၁ ယော 1:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ကျွန်ုပ်တို့မြင်ရ၊ ကြားရသော အရာများကို သင်တို့အား ပြောပြရခြင်းမှာ သင်တို့သည် ကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့စေရန် ဖြစ်၏။ ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းမှာ ခမည်းတော်နှင့်လည်းကောင်း၊ သားတော် ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ငါတို့သည်ခမည်းတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှုခရစ်နှင့်လည်း ကောင်း၊ မိတ်သဟာယဖွဲ့ရကြသည်ဖြစ်ရာ သင်တို့သည်လည်း ငါတို့နှင့်အတူထိုမိတ် သဟာယတွင်ပါဝင်ခွင့်ကိုရရှိကြစေရန် ငါတို့တွေ့မြင်ကြားသိခဲ့ရသည့်အမှု အရာကိုသင်တို့အားဖော်ပြ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ငါ တို့ နှင့် အ တူ သင် တို့ လည်း ဆက် ဆံ ခွင့် ရ ကြ အံ့ သော ငှာ ထို သို့ သိ မြင် ကြား နာ ခဲ့ ရာ အ ရေး ကို ပင် သင် တို့ အား ကြား ပြော ကြ သ တည်း။ ငါ တို့ သည် ခ မည်း တော် နှင့် လည်း ကောင်း၊ သား တော် ယေ ရှု ခ ရစ် နှင့် လည်း ကောင်း၊ ဆက် ဆံ ခွင့် ရ ကြ ပြီ ဖြစ်၍ အခန်းကိုကြည့်ပါ။Judson Bible3 ငါတို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ငါတို့မြင်ရကြားရသောအရာကို သင်တို့အားပြောကြားရခြင်းမှာ သင်တို့သည်လည်း ငါတို့နှင့်မိတ်သဟာယဖွဲ့ခြင်းရှိစေရန်ဖြစ်၏။ ငါတို့၏မိတ်သဟာယဖွဲ့ခြင်းသည် ခမည်းတော်နှင့်လည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
ထိုသူတို့သည် စေတနာစိတ်နှင့် လှူဒါန်းသကဲ့သို့ သူတို့၌ ကျေးဇူးတုံ့ပြန်ရန် တာဝန်ရှိသည်ဟုလည်း ခံယူကြ၏။ အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့သည် ဂျေရုဆလင်မြို့ရှိ ယုံကြည်သောသူများထံမှ ဝိညာဉ်ရေးရာ ကောင်းချီးများကို ဝေမျှခံစားရလျှင် သူတို့ဘက်မှလည်း ငွေကြေးအားဖြင့် ကူညီသင့်သည်ဟု ခံစားရသောကြောင့် ဖြစ်၏။
ယခု အကျွန်ုပ်သည် ဤလောကမှ ထွက်ခွာ၍ ကိုယ်တော်ထံသို့ လာပါတော့မည်။ ထိုသူတို့သည် ဤလောက၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသောအဖ… ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်သားတည်းဖြစ်သကဲ့သို့ ထိုသူတို့သည် တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်ထံ ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။