၁ ကော 12:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 အ သို့ ဆို သော် ယု ဒ လူ မျိုး ဖြစ် စေ၊ လူ မျိုး ခြား ဖြစ် စေ၊ ကျွန် ဖြစ် စေ၊ လူ လွတ် ဖြစ် စေ၊ ငါ တို့ ရှိ သ မျှ သည် ဝိ ညာဉ် တော် တစ် ဆူ တည်း အား ဖြင့် တစ် ကိုယ် တည်း ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ လျက် တစ် ဆူ တည်း သော ဝိ ညာဉ် တော် အ မြိုက် ကို သောက် ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible13 အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်း ထဲသို့လည်း သောက်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။ အခန်းကိုကြည့်ပါ။ |
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။