ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
၂ ကော 13:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။ Common Language Bible သခင်ယေရှု၏ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏မိတ် သဟာယတော်သည်သင်တို့အပေါင်းနှင့်အတူ ရှိပါစေသော။ ကောရိန္သုသြဝါဒစာဒုတိယစောင်ပြီး၏။ Garrad Bible အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော်၊ ဘု ရား သ ခင်၏ မေ တ္တာ တော်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ မိတ် သ ဟာ ယ တော် သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် ပါ စေ သော။ Judson Bible သခင်ယေရှုခရစ်၏ ကျေးဇူးတော်လည်းကောင်း၊ ဘုရားသခင်၏ မေတ္တာတော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယတော်လည်းကောင်း၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ ကောရိန္သုဩဝါဒစာဒုတိယစောင်ပြီး၏။ |
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။
ငါပေးသောရေကို သောက်သောသူမှာ မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ့အတွင်း၌ အစဉ်စီးထွက်သော စမ်းရေဖြစ်၍ သူ့ကို ထာဝရအသက်ရှင်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
ကျမ်းစာ၌ ပါရှိသည့်အတိုင်း ငါ့ကို ယုံကြည်သောသူ၏ စိတ်နှလုံးအထဲမှ အသက်စမ်းရေ စီးထွက်လိမ့်မည်” ဟု ကြွေးကြော်တော်မူ၏။
ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သခင်ယေရှု၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြ၏” ဟူ၍ ပြောဆိုလေ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် မကြာမီ စာတန်ကို သင်တို့၏ ခြေအောက်တွင် ကြေမွစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။
ကျွန်ုပ်နှင့် အသင်းသားအပေါင်းတို့ကို ဧည့်ခံသော အိမ်ရှင်ဂါယုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ကျွန်ုပ်တို့၏ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ဉာဏ်ပညာတော်နှင့် ပြည်စုံတော်မူသည့် တစ်ဆူတည်းသောဘုရားသခင်သည် ယေရှုခရစ်တော်အားဖြင့် ထာဝရဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရောမဩဝါဒစာ ပြီးပါပြီ။
ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။
သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ ဝိညာဉ်တော်ကို မရသောသူသည် ခရစ်တော်နှင့် မသက်ဆိုင်။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။
အဘယ်ကြောင့်ဆိုသော် သင်သည် စိတ်ဝိညာဉ်နှင့် ဘုရားသခင်ကို ချီးမွမ်းလျှင် အကျွမ်းတဝင်မရှိသေးသောလူတစ်ယောက်သည် သင်ပြောနေသောစကားကို နားမလည်သောကြောင့် ဘုရားသခင်အား သင်ကျေးဇူးတင်သည်ကို အာမင်ဟု မည်သို့ ဝန်ခံပြောဆိုနိုင်မည်နည်း။
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
သင်တို့၏ ကိုယ်ခန္ဓာသည် ဘုရားသခင်ထံတော်မှ သင်တို့လက်ခံရရှိထားသည့် ဝိညာဉ်တော်ဟူသော သင်တို့အထဲ၌ ကိန်းဝပ်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် မိမိကိုယ်ကိုယ် မပိုင်ကြ။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
ထိုသို့ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံးသည် ခရစ်တော် ပြုခဲ့သော အမှုအားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်မှတစ်ဆင့် ခမည်းတော်ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။
အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။
ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့သည် ညီအစ်ကိုမောင်နှမတို့အပေါ် သက်ရောက်ပါစေသော။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် စိတ်ခွန်အားရရှိကြ၏။ ချစ်ခြင်းမေတ္တာတော်ဖြင့် နှစ်သိမ့်ခံရကြ၏။ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခွင့်ရကြ၏။ ခရစ်တော်၏ အကြင်နာနှင့် ကရုဏာတို့ကို ခံစားကြရ၏။ သို့ဖြစ်၍
ကျွန်ုပ်တို့မြင်ရ၊ ကြားရသော အရာများကို သင်တို့အား ပြောပြရခြင်းမှာ သင်တို့သည် ကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့စေရန် ဖြစ်၏။ ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းမှာ ခမည်းတော်နှင့်လည်းကောင်း၊ သားတော် ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကို စွန့်တော်မူသည့်အမှုကို ထောက်၍ မေတ္တာအကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်တို့သည်လည်း မိမိညီအစ်ကိုမောင်နှမချင်းအတွက် အသက်ကို စွန့်သင့်၏။
ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆက်လက်ခံစား၍ ထာဝရအသက်ကို ရရှိစေမည့် ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်ကြလော့။