​များ​ဖြစ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ငါ တို့ သည် ဘု ရား သ ခင့် ဘက် တော် သား ဖြစ် ကြောင်း ကိုလည်း ကောင်း၊ တစ် လော က လုံး သည် မာရ် နတ်၏ လက် တွင်း၌ ရှိ နေ ကြောင်း ကို လည်း ကောင်း ငါ တို့ သိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် မာရ်​နတ်၏​လက်၌ ရှိ​ကြ​သည်​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​ကြ​သည်​ကို​လည်းကောင်း၊ ကမ္ဘာ​လောက​တစ်ခုလုံး​သည် မာရ်နတ်​လက်​အောက်​၌​ရှိ​သည်​ကို​လည်းကောင်း ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 5:19
29 ပူးပေါင်းရင်းမြစ်များ  

“ဤ​အခွင့်အာဏာ​နှင့် ထို​ဘုန်းစည်းစိမ် ရှိသမျှတို့​ကို သင့်​အား ငါ​ပေးမည်။ အဘယ်ကြောင့်ဆိုသော် ဤ​အရာတို့​ကို ငါ​၏​လက်​ထဲတွင် အပ်နှင်းထားပြီး​ဖြစ်သောကြောင့် ငါ​ပေးလိုသော​သူ​အား ငါ​ပေးနိုင်၏။


ယခုအချိန်​သည် ဤ​လောက​ကို တရားစီရင်သည့်​အချိန်​ဖြစ်၏။ ဤ​လောက​၏ မင်း​ဖြစ်သော စာတန်မာရ်နတ်​သည် နှင်ထုတ်ခြင်း​ခံရ​လိမ့်မည်။


ဤ​လောကီ​ကို အုပ်ချုပ်သော​မင်း ရောက်လာတော့မည်​ဖြစ်သောကြောင့် ငါ​သည် သင်တို့​နှင့် ပြောဆို​ရန် အချိန်​များစွာ မရှိတော့ပေ။ ထို​မင်း​သည် ငါ့​အပေါ် ကြီးစိုး​ရန် မည်သည့်​အာဏာ​မျှ မရှိ။


တရားစီရင်တော်မူခြင်း​အကြောင်း​ကို ဖော်ပြရခြင်း​မှာ လောက​ကို အုပ်စိုးသော​မင်း​သည် တရားစီရင်ခြင်း​ခံရပြီ​ဖြစ်သောကြောင့်​ပင်။


ထို​သူတို့​ကို ဤ​လောက​မှ နုတ်ယူတော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​သည် မဟုတ်ပါ။ သို့ရာတွင် သူတို့​ကို မာရ်နတ်​၏ လက်​မှ လွတ်ကင်း​ရန်​ကိုသာ အကျွန်ုပ်​တောင်းလျှောက်ပါ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြောင်း ထို​ဝိညာဉ်တော် ကိုယ်တိုင်​ပင် ကျွန်ုပ်တို့​၏ စိတ်ဝိညာဉ်​နှင့်အတူ သက်သေခံတော်မူ၏။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​သည် ဤ​ကမ္ဘာ​ပေါ်တွင် ကျွန်ုပ်တို့​နေထိုင်သော ယာယီ​တဲ​နှင့် တူ၏။ ဤ​ယာယီ​တဲ ပျက်စီးသွား​လျှင် ကောင်းကင်ဘုံ​၌ လူ့​လက်​ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်​ဖန်ဆင်းတော်မူသည့် ထာဝရ​အိမ်​နှင့် တူသော​ကိုယ်ခန္ဓာ​သစ်​ရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ခရစ်တော်​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင်​၏ အလိုတော်​အတိုင်း ဤ​ဆိုးညစ်သော​ကာလ​ထဲမှ ကျွန်ုပ်တို့​ကို ကယ်နုတ်​ရန် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသက်​ပေးတော်မူ၏။


ထိုသို့ သင်တို့​သည် ဘုရားသခင်​ကို မနာခံသော​သူတို့​ထဲ၌ သက်ဝင်လှုပ်ရှား​လျက်​ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသ​ဆိုင်ရာ တန်ခိုးများ​ကို ကြီးစိုးသော​မင်း​ကို နာခံ​၍ လောကီသားများ​၏​လမ်းစဉ်​အတိုင်း အပြစ်ပြု​လျက် နေထိုင်ကြ၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


တစ်ချိန်​က ကျွန်ုပ်တို့​သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း​နှင့် အပျော်အပါး​လိုက်စားခြင်းတို့​၌ ကျွန်ခံသူ၊ ဆိုးညစ်သော​စိတ်​နှင့် မနာလိုသော​စိတ်တို့​ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း​ကို ခံရသူ၊ အချင်းချင်း​မုန်းတီးသူ​တို့ ဖြစ်ခဲ့ကြ၏။


သစ္စာ​မရှိသော​သူတို့… လောက​နှင့်​မိတ်သဟာယဖွဲ့ခြင်း​သည် ဘုရားသခင်​နှင့် ရန်ဘက်​ပြုခြင်း​ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက​နှင့် မိတ်ဆွေ​ဖြစ်လိုသောသူ​သည် ဘုရားသခင်​၏ ရန်သူ​ဖြစ်၏။


ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်​သောကြောင့် သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းသည်​ကို ကျွန်ုပ်တို့​သိကြ၏။ မိမိ​ညီအစ်ကို​ကို မချစ်သောသူ​သည် သေခြင်း​၌ပင် ရှိနေ​သေး၏။


ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာသောသူတို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း သူတို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူကြောင်း​ကို ကျွန်ုပ်တို့​အတွက် ပေးတော်မူသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​သိကြ၏။


ဘုရားသခင်​၏​သားတော်​ကို ယုံကြည်သောသူ​တိုင်း​သည် ဤ​သက်သေခံချက် မှန်ကန်ကြောင်း​ကို လက်ခံ၏။ ဘုရားသခင်​ကို မယုံကြည်သောသူ​မှာမူ ဘုရားသခင်​အား “လိမ်လည်သော​အရှင်” ဟု စွပ်စွဲရာ​ရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​သားတော်​အကြောင်း သက်သေခံတော်မူသည်​ကို ထို​သူ​သည် မယုံကြည်​သောကြောင့်​ဖြစ်၏။


ဘုရားသခင်​၏​သားတော်​ကို ယုံကြည်သော​သင်တို့​သည် ထာဝရ​အသက်​ကို ရကြောင်း​သိ​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။


တောင်းလျှောက်​သမျှ​ကို ကိုယ်တော်​နားဆင်တော်မူကြောင်း ကျွန်ုပ်တို့​သိ​လျှင် တောင်းလျှောက်သော​အရာ​ကို ပေးတော်မူကြောင်း​ကိုလည်း သိကြ၏။


ဘုရားသခင်​ထံမှ ဖြစ်ပွားလာသောသူ​သည် အပြစ်​မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​အရှင်​သည် ထို​သူ​ကို စောင့်ရှောက်တော်မူ​သဖြင့် မာရ်နတ်​သည် သူ့​ကို မထိခိုက်နိုင်။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


နှစ်ပေါင်း​တစ်ထောင်​ကုန်ဆုံးသည်​အထိ လူမျိုးများ​ကို ထပ်မံ​မလှည့်ဖြားနိုင်တော့​ရန် သူ့​ကို တွင်းနက်ကြီး​ထဲသို့ ပစ်ချ​၍ ပိတ်လှောင်​ကာ တံဆိပ်ခတ်လေ၏။ နှစ်ပေါင်း​တစ်ထောင် ကုန်ဆုံးချိန်​တွင် သူ့​ကို ခေတ္တ​မျှ လွှတ်ထား​ရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ