Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 16:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ကျွန်ုပ်​နှင့် အသင်းသား​အပေါင်းတို့​ကို ဧည့်ခံသော အိမ်ရှင်​ဂါယု​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ကျွန်ုပ်တို့​၏​ညီ ကွာတု​တို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ငါ့​အား​ဧည့်​ဝတ်​ပြု​သူ၊ အ​သင်း​တော်​ဝင်​အ​ပေါင်း တို့​ဝတ်​ပြု​ရာ​အိမ်​ရှင်​ဂါ​ယု​က​လည်း​သင်​တို့​အား နှုတ်​ဆက်​လိုက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧရတ္တု​က လည်း​ကောင်း၊ ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​က လည်း​ကောင်း​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ငါ မှ စ၍ အ သင်း တော် လုံး ကို ဧည့် ခံ သူ ဂါ ယု က လည်း နှုတ် ဆက် လိုက်၏။ မြို့ ဘ ဏ္ဍာ ဝန် ဧ ရ တ္တု နှင့် ညီ အစ် ကို ကွာ တု တို့ က လည်း နှုတ် ဆက် လိုက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ငါ့​ကို​လည်း​ကောင်း၊ သင်း​ဝင်​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း လက်​ခံ၍ ဧည့်​သည်​ဝတ်​ပြု​တတ်​သော ဂါ​ယု၊ မြို့​စာ​ရေး ဧ​ရ​တ္တု၊ သင်​တို့​ညီ ကွာ​တု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ငါ​မှစ၍ အသင်းတော်​တစ်ခုလုံး​ကို​လက်ခံ​သော​အိမ်ရှင်​ဂါယု​သည် သင်​တို့​ကို​နှုတ်ဆက်​၏။ မြို့​တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ငါ​တို့​၏​ညီအစ်ကို​ကွာတု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 16:23
7 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မိမိ​အား ကူညီဆောင်ရွက်ပေးသူ တိမောသေ​နှင့် ဧရတ္တု​ကို မာကေဒေါနိပြည်​သို့ စေလွှတ်​၍ အာရှပြည်​၌ ကာလ​အနည်းငယ်​ဆက်နေလေ၏။


တစ်မြို့လုံး​ဝရုန်းသုန်းကား​ဖြစ်​လျက် လူတို့​သည် ပေါလု​၏​ခရီးသွားဖော်များ​ဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယု​နှင့် အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး​လျှင် ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်သွားကြ၏။


ဗေရိမြို့သား​ဖြစ်သော ပုရု​၏​သား သောပတရု၊ သက်သာလောနိတ်မြို့သားများ​ဖြစ်ကြသော အာရိတ္တာခု​နှင့် သေကုန္ဒု၊ ဒေရဗေမြို့သား​ဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်​သားများ​ဖြစ်ကြသော တုခိတ်​နှင့် တရောဖိမ်​တို့​သည် ပေါလု​နှင့်အတူ လိုက်ပါသွားကြ၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ အာမင်။


ကျွန်ုပ်​သည် ကရိပ္ပု​နှင့် ဂါယု​မှလွဲ၍ သင်တို့​ထဲက မည်သူ့​ကိုမျှ နှစ်ခြင်းမင်္ဂလာ​မပေးခဲ့​သောကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်၏။


ဧရတ္တု​သည် ကောရိန္သုမြို့​တွင် နေရစ်ခဲ့၏။ တရောဖိမ်​မှာမူ နာမကျန်း​ဖြစ်​သောကြောင့် မိလက်မြို့​တွင် ကျွန်ုပ်​ချန်ထားခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ