၁ ကော 10:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ထိုသို့ မဆိုလိုပါ။ ဘုရားသခင်ကို မကိုးကွယ်သောသူတို့ ပူဇော်သောယဇ်များသည် ဘုရားသခင်အား ပူဇော်သောယဇ်မဟုတ်ဘဲ နတ်ဆိုးတို့အား ပူဇော်သောယဇ်သာ ဖြစ်ကြောင်းကို ကျွန်ုပ်ဆိုလို၏။ ကျွန်ုပ်သည် သင်တို့ကို နတ်ဆိုးများနှင့် မပတ်သက်စေလိုပါ။ အခန်းကိုကြည့်ပါ။Common Language Bible20 ဤသို့ငါမဆိုလို။ ဘုရားသခင်ကိုမကိုးကွယ် သူတို့ပူဇော်သောယဇ်သည် နတ်မိစ္ဆာများအားပူ ဇော်သောယဇ်သာလျှင်ဖြစ်၍ ဘုရားသခင်အား ပူဇော်သောယဇ်မဟုတ်ကြောင်းကိုသာလျှင်ငါ ဆိုလို၏။ ငါသည်သင်တို့အားနတ်မိစ္ဆာများနှင့် မဆက်ဆံစေလို။- အခန်းကိုကြည့်ပါ။Garrad Bible20 မ ဟုတ် သော် လည်း လူ မျိုး ခြား တို့ ပူ ဇော် သ က္ကာ များ သည် ဘု ရား သ ခင် အား မ ဟုတ်။ နတ် ဆိုး တို့ အား ပူ ဇော် ရာ ဖြစ် သ ဖြင့် ငါ သည် သင် တို့ ကို နတ် ဆိုး တို့ နှင့် မ ဆက် ဆံ စေ လို ကြောင်း ငါ ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible20 ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှာ ငါအလိုမရှိ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထိုသို့မဆိုလို။ သူတို့ပူဇော်သောအရာများသည် ဘုရားသခင်ထံပူဇော်ခြင်းမဟုတ်ဘဲ နတ်ဆိုးများထံပူဇော်ကြခြင်းဖြစ်၏။ ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် စပ်ဆိုင်သောသူမဖြစ်စေလိုပါ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။