Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 3:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို​အစ္စရေး​လူမျိုးတို့​၏ စိတ်နှလုံး​သည် မာကျော​လျက်​ရှိခဲ့၏။ ယနေ့​တိုင်အောင် ပဋိညာဉ်​တရားဟောင်း​ကို ဖတ်​သောအခါ ထို​ပဝါ​သည် သူတို့​၏ စိတ်နှလုံး​ကို ဖုံးအုပ်​လျက်​ရှိ၏။ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့်​သာ ထို​ပဝါ​ကို ဖယ်ရှားနိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စိတ်​နှ​လုံး​သည် ထိုင်း​မှိုင်း​လျက်​ရှိ​ခဲ့​၏။ ယ​နေ့​တိုင်​အောင်​ပင်​လျှင် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ကို​ဖတ်​သည့်​အ​ခါ​တိုင်း သူ​တို့​စိတ်​နှ​လုံး​သည်​ယင်း​ပ​ဝါ​ဖြင့်​ဖုံး​အုပ် လျက်​ရှိ​၏။ ခ​ရစ်​တော်​အား​ဖြင့်​သာ​လျှင်​ယင်း ပ​ဝါ​ကို​ပယ်​ရှား​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ထို သူ တို့ ကား စိတ် သ ဘော မိုက် မဲ လျက် ယ နေ့ တိုင် အောင် ပ ဋိ ညာဉ် တော် ဟောင်း ကို ဖတ် နာ ကြ သည့် ကာ လ ခ ရစ် တော်၌ ကွယ် ပျောက် ပြီး ဖြစ် ကြောင်း မ သိ သည့် အ လျောက် မျက် နှာ ဖုံး ဆင် ယင် လျက် ရှိ ကြ သေး ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​မဲ​လျက်​ရှိ၍၊ ယ​ခု​တိုင်​အောင် ဓ​မ္မ​ဟောင်း​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ အ​နက်​အ​ဓိ​ပ္ပာယ်​သည် ဖုံး​အုပ်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​ဖုံး​အုပ်​ခြင်း အ​ကြောင်း​ကို ပယ်​ရှင်း​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို​သူ​တို့​၏​စိတ်နှလုံး​သည် မာကျော​လျက်​ရှိ​၍ ယနေ့​တိုင်အောင် ပဋိညာဉ်​ဟောင်း​ကို​ဖတ်​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​မ​ခံရ​ဘဲ ရှိ​နေ​သေး​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​အားဖြင့်​သာ ထို​မျက်နှာလွှား​ကို ဖယ်ရှား​နိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 3:14
34 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က “သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို သိခွင့်​ရကြ​သော်လည်း အခြားသူများ​မှာ သိခွင့်​မရကြ။


ယေရှု​က “ယောန​၏​သား​ရှိမုန်… သင်​သည်​မင်္ဂလာရှိ၏။ သင်သည် ဤ​အရာ​ကို လူ့​အနေဖြင့်​သိသည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ​၏ ခမည်းတော်​က ဖော်ပြတော်မူ​၍ သိခြင်း​ဖြစ်၏။


သို့ရာတွင် သင်​၏ မျက်စိ​သည် မကောင်း​လျှင် သင်​၏ ကိုယ်ခန္ဓာ​တစ်ခုလုံး မှောင်မိုက်နေ​လိမ့်မည်။ ထို့ကြောင့် သင့်​အထဲ​၌ ရှိသည့် အလင်း​ဟု သင်​ထင်မှတ်သော​အရာ​သည် အမှောင်​ဖြစ်​ပါက ထို​အမှောင်​သည် အလွန်​မှောင်​လိမ့်မည်။


“ဘုရားသခင်​သည် သူတို့​၏ မျက်စိ​ကို ကွယ်စေ​၍ စိတ်နှလုံး​ကို မာကျော​စေတော်မူ​သဖြင့် သူတို့​၏ မျက်စိ​သည် မမြင်နိုင်ကြ။ စိတ်​ထဲ၌​လည်း နားမလည်နိုင်ကြ။ သူတို့​သည် ဘုရားသခင်​ထံ ပြန်မလှည့်လာ​သောကြောင့် ဘုရားသခင်​၏​ကုသမှု​ကိုလည်း မခံယူနိုင်ကြ” ဟု ဟောပြောခဲ့ သောကြောင့်​ဖြစ်၏။


ငါ့​ကို ယုံကြည်သော​သူ​တိုင်း အမှောင်​၌ မနေ​စေရန် ငါ​သည် အလင်း​အဖြစ် ဤ​လောက​သို့ ကြွလာပြီ။


တစ်ဖန် ယေရှု​က လူတို့​အား “ငါ​သည် လောက​၏ အလင်း​ဖြစ်၏။ ငါ့​နောက်သို့ လိုက်သော​သူ​သည် အသက်​၏​အလင်း​ကို ရရှိ​၍ အမှောင်ထု​ထဲ​တွင် သွားလာရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​ကို ဖတ်​ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများ​က “ညီအစ်ကိုတို့… သင်တို့​ထံတွင် ပရိသတ်များ​အတွက် အားပေးတိုက်တွန်း​စကား​ရှိ​ပါက​ဝေမျှပေးပါ” ဟု လူ​လွှတ်​၍ ပြောစေ၏။


အဘယ်ကြောင့်ဆိုသော် ရှေးကာလ​မှစ၍ မောရှေ​၏​ပညတ်တရား​ကို ဂျူးဝတ်ပြုဆောင်များ​တွင် ဥပုသ်နေ့​တိုင်း​ဖတ်ခြင်း၊ ထို​ပညတ်တရား​ကို ဟောပြောခြင်း ရှိ​သောကြောင့်​ဖြစ်၏” ဟု ပြောဆိုလေ၏။


သွာတိရမြို့​မှ ဘုရားသခင်​ကို ကိုးကွယ်သော လုဒိ​အမည်ရှိ အမျိုးသမီး​တစ်ဦး​သည် ကျွန်ုပ်တို့​ပြောသော​အရာများ​ကို နားထောင်​လျက်​နေ၏။ သူ​သည် ခရမ်းရောင်​အထည်များ​ကို ရောင်းသောသူ​ဖြစ်၏။ ပေါလု​ဟောပြောသော စကားများ​ကို အာရုံစိုက်​နားထောင်​ရန်​အတွက် သူ​၏​စိတ်နှလုံး​ကို ဘုရားသခင်​သည် ဖွင့်ပေးတော်မူ၏။


သူတို့​အား​အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်မာရ်နတ်​၏​လက်အောက်​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲလာ​စေရန် သင်​သည် ထို​သူတို့​၏​မျက်စိများ​ကို ဖွင့်ပေး​ရမည်။ သို့မှသာ သူတို့​သည် အပြစ်များ​အတွက်​ခွင့်လွှတ်ခြင်း​ကို ခံစားရမည်။ ထို့ပြင် ငါ့​ကို​ယုံကြည်ကြ​သဖြင့် ဘုရားသခင်​သန့်ရှင်းစေတော်မူသော​လူစု​ထဲတွင် ပါဝင်ရ​လိမ့်မည်’ ဟု မိန့်တော်မူ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် မိမိ​ကိုယ်ကိုယ် ပညာရှိ​လှသည်​ဟူ၍ မထင်မှတ်​စေရန် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​နားလည်​စေလို၏။ ထို​လျှို့ဝှက်နက်နဲသော​အရာ​မှာ အစ္စရေးလူမျိုး​တချို့​၏ စိတ်နှလုံး​သည် အစဉ်​မာကျောနေမည်​မဟုတ်ဘဲ ခရစ်တော်​ထံ ရောက်လာမည့် လူမျိုးခြား​အရေအတွက် ပြည့်စုံလာသည်​အထိ​သာ ဖြစ်​လိမ့်မည်။


ယနေ့​တိုင်အောင်​ပင် မောရှေ​၏ ကျမ်းစာ​ကို ဖတ်ကြ​သောအခါ​တိုင်း​တွင် သူတို့​၏ စိတ်နှလုံး​သည် ထို​ပဝါ​ဖြင့် ဖုံးအုပ်​ခံရဆဲ​ဖြစ်​လျက် နားမလည်နိုင်ဘဲ​ရှိကြ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ မျက်နှာတော်​၌ ထွန်းလင်းသည့် မိမိ​ဘုန်းတော်​ကို သိနိုင်သော​ဉာဏ်​အလင်း​ကို ကျွန်ုပ်တို့​၏​နှလုံးသား​ထဲ၌ ထွန်းလင်း​စေတော်မူ၏။


ထို​သူတို့​သည် ဉာဏ်အလင်း​ကွယ်​၍ သူတို့​၏ မသိနားမလည်မှု​နှင့် ခေါင်းမာမှုတို့​ကြောင့် ဘုရားသခင် ပေးတော်မူသော​အသက်​နှင့် ကင်းကွာ​လျက် ရှိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ