၁ ယော 3:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 ပ ညတ် တော် များ ကို စောင့် ရှောက် သူ သည် ကိုယ် တော်၌ တည်၍ ထို သူ၌ ကိုယ် တော် တည် တော် မူ၏။ ငါ တို့၌ တည် တော် မူ ကြောင်း သ နား တော် မူ သော ဝိ ညာဉ် တော် အား ဖြင့် ငါ တို့ သိ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible24 ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင် တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါတို့၌ တည်တော်မူသည်ကို သိရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်းသောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်၏။ ဘုရားသခင်သည် ငါတို့၌တည်တော်မူကြောင်းကို ငါတို့အား ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။ |
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။