Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သို့သော် ညီအစ်ကို​မောင်နှမ​ကို မုန်းသောသူ​သည် အမှောင်​ထဲတွင် ရှိ​၍ အမှောင်​ထဲတွင် ကျင်လည်၏။ အမှောင်ထု​သည် ထို​သူ​အား ကွယ်စေ​သောကြောင့် သူ​သည် မည်သည့်​နေရာ​သို့ သွားနေသည်​ကိုပင် မသိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ညီ အစ် ကို ချင်း မုန်း သူ မူ ကား မှောင် မိုက်၌ နေ ထိုင် သွား လာ လျက် မှောင် မိုက် ကြောင့် မျက် စိ ကွယ် သည့် အ လျောက် မည် သည့် အ ရပ် သို့ သွား သည် ကို မ သိ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​သည် မှောင်​မိုက်၌​ရှိ၏။ မှောင်​မိုက်၌​လည်း ကျင်​လည်​သွား​လာ၏။ မှောင်​မိုက်​ကြောင့် သူ၏​မျက်​စိ မ​မြင်​နိုင်​သ​ဖြင့်၊ အ​ဘယ်​အ​ရပ်​သို့ ကိုယ်​သွား​သည်​ကို ကိုယ်​မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:11
16 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “အလင်း​သည် သင်တို့​တွင် ခဏတာ​မျှ ရှိဦးမည်။ သင်တို့​ကို အမှောင်​မဖုံးလွှမ်း​စေရန် အလင်း​ရှိ​ခိုက် သွားလာကြလော့။ အမှောင်​တွင် သွားလာသူ​သည် မိမိ​အဘယ်​အရပ်​သို့ သွားလာသည်​ကို မသိနိုင်ပေ။


“ဘုရားသခင်​သည် သူတို့​၏ မျက်စိ​ကို ကွယ်စေ​၍ စိတ်နှလုံး​ကို မာကျော​စေတော်မူ​သဖြင့် သူတို့​၏ မျက်စိ​သည် မမြင်နိုင်ကြ။ စိတ်​ထဲ၌​လည်း နားမလည်နိုင်ကြ။ သူတို့​သည် ဘုရားသခင်​ထံ ပြန်မလှည့်လာ​သောကြောင့် ဘုရားသခင်​၏​ကုသမှု​ကိုလည်း မခံယူနိုင်ကြ” ဟု ဟောပြောခဲ့ သောကြောင့်​ဖြစ်၏။


ထို​အစ္စရေး​လူမျိုးတို့​၏ စိတ်နှလုံး​သည် မာကျော​လျက်​ရှိခဲ့၏။ ယနေ့​တိုင်အောင် ပဋိညာဉ်​တရားဟောင်း​ကို ဖတ်​သောအခါ ထို​ပဝါ​သည် သူတို့​၏ စိတ်နှလုံး​ကို ဖုံးအုပ်​လျက်​ရှိ၏။ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့်​သာ ထို​ပဝါ​ကို ဖယ်ရှားနိုင်၏။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


တစ်ချိန်​က ကျွန်ုပ်တို့​သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း​နှင့် အပျော်အပါး​လိုက်စားခြင်းတို့​၌ ကျွန်ခံသူ၊ ဆိုးညစ်သော​စိတ်​နှင့် မနာလိုသော​စိတ်တို့​ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း​ကို ခံရသူ၊ အချင်းချင်း​မုန်းတီးသူ​တို့ ဖြစ်ခဲ့ကြ၏။


သို့ရာတွင် ထို​အရည်အချင်းများ​မရှိသောသူ​သည် အဝေးမှုန်​၍ မျက်စိမမြင်ဘဲ ယခင်​က ကျူးလွန်ခဲ့သော​အပြစ်များ​အတွက် စင်ကြယ်စေခြင်း​ခံရသည်​ကိုပင် မေ့လျော့နေ၏။


ထို့ကြောင့် “ကျွန်ုပ်တို့​သည် ဘုရားသခင်​နှင့် မိတ်သဟာယဖွဲ့သည်” ဟု ဆို​သော်လည်း အမှောင်​ထဲတွင် ကျင်လည်​နေဆဲဖြစ်​လျှင် သမ္မာတရား​ကို မကျင့်ဘဲ လိမ်လည်သူများ​ဖြစ်၏။


ညီအစ်ကို​မောင်နှမ​ကို ချစ်သောသူ​သည် အလင်း​ထဲတွင် ရှိ​၍ မိမိ​ကြောင့် သူတစ်ပါး​အပြစ်​ကျူးလွန်​ရသည့်​အကြောင်း ထို​သူ​၌ မရှိ။


“ငါ​သည် အလင်း​ထဲတွင် ရှိသည်” ဟု ဆို​လျက်နှင့် မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းတီးသောသူ​သည် အမှောင်​ထဲတွင် ရှိနေ​သေး၏။


မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းသောသူ​သည် လူသတ်သမား​ဖြစ်၏။ မည်သည့်​လူသတ်သမား​တွင်မျှ ထာဝရ​အသက်​မရှိကြောင်း သင်တို့​သိကြ၏။


တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို ချစ်သည်” ဟု ဆို​သော်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်း​လျှင် ထို​သူ​သည် လိမ်လည်သောသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ​ဖြင့် မြင်ရသော ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် မမြင်ရသော​ဘုရားသခင်​ကို ချစ်​နိုင်မည်​မဟုတ်​သောကြောင့်​ဖြစ်၏။


သင်​က ‘ငါ​သည် ချမ်းသာ​၍ ကြွယ်ဝ​သောကြောင့် မည်သည့်​အရာ​ကိုမျှ မလို’ ဟု ဆို၏။ သို့သော် သင်​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသူ၊ သနားစရာ​ကောင်းသူ၊ ဆင်းရဲသောသူ၊ မျက်စိ​မမြင်သောသူ၊ အဝတ်​မပါသောသူ​ဖြစ်ကြောင်း​ကို မသိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ